Thursday 21 March 2013

ဘင်္ဂလားဒေ့ရှ် သမ္မတကြီးကွယ်လွန်

ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရ် ရာဟာမန် Zillur Rahman ဟာ မတ်လ ၂၀ ရက်နေ့ ညနေ  ဒေသ စံတော် ချိန် ၆ နာရီ ၄၇  မိနစ်မှာ စင်္ကာပူနိုင်ငံ က မောင့် အဲလီဇဘက် ဆေးရုံကြီမှာ ကွယ်လွန်သွားခဲ့ပါတယ်။

President zillur rahman 

ကျန်းမာရေး မကောင်းတဲ့ အတွက် စင်္ကာပူမှာ သွားရောက် ဆေးကုနေစဉ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီ ဖြစ်ပါတယ်။


ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရာဟမန်ကို ၁၉၂၉ ခုနှစ်လ မတ်လ ၂၉ ရက်နေ့မှာ ဘင်္ဂလာဒေခ်ျနိုင်ငံ ဘြမ်မာ ဘာရီယာ အရပ်ဒေသမှာ မွေးဖွားခဲ့ပြီး သူဟာ ၁၉၅၄ ခုနှစ်မှာ ဒက္ကား တက္ကသိုလ်ကနေ သမိုင်းဘာသာ  အဓိက နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။
သူဟာ ကျောင်းသားဘ၀ တကည်းက ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး လူပ်ရှားမူ တိုက်ပွဲ အတွင်းမှာ ပါဝင်ခဲ့ သူ တစ်ဦး ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး ဖခင် ရှိတ်မူဂျီရဟမန်နဲ့ အတူ လက်တွဲပါဝင်ခဲ့သူ တစ်ဦး လည်း ဖြစ်ပါတယ်။

၁၉၅၂ နှစ်မှာ ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ အရှေ့ပါကိစ္စတန် အမည်နဲ့ ပါကိစ္စတန် လက်အောက်မှာ ရှိနေခဲ့စဉ် လူများစု ဘင်္ဂလီ ဘာသာ စကားကို ရုံးသုံးစကား အဖြစ် အသုံးပြုခွင့် ရရှိရေး အတွက် တိုက်ပွဲဝင်ခဲ့ တဲ့ နေရာမှာ  အထင်ကရ ခေါင်းဆောင် (၁၁) ဦးထဲမှာ ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရ် ရာဟာမန်လည်း ပါဝင်ခဲ့ ပါတယ်။
သူ့ကို နိုင်ငံရေး လူပ်ရှားမူတွေကြောင့် ပါကိစ္စတန် အစိုးရက ၁၉၇၁ ခုနှစ်မှာ ထောင် အနှစ် ၂၀ ထိချမှတ် ခဲ့ပါတယ်။

သူဟာ လွှတ်လပ်ရေး မရမှီ ၁၉၇၀ ခုနှစ် ရွှေးကောက်ပွဲမှာရော၊ လွှတ်လပ်ရေး ရပြီး (၂) နှစ်အကြာ ၁၉၇၃ ခုနှစ် ပြုလုပ်ခဲ့တဲ့ ရွှေးးကောက်ပွဲမှာရော လွှတ်တော် အမတ် အဖြစ် ရွှေးကောက်တင်မြောက်ခံခဲ့ရပါတယ်။
၁၉၇၅ ခုနှစ် ဘင်္ဂလာဒေခ်ျ် လွတ်လပ်ရေး ဖခင် ရှိတ်မူဂျ ရဟမန် လုပ်ကြံ သတ်ဖြတ် ခံရပြီး တဲ့ နောက်မှာ လည်း ထောင်လေးနှစ် ချမှတ်ခံခဲ့ရပါတယ်။  ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေးကို ရယူခဲ့တဲ့   အ၀ါမီလီဂ် ပါတီမှာ လည်း အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် သြဂတ်စ်လ ၂၁ ရက်နေ့မှာ တော့ အ၀ါမီလိဂ်ပါတီ အတိုက်အခိုက် အဖြစ်နဲ့ ရှိနေစဉ် လူ ထု ဟောပြောပွဲ တစ်ခုမှာ ပါတီ ဥက္ကဌ လက်ရှိ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာကို ဗုံးခွဲ တိုက်ခိုက်စဉ် သူရဲ့အ ချစ် ဆုံး ဇနီး အိုင်ဗွီ ရဟာမန် သေဆုံးခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဘင်္ဂလာဒေချေ့် ရွှေးကောက်ပွဲမှာတော့ အ၀ါမီလိဂ် ပါတီ အနိုင်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ သူ ဟာ သမ္မတ အဖြစ် တင်မြှောက်ခံခဲ့ရပါတယ်။
သူဟာ ဘ၀ တလျှောက်လုံးကို သူတိုင်းပြည်နဲ့ သူ လူမျိုး အတွက် ပေးဆပ်ခဲ့ပြီး အထူးရိုးသားပြီး ဂုဏ်မာန မရှိတဲ့ ပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်တဲ့ အတွက် သူ့တိုင်းပြည်သားတွေက သူကို အထူး ချစ်ခင် လေးစားကြည် ညိုကြပါတယ်။

သမ္မတ ဖြစ်လာတဲ့ အချိန်မှာလည်း တိုင်းပြည်  ငြိမ်းချမ်းရေးနဲ့  တိုးတက် သာယာ ၀ပြိုးရေး အတွက် တည် တည်ငြိမ်ငြိမ်နဲ့ ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူကွယ်လွန်သွားတဲ့ အပေါ်မှာ ဆုံးရှုံးမူကြီး တစ်ရပ်လို့ နိုင်ငံလူထုက ခံစားနေကြပြီး အစိုးရက သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့  နိုင်ငံတော် ၀မ်းနည်း ပူဆွေးမူနေ့ (၃) ရက် သတ်မှတ်ထားပြီး အခုအခါမှာတော့ ဘင်္ဂ လာဒေခ်ျ့ ပြည်သူတွေ အနေနဲ့ သူကွယ်လွန်သွားတဲ့ အပေါ် အထူး  ၀မ်းနည်းနေကြပါတယ်။

ref:narinjara

No comments:

Post a Comment