Tuesday 15 October 2013

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး တစ်နေ့တည်းတွေ့ရှိ

Photo: ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး တစ်နေ့တည်းတွေ့ရှိ
Tuesday, October 15, 2013 

ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဧည့်ရိပ်သာ တစ်ခုတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်နှင့် သာကေတ မြို့နယ်တို့တွင်လည်း ၁၈ နာရီအတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်များအပြီး ရန်ကုန်နှင့် မန္တလေးမြို့များ၌ တစ်နေ့တည်း မပေါက်ကွဲသေးသော ဗုံးနှစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ WESTERN PARK RUBY စားသောက်ဆိုင် အတွင်းရှိ စားပွဲခုံနံပါတ် (၁၉) အောက်တွင် စားပွဲထိုး တာဝန်ကျ သန့်ရှင်းရေး လုပ်နေသော ကျော်ဇေယျာမင်း (၁၈) နှစ်မှ ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့ပြီး ဆိုင်တာဝန် ရှိသူများအား ပြောပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိုင်တာဝန် ရှိသူများက အဆိုပါ အမည်းရောင် ကြွပ်ကြွပ်အိတ်ထုပ်အား ဆိုင်၏ အနောက်ဘက်သို့ ယူဆောင်ပြီး ဖွင့်ကြည့်စဉ် ၀ိုင်ယာကြိုးနှစ်ကြိုး၊ ခလုတ်နှစ်ခုနှင့် ဒိုင်ခွက်ပါ အရာတစ်ခုအား တွေ့ရှိရာ ဓာတ်ပုံရိုက်၍ အလုံမြို့မ ရဲစခန်းသို့ သွားရောက်ပြသ တိုင်ကြားခဲ့ကြောင်း သိရသည်။

အလုံမြို့မ ရဲစခန်းမှ စခန်းမှူး အပါအ၀င် တာဝန်ရှိသူများ အဆိုပါ စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ယင်းအထုပ်အား စစ်ဆေးကြည့်ရာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အလျားလေးလက်မ၊ အနံနှစ်လက်မ၊ အ၀ါရောင်နှင့် အဖြူရောင် ၀ိုင်ယာကြိုး ဆက်သွယ်ထားသော ဒိုင်ခွက်ပါ အရာတစ်ခုကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

''အဲဒီဆိုင်မှာ CCTV တပ်ဆင်ထားတာ မရှိပါဘူး။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ စစ်ဆေးကြည့်လိုက်တော့ အဲဒီအရာက ချိန်ကိုက်ဗုံးလို့ ယူဆရတယ်။ အဲဒီနောက်မှာ ဘေးပတ်ဝန်းကျင်တွေကို အန္တရာယ် မဖြစ်အောင် အဲဒီအရာကို ကားတာယာ သုံးကွင်းနဲ့ ထပ်စွပ်လိုက်တယ်။ ပြီးတော့ လူတွေကို အဲဒီနေရာနဲ့ အဝေးကို ရွှေ့တယ်။ ပြီးတော့ အဲဒီခြံဝင်းထဲမှာရှိတဲ့ ကားအစီး ၂၀ လောက်ကို ရွှေ့တယ်။ အဲဒီနောက်မှာ တိုင်းခရိုင် တာဝန်ရှိသူတွေ၊ ပြီးတော့ စစ်မြေပြင် အင်ဂျင်နီယာ အဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ တိုင်းရဲတပ်ဖွဲ့ကပဲ တာဝန်ယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်'' ဟု အလုံမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူးဝင်းနိုင်က အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

ထို့နောက် တာဝန်ရှိသူများ ရောက်ရှိလာပြီး မွန်းတည့် ၁၂ နာရီခန့်တွင် အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ ထပ်မံရောက်ရှိလာကာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အရာများကို ထပ်မံ စစ်ဆေးခဲ့ပြီး ''မိုင်း'' ဟု အတည်ပြုခဲ့ကာ ထပ်မံစစ်ဆေးရန်အတွက် ယူဆောင် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းစားသောက်ဆိုင်မှ လက်ထောက် အထွေထွေ မန်နေဂျာ ကိုဝင်းဗိုလ်က ''မနေ့က ညပိုင်းမှာ အဲဒီစားပွဲဝိုင်းမှာ မိသားစု သုံးယောက်တစ်ဖွဲ့ အရင်ထိုင်တယ်။ အဲဒီမိသားစုက တစ်နာရီခွဲ ၀န်းကျင်လောက်ကြာအောင် စားသောက်ပြီး ပြန်သွားကြတယ်။ ပြီးတော့ အဲဒီစားပွဲဝိုင်းကို သန့်ရှင်းရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ လာစားတဲ့ လူသုံးယောက်က အကုန်လုံး အသက် ၃၀ ၀န်းကျင်ပဲ ရှိတယ်။ ဘာစားသောက် ဖွယ်ရာမှ မမှာဘဲ ဘီယာနှစ်လုံး မှာပြီးတော့ မိနစ် ၂၀ လောက်ပဲ စားသောက်ပြီး ပြန်သွားကြတယ်။ ဘာမှ မှာမစားတဲ့အတွက် အဲဒီစားပွဲဝိုင်းကိုထပ်ပြီး သန့်ရှင်းရေး မလုပ်လိုက်မိပါဘူး။ မနက် ခုံအောက်ပိုင်းတွေ ကြမ်းပြင်တွေကို သန့်ရှင်းတွေလုပ်တဲ့ စားပွဲထိုး ကောင်လေးက တွေ့တာပါ'' ဟု ပြောကြားသည်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာ စံမြို့နယ်၊ ကျုံးအနောက်ဘက် လမ်း ၈၀၊ ၁၆ လမ်းထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အမေရိကန်နိုင်ငံလုပ် M 67 အမျိုးအစား ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ပစ်ဗုံးအား အေအေဓာတ်ခဲ ခြောက်လုံးနှင့် စားပွဲတင်နာရီတွဲကာ ချိန်ကိုက်ဗုံးအဖြစ် ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းဆိုင်ဝန်ထမ်းမှ တွေ့ရှိရာ ၁၆ လမ်း ၊ ၈၀ နှင့် ၈၁ လမ်းကြားတွင် ပြောင်းရွှေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။

ထို့နောက် တပ်မတော် ဖောက်ခွဲရေးတပ်၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၊ စည်ပင်ဝန်ထမ်းများမှ မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါဗုံးမှာ ပေါက်ကွဲမှုဖြစ်ပါက အန္တရာယ် များသောကြောင့် ကားတာယာနှင့် သဲအိတ်များ ကာရံ၍ ညနေ ၃ နာရီတွင် ဖောက်ခွဲပစ်ခဲ့ရသည်။

ယင်းနောက် ရွှေဘဲစားသောက်ဆိုင် အတွင်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ဗုံးရှင်းလင်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ရွှေဘဲစားသောက်ဆိုင် ခုံနံပါတ် ၁၄ မှာ ထိုင်စားသွားတဲ့ ဧည့်သည်နှစ်ဦးက ခုံအောက်မှာ ထားသွားတာကို ၀ိတ်တာက တွေ့တာ။ စီစီတီဗွီမှာလည်း တွေ့ရပါတယ်။ အမေရိကန် နိုင်ငံလုပ် လက်ပစ်ဗုံးပါ'' ဟု ဆိုသည်။

ထိုသို့ ဗုံးတွေ့ရှိမှုကြောင့် ရွှေဘဲစားသောက်ဆိုင်အတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၉-၃၀ လမ်းကြားရှိ ဝေပုလ္လာရာမ ကျောင်းတိုက်ရှေ့တွင်လည်း ဗုံးဟုယူဆရသော မသင်္ကာဖွယ် ကျောပိုးအိတ်ကို လာရောက် ပစ်သွားကြောင်း စည်ပင်ဝန်ထမ်းတစ်ဦးမှ သတင်းပေးရာ အဆိုပါ နေရာ၌လည်း စစ်ဆေး ဆောင်ရွက်မှုများ နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သော်လည်း ယင်းအထုပ်တွင်း၌ အ၀တ်စများနှင့် ဂျာနယ် စက္ကူများသာ ပါရှိကြောင်း သိရသည်။

Eleven Media Group

WESTERN PARK RUBY စားသောက်ဆိုင်အတွင်း ချိန်ကိုက်ဗုံး တွေ့ရှိခဲ့ရသည့် စားပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)

ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဧည့်ရိပ်သာ တစ်ခုတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်နှင့် သာကေတ မြို့နယ်တို့တွင်လည်း ၁၈ နာရီအတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပေါက် ကွဲမှု ဖြစ်စဉ်များအပြီး ရန်ကုန်နှင့် မန္တလေးမြို့များ၌ တစ်နေ့တည်း မပေါက်ကွဲသေးသော ဗုံးနှစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ WESTERN PARK RUBY စားသောက်ဆိုင် အတွင်းရှိ စားပွဲခုံနံပါတ် (၁၉) အောက် တွင် စားပွဲထိုး တာဝန်ကျ သန့်ရှင်းရေး လုပ်နေသော ကျော်ဇေယျာမင်း (၁၈) နှစ်မှ ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့ပြီး ဆိုင်တာဝန် ရှိသူများအား ပြောပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိုင်တာဝန် ရှိသူများက အဆိုပါ အမည်းရောင် ကြွပ်ကြွပ်အိတ်ထုပ်အား ဆိုင်၏ အနောက် ဘက်သို့ ယူဆောင်ပြီး ဖွင့်ကြည့်စဉ် ၀ိုင်ယာကြိုးနှစ်ကြိုး၊ ခလုတ်နှစ်ခုနှင့် ဒိုင်ခွက်ပါ အရာ တစ်ခုအား တွေ့ရှိရာ ဓာတ်ပုံရိုက်၍ အလုံမြို့မ ရဲစခန်းသို့ သွားရောက်ပြသ တိုင်ကြားခဲ့ကြောင်း သိရ သည်။

အလုံမြို့မ ရဲစခန်းမှ စခန်းမှူး အပါအ၀င် တာဝန်ရှိသူများ အဆိုပါ စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ယင်းအထုပ်အား စစ်ဆေးကြည့်ရာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အလျားလေးလက်မ၊ အနံနှစ်လက်မ၊ အ၀ါရောင်နှင့် အဖြူရောင် ၀ိုင်ယာကြိုး ဆက်သွယ်ထားသော ဒိုင်ခွက်ပါ အရာ တစ်ခုကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

''အဲဒီဆိုင်မှာ CCTV တပ်ဆင်ထားတာ မရှိပါဘူး။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ စစ်ဆေးကြည့်လိုက်တော့ အဲဒီအရာက ချိန်ကိုက်ဗုံးလို့ ယူဆရတယ်။ အဲဒီနောက်မှာ ဘေး ပတ်ဝန်းကျင်တွေကို အန္တရာယ် မဖြစ်အောင် အဲဒီအရာကို ကားတာယာ သုံးကွင်းနဲ့ ထပ်စွပ်လိုက်တယ်။ ပြီးတော့ လူတွေကို အဲဒီနေရာနဲ့ အဝေးကို ရွှေ့တယ်။ ပြီးတော့ အဲဒီခြံဝင်းထဲမှာရှိတဲ့ ကားအစီး ၂၀ လောက်ကို ရွှေ့တယ်။ အဲဒီနောက်မှာ တိုင်းခရိုင် တာဝန်ရှိသူတွေ၊ ပြီးတော့ စစ်မြေပြင် အင်ဂျင်နီယာ အဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ တိုင်းရဲတပ်ဖွဲ့ကပဲ တာဝန်ယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်'' ဟု အလုံမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူးဝင်းနိုင်က အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

ထို့နောက် တာဝန်ရှိသူများ ရောက်ရှိလာပြီး မွန်းတည့် ၁၂ နာရီခန့်တွင် အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ ထပ်မံရောက်ရှိလာကာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အရာများကို ထပ်မံ စစ်ဆေးခဲ့ပြီး ''မိုင်း'' ဟု အတည်ပြုခဲ့ကာ ထပ်မံစစ်ဆေးရန်အတွက် ယူဆောင် သွား ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းစားသောက်ဆိုင်မှ လက်ထောက် အထွေထွေ မန်နေဂျာ ကိုဝင်းဗိုလ်က ''မနေ့က ညပိုင်းမှာ အဲဒီစားပွဲဝိုင်းမှာ မိသားစု သုံးယောက်တစ်ဖွဲ့ အရင်ထိုင် တယ်။ အဲဒီ မိသားစုက တစ်နာရီခွဲ ၀န်းကျင်လောက်ကြာအောင် စားသောက်ပြီး ပြန်သွားကြတယ်။ ပြီးတော့ အဲဒီစားပွဲဝိုင်းကို သန့်ရှင်းရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ လာစားတဲ့ လူသုံးယောက်က အကုန်လုံး အသက် ၃၀ ၀န်းကျင်ပဲ ရှိတယ်။ ဘာစားသောက် ဖွယ်ရာမှ မမှာဘဲ ဘီယာနှစ်လုံး မှာပြီးတော့ မိနစ် ၂၀ လောက်ပဲ စားသောက်ပြီး ပြန်သွားကြတယ်။ ဘာမှ မှာမစားတဲ့အတွက် အဲဒီစားပွဲဝိုင်းကိုထပ်ပြီး သန့်ရှင်းရေး မလုပ်လိုက်မိပါဘူး။ မနက် ခုံအောက်ပိုင်းတွေ ကြမ်းပြင်တွေကို သန့်ရှင်းတွေလုပ်တဲ့ စားပွဲထိုး ကောင်လေးက တွေ့တာပါ'' ဟု ပြောကြားသည်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာ စံမြို့နယ်၊ ကျုံးအနောက်ဘက် လမ်း ၈၀၊ ၁၆ လမ်းထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အမေရိကန်နိုင်ငံလုပ် M 67 အမျိုးအစား ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ပစ်ဗုံးအား အေအေဓာတ်ခဲ ခြောက်လုံးနှင့် စားပွဲတင်နာရီတွဲကာ ချိန်ကိုက်ဗုံးအဖြစ် ပြုလုပ် ထားခြင်းဖြစ်ပြီး ယင်းဆိုင်ဝန်ထမ်းမှ တွေ့ရှိရာ ၁၆ လမ်း ၊ ၈၀ နှင့် ၈၁ လမ်းကြားတွင် ပြောင်းရွှေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။

ထို့နောက် တပ်မတော် ဖောက်ခွဲရေးတပ်၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၊ စည်ပင်ဝန်ထမ်းများမှ မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါဗုံးမှာ ပေါက်ကွဲမှုဖြစ်ပါက အန္တရာယ် များသောကြောင့် ကားတာယာနှင့် သဲအိတ်များ ကာရံ၍ ညနေ ၃ နာရီတွင် ဖောက်ခွဲပစ်ခဲ့ရသည်။

ယင်းနောက် ရွှေဘဲစားသောက်ဆိုင် အတွင်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ဗုံးရှင်းလင်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ရွှေဘဲစားသောက်ဆိုင် ခုံနံပါတ် ၁၄ မှာ ထိုင်စားသွားတဲ့ ဧည့်သည်နှစ်ဦးက ခုံအောက်မှာ ထားသွားတာကို ၀ိတ်တာက တွေ့တာ။ စီစီတီဗွီမှာလည်း တွေ့ရပါတယ်။ အမေရိကန် နိုင်ငံ လုပ် လက်ပစ်ဗုံးပါ'' ဟု ဆိုသည်။

ထိုသို့ ဗုံးတွေ့ရှိမှုကြောင့် ရွှေဘဲစားသောက်ဆိုင်အတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၉-၃၀ လမ်းကြားရှိ ဝေပုလ္လာရာမ ကျောင်းတိုက်ရှေ့တွင်လည်း ဗုံးဟုယူဆရသော မသင်္ကာဖွယ် ကျောပိုးအိတ်ကို လာရောက် ပစ်သွားကြောင်း စည်ပင်ဝန်ထမ်းတစ်ဦးမှ သတင်းပေးရာ အဆိုပါ နေရာ၌လည်း စစ်ဆေး ဆောင်ရွက်မှုများ နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သော်လည်း ယင်းအထုပ် တွင်း၌ အ၀တ်စများနှင့် ဂျာနယ် စက္ကူများသာ ပါရှိကြောင်း သိရသည်။

Eleven Media Group

WESTERN PARK RUBY စားသောက်ဆိုင်အတွင်း ချိန်ကိုက်ဗုံး တွေ့ရှိခဲ့ရသည့် စားပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)

No comments:

Post a Comment