Thursday 21 March 2013

မုံရွာ - ခင်ဦး လူစီးရတား လမ်းချော်၍ တွဲများတိမ်းစောင်း


 
 သတင်း+ ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)

မုံရွာ၊ မတ်လ ၂၁ ရက်

မုံရွာ - ခင်ဦး နေ့စဉ်ပြေးဆွဲလျက်ရှိသော ခရီးသည်တင် လူစီးရထား အမှတ်(၆၀) အစုန်ရထားကြီး သည် ယနေ့ မနက် ၁၀ နာရီအချိန်ခန့်က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပဇ္ဇောတာရုံကျောင်းတိုက်အနီး မိုင်တိုင်အမှတ် ၄၅၈/ ၂၁ - ၂၂ အကြားတွင် လမ်းချော်၍ တွဲများတိမ်းစောင်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရထားသည် စက်ခေါင်းမှုး ဦးမျိုးနိုင်၊ ရထားထိန်း ဦးကျော်ဆန်းဝင်း၊ တို့မှ ယနေ့မနက်တွင် ခင်ဦး မြို့မှ မုံရွာမြို့သို့ စက်ခေါင်းအမှတ် DD -950 ဖြင့် ခုတ်မောင်းလာခဲ့ရာ လမ်းချော်၍ လူစီးတွဲအမှတ်(၁) ၊တွဲ အမျိုးအစား GBDT – 4030 သည် လမ်း၏ အရှေ့ဘက်သို့ ၄၅ဒီဂရီခန့်တိမ်းစောင်းသွားခြင်းဖြစ်သည်။

လမ်းချော်၍ မီးရထားတိမ်းစောင်မှုကြောင့် စီးနင်းလိုက်ပါသော ခရီးသည်များ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမှ မရရှိကြသော်လည်း အကြောက်လွန်၍ အထိတ်တလန့်ဖြစ်ပွားကာ အော်ဟစ်ဆူညံမှုများရှိခဲ့ကြောင်းသိရ သည်။ ၎င်း မီးရထားတိမ်းစောင်းရာ နေရာသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ခရိုင်/မြို့နယ်များမှ သက် ဆိုင်ရာ တာဝန် ရှိသူများ အချိန်မီရောက်ရှိလာပြီး လိုအပ်သောအထောက်အပံ့များ ကူညီပေး ခဲ့ကြောင်း သိရှိရသည်။

ref:the expresstimes

No comments:

Post a Comment