Friday 31 May 2013

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ ပစိဖိတ် ကမ်းရိုးတန်းသို့ မေ ၂၉ ရက်က ဟာရီကိန်း မုန်တိုင်း ဘာဘရာ ဝင်ရောက် တိုက်ခတ်

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ ပစိဖိတ် ကမ်းရိုးတန်းသို့ မေ ၂၉ ရက်က ဟာရီကိန်း မုန်တိုင်း ဘာဘရာ ဝင်ရောက် တိုက်ခတ်ခဲ့ရာ အသက် ၆၁ နှစ်အရွယ်ရှိ အမေရိကန် နိုင်ငံသား ရေလွှာ လျှောစီးသူတစ်ဦး အပါအဝင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ဘာဘရာ မုန်တိုင်းသည် တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် ဝါဟာကာ ပြည်နယ်အနီး ရှေးဟောင်း သုတေသန လုပ်ငန်းများ ပြုလုပ်ရာ ဒေသတစ်ခုဖြစ်သည့် ချီအာပတ်စ် ပြည်နယ်ရှိ ကုန်းတွင်းပိုင်းသို့ တိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဟာရီကိန်း မုန်တိုင်း စောင့်ကြည့်ရေး ဌာနက ပြောကြားခဲ့သည်။

အဆိုပါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပီနိုတီပါမြို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားပြီးနောက် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့သည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အက်ကာပူကို ဆိပ်ကမ်းမြို့ရှိ အချို့လမ်းများတွင် မြစ်ရေများ ပေ ၂ဝ အထိ မြင့်တက်ခဲ့သောကြောင့် အနည်းဆုံး ကားသုံးစီး ရေစီးနှင့် အတူမျောပါခဲ့ကြောင်း AFP သတင်းဌာနမှ သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။

Ref:မြ၀တီ
မက္ကဆီကိုနိုင်ငံ တောင်ပိုင်းရှိ ပစိဖိတ် ကမ်းရိုးတန်းသို့ မေ ၂၉ ရက်က ဟာရီကိန်း မုန်တိုင်း ဘာဘရာ ဝင်ရောက်တိုက်ခတ်ခဲ့ရာ အသက် ၆၁ နှစ်အရွယ်ရှိ အမေရိကန် နိုင်ငံသား ရေလွှာ လျှောစီးသူတစ်ဦး အပါ အဝင် လူနှစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
ဘာဘရာ မုန်တိုင်းသည် တစ်နာရီလျှင် ၇၅ မိုင်နှုန်းဖြင့် ဝါဟာကာ ပြည်နယ်အနီး ရှေးဟောင်း သုတေသန လုပ်ငန်းများ ပြုလုပ်ရာ ဒေသတစ်ခုဖြစ်သည့် ချီအာပတ်စ် ပြည်နယ်ရှိ ကုန်းတွင်းပိုင်းသို့ တိုက်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဟာရီကိန်း မုန်တိုင်း စောင့်ကြည့်ရေး ဌာနက ပြောကြားခဲ့သည်။

အဆိုပါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပီနိုတီပါမြို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပွားပြီးနောက် အသက် ၁၇ နှစ် အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့သည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အက်ကာပူကို ဆိပ်ကမ်းမြို့ရှိ အချို့လမ်းများတွင် မြစ်ရေများ ပေ ၂ဝ အထိ မြင့်တက်ခဲ့သောကြောင့် အနည်းဆုံး ကားသုံးစီး ရေစီးနှင့် အတူမျောပါခဲ့ကြောင်း AFP သတင်း ဌာနမှ သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။

Ref:မြ၀တီ

No comments:

Post a Comment