Thursday 28 February 2013

မန္တလေး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် နှစ်ကုန်ပိုင်းတွင် ဆောက်မည်

Photo: မန္တလေး သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်
 နှစ်ကုန်ပိုင်းတွင် ဆောက်မည်
Thursday, February 28, 2013

အိန္ဒိယအစိုးရ၏ အကူအညီဖြင့် မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ် တခုကို မန္တလေးမြို့တွင် ယခုနှစ်ကုန်ပိုင်း၌ စတင်ဆောက်လုပ်မည်ဟု ဝန်ကြီးဌာနမှတဆင့် သိရသည်။

“မန္တလေးမြို့မှာ တည်ဆောက်မယ့် မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ် တခုကို အိန္ဒိယအစိုးရအကူအညီနဲ့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် တည်ဆောက်နိုင်ဖို့ စီစဉ်နေပါပြီ” ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ အရာရှိကြီး တဦးက ပြောသည်။

ယင်းတက္ကသိုလ်အတွက် ဆရာများအပြင်၊ သင်ကြားမည့် ဘာသာရပ်များ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် ကျွမ်းကျင်
ပညာရှင်များ၊ အခြား အခြေခံ အဆောက်အအုံများကို အိန္ဒိယအစိုးရက ကူညီမည် ဖြစ်သည်။

“ဘွဲ့ကြိုနဲ့ ဘွဲ့လွန်ဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဖို့ ရှိပါတယ်။ တက္ကသိုလ်ရဲ့ အဓိက လုပ်ငန်းတွေကို အကောင်အထည်ဖေါ်ဖို့ Research Centre for e-commerce and e-Governance ဆက်သွယ်ရေးဌာန၊ Soft Skills Centre for Network Management အပြင် အခြား ဌာနတွေပါ ဖွဲ့စည်းသွားမှာပါ” ဟု ရန်ကုန် နည်းပညာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခ တဦးက ပြောသည်။

အဆိုပါ တက္ကသိုလ်အတွက် လိုအပ်မည့် မြေနေရာနှင့် အဆောက်အဦကိုမူ
မြန်မာအစိုးရက တာဝန်ယူမည် ဖြစ်ကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ
အိန္ဒိယအစိုးရ၏ အကူအညီဖြင့် မြန်မာသတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်တခုကို မန္တလေးမြို့တွင် ယခုနှစ်ကုန်ပိုင်း၌ စတင်ဆောက် လုပ်မည်ဟု ဝန်ကြီးဌာနမှတဆင့် သိရသည်။
“မန္တလေးမြို့မှာ တည်ဆောက်မယ့် မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ် တခုကို အိန္ဒိယအစိုးရအကူအညီနဲ့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် တည်ဆောက်နိုင်ဖို့ စီစဉ်နေပါပြီ” ဟု သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ အရာရှိကြီး တဦးက ပြောသည်။

ယင်းတက္ကသိုလ်အတွက် ဆရာများအပြင်၊ သင်ကြားမည့် ဘာသာရပ်များ၊ ဓါတ်ခွဲခန်းသုံး ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် ကျွမ်းကျင်ပညာရှင်များ၊ အခြားအခြေခံ အဆောက်အအုံများကို အိန္ဒိယ အစိုးရက ကူညီမည် ဖြစ်သည်။

“ဘွဲ့ကြိုနဲ့ ဘွဲ့လွန်ဆိုင်ရာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဖို့ရှိပါတယ်။ တက္ကသိုလ်ရဲ့ အဓိက လုပ်ငန်းတွေကို အကောင်အထည်ဖေါ်ဖို့ Research Centre for e-commerce and e-Governance ဆက်သွယ်ရေးဌာန၊ Soft Skills Centre for Network Management အပြင် အခြား ဌာနတွေပါ ဖွဲ့စည်းသွားမှာပါ” ဟု ရန်ကုန် နည်းပညာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခ တဦးက ပြောသည်။

အဆိုပါ တက္ကသိုလ်အတွက် လိုအပ်မည့် မြေနေရာနှင့် အဆောက်အဦကိုမူမြန်မာအစိုးရက တာဝန်ယူ မည် ဖြစ်ကြောင်း သိရသည်။

မဇ္ဈိမ

No comments:

Post a Comment