Wednesday 3 April 2013

ထပ်မံပြုလုပ်မည့် ပရဟိတ လုပ်ငန်းတစ်ခုအကြောင်း နန်းခင်ဇေယျာ အသိပေးပြောကြား



ရန်ကုန်။ ဧပြီ ၃

နန်းခင်ဇေယျာ မှ သူ့အနေဖြင့် ထပ်မံပြုလုပ်မည့် ပရဟိတ လုပ်ငန်းတစ်ခုအကြောင်း သူ၏ဖေ့ဘွတ်စာ မျက်နှာ မှ တစ်ဆင့် အသိပေးအကြောင်းကြားလိုက်ကြောင်းသိရသည်။
ယင်းမှာ မြန်မာနှစ်သစ်ကူးသင်္ကြန်အကြိုကောင်းမှုကုသိုလ်ပြုလုပ်မှု အဖြစ် ရန်ကုန်ကလေးဆေးရုံ(Helping လမ်း)တွင် တက်ရောက်လျက်ရှိပြီး ဆေးဝါးကုသမှုခံယူနေရသောကင်ဆာဝေဒနာရှင် ကလေးငယ်များကို ဧပြီလ ၈ ရက်၌ သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဆေးဝါးကုသမှုခံယူရန်အတွက် ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရသည့် ကင်ဆာဝေဒနာရှင် ကလေး ငယ်များအတွက်လည်း တတ်နိုင်သလောက် လှူဒါန်းသွားမည်ဖြစ်ပြီး အမှန်တ ကယ်ငွေကြေး ချို့တဲ့ပြီး ဆေးကုသမှုခံယူရန် အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ကလေးငယ်လေးများအတွက် ၄င်းအတူတတ်နိုင်သလောက် ပါဝင် လှူဒါန်းလိုသူများ၊ ပရိသတ်များနှင့် အလှူရှင်များအနေဖြင့်လည်း ၄င်းနှင့်အတူလိုက်ပါလှူဒါန်းလိုလျင်ဖြစ်စေ၊ တစ်ဆင့်လှူဒါန်းလိုလျင်ဖြစ်စေလှူဒါန်းနိုင်ကြောင်း ။ လှူဒါန်း မည်ဆိုပါက ဧပြီလ ၇ ရက်နောက်ဆုံးထား၍ ဖုန်း ၀၉၅၆၀၁၂၅၈ ၊ email: nangkhinzayyar@gmail.com သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းဖြင့် နန်းခင်ဇေယျာက သူမ၏ဖေ့ဘွတ်တွင် ဖော်ပြထားခဲ့သည်။

ref:popular

No comments:

Post a Comment