Thursday 21 March 2013

မိတ္ထီလာ သတင်းများ

မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်

မိတ္ထီလာမြို့တွင် လူစုလူဝေးနှင့် ဆူပူမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပြီး ယနေ့မွန်းလွဲပိုင်းတွင် ဆူပူသူများက ရန်မျိုးအောင် ရပ်ကွက် တော်ဝင်နန်းအနီရှိနေအိမ်တစ်လုံး အားလည်းကောင်း၊ ကားကြီးကွင်းအနီးမှနေ အိမ်တစ်လုံးကို လည်းကောင်း မီးရှိုဖျက်ဆီးခဲ့ပြီး၊ အောင်ဆန်းမြို့သစ်မှ ကျော် ဓာတ်ဆီဆိုင်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်တွင် နေပြည်တော်လုံခြုံရေးတပ်မှ ရဲတပ်သားအင်အား ၁၅၀ ကျော်၊ ရမည်းသင်းခရိုင်မှ ဒုရဲမှူးသောင်းကြည် ဦးဆောင်သော ရဲတပ်ဖွဲအင်အား ၅၀ ခန့်တို့သည် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး လုံခြုံရေးတာဝန်များဆောင် ရွက်နေကြောင်း သိရသည်။

ယခုဖြစ်ပေါ်ခဲ့သော ဆူပူမှုများကြောင့် ဥူးသောဘိတ(၄၆)နှစ် တုံကုန်းရွာ ၀မ်းတွင်း၊ သန်းနိုင်မြင့်(၂၀) နှစ် သီရိမင်္ဂလာရပ်ကွက်၊ ဦးမောင်အေး(၅၆)နှစ် ပြည်သာယာရပ်ကွက်နှင့် အမည်မသိအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်းက ရန်မျိုးအောင်ရပ်ကွက်နှင့် လုပ်သားရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သော ဆူပူမှုများကြောင့် သေဆုံးမှု ရှိနိုင်ကြောင်း သိရပြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် မိတ္ထီလာစည်ပင်သာယာဈေးကြီး ပိတ်ထားသလို အိမ်ဆိုင်အများစုလည်း ပိတ်ထားကြသည်ဟု သိရသည်။

မြို့ပေါ်တွင် နေထိုင်သူအများစုသည် နီးစပ်ရာသို့ ရွှေ့ပြောင်းနေမှုလည်း ရှိနေကြောင်း သတင်းရရှိပါသည်။
 
ref:EMG

No comments:

Post a Comment