Sunday 3 March 2013

မအူပင် ပလောင်ရွာ တွင် ၁၄၄ ပြန်လည် ရုပ်သိမ်း



ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စု၊ ပလောင်ကျေးရွာ ရှိ ဒေသခံလယ်သမားများ နှင့် ရဲတပ်ဖွဲ့ဝင်တို့ပဋိပက္ခ ဖြစ်ပွားခဲ့သည့် အော့ချက်စ် ငါးမွေးကန် တွင် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပုဒ်မ- ၁၄၄ ထုတ်ပြန်ထားခြင်းကို မတ်လ ၂ ရက်နေ့ ည ၇ နာရီ တွင် ပြန်လည် ရုပ်သိမ်း ခဲ့ကြောင်း မအူပင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှုး ဦးအေးသောင်းက ပြောကြားသည်။

ဒေသခံများက ပုဒ်မ-၁၄၄ရုပ်သိမ်းပေးရန်၊ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ရုပ် သိမ်းပေးရန်၊ ဒေသခံများကို အရေးယူခြင်း မပြုရန် တောင်းဆိုခဲ့သည် အချက်သုံးချက်မှ နှစ်ချက်ကို လိုက်လျောခဲ့ပြီး အရေးယူခြင်း မယူခြင်းမှာ စုံးစမ်း စစ်ဆေးရေး ကော်မရှင်က ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း
၎င်းက ထပ်မံ ပြောကြားသည်။

အဆိုပါ ပုဒ်မ ထုတ်ပြန်ခဲ့စဉ်က ၁ လ သက်တမ်းအထိ ထုတ်ပြန်ထား သောလည်း ၎င်းရိယာအနီးရှိ လယ်ယာများကို ရေသွင်းရန် ခက်ခဲ ခြင်းကြောင့် ဒေသခံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လွတ်တော် ကိုယ်စားလှယ်မျာ နှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ညှိနှုင်းကာ
ပုဒ်မ ၁၄၄ကို ပြန်လည် ရုတ်သိမ်းပေးခဲ့ကြောင်း ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ၏ ပြန်ကြားရေးတာဝန်ခံ ဦးမျိုးထွေးက ပြောသည်။

အော့ချတ်စ်ကုပ္မဏီက ငါးမွေးမြူထားသည့်ကန်ကို မတရားသိမ်းယူခဲ့သည်ဟုဆိုကာ အဆိုပါ မြေများ ကို ပြန်လည်လုပ်ကိုင်ရန် ဒေသခံများက တောင်းဆို ခဲ့သည်ကို ဥပဒေဘောင် အတွင်းမှ တောင်း ဆိုရန် ညှိနှိုင်းခဲ့သော်လည်း လက်မခံသဖြင့် ပုဒ်မ ၁၄၄ ကို ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည် ၁ နာရီတွင် အော့ချက်စ် ငါးမွေးကန်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းနေ့ ၃ နာရီ တွင် အပြီးသတ် ဖယ်ရှားပေးရန် ငါးကြိမ်ခန် အသံချဲ့စက်များဖြင့် ကြေငြာခဲ့သော်လည်း ဒေသခံများက မဖယ်ရှားသဖြင့် ရဲတပ်ဖွဲ့ဝင်များ နှင့် ပဋိပက္ခ ဖြစ်ပွားခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ဒေသခံ ၁၉ ဦးနင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထံမှ သိရသည်။
The Voice Weekly
 

No comments:

Post a Comment