Monday 25 February 2013

တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံများ အကြား ချိတ်ဆက် ဖောက်လုပ် ထားသော ရထားလမ်း စတင်ပြေးဆွဲ


တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံများ အကြား ချိတ်ဆက် ဖောက်လုပ် ထားသော ရထားလမ်း စတင်ပြေးဆွဲ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်နှင့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ H (ASEAN) နိုင်ငံများနှင့် ချိတ်ဆက် ဖောက်လုပ်ထားသော ရထားလမ်းကို ခုနစ်နှစ်ကြာ ဖောက်လုပ်ပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင် အသုံးပြု ခဲ့ကြောင်း ဒေသဆိုင်ရာ ရထားလမ်း တာဝန်ရှိသူ များက ပြောကြားသည်။

ယူဇီနှင့် မန်ကျီ အကြားတွင် တည်ဆောက်ထားသော အဆိုပါ ရထား လမ်းသည် Pan-Asia  မီးရထားလမ်း ကွန်ရက် စီမံကိန်း၏ အရှေ့ပိုင်း ရထားလမ်း အစိတ်အပိုင်း ဖြစ်သည်။

၁၄၁ ကီလိုမီတာ ရှိသော ယင်း ရထားလမ်းသည် အမြင့်ဆုံး အမြန်နှုန်းတစ် နာရီလျှင် ၁၂ဝ ကီလိုမီတာ နှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဆောက်လုပ်ထားပြီး ဥမင်လိုဏ်ခေါင်း ၃၅ ခုနှင့် တံတား ၆၁ စင်းတို့ ဖြတ်သန်း ဖောက်လုပ် ထားသည့် အပြင် အရှေ့ပိုင်း ရထားလမ်း အလျား၏ ၅၄ ဒသမ ၅၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အရှေ့ပိုင်း ရထားလမ်းတွင် လက်ရှိပြေးဆွဲ လျက်ရှိသော ကူမင်း- ယူဇီရထား လမ်းလည်း ပါဝင်ပြီး မန်ကျီ- ဟူကောင်း ရထားလမ်းသည် ဖောက်လုပ်လျက် ရှိပြီး လာမည့် နှစ်ကုန်ပိုင်းတွင် ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

အရှေ့ပိုင်း ရထားလမ်း ဖောက်လုပ်ပြီးစီး မှုကြောင့် စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု အရှိန်တက် စေပြီး သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ တိုးတက်စေမည် ဖြစ်သည်။

နိုင်ငံ အနောက် တောင်ပိုင်းတွင်လည်း ရထားလမ်းများ ထပ်မံဖွင့်လှစ် သွားမည်ဟု  ကျွမ်းကျင် ပညာရှင်များက ပြောကြားသည်။

Pan-Asia ရထားလမ်း ကွန်ရက်တွင် တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်း မီးရထားလမ်း များပါဝင် ပါမည်။ ၎င်းမီးရထားလမ်း ကွန်ရက်သည် နိုင်ငံတကာ  မီးရထားလမ်း စီမံကိန်း တစ်ခုဖြစ်သည့် အပြင် တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံ တို့က ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

http://bit.ly/UZsMAy
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်နှင့် အရှေ့တောင် အာရှ နိုင်ငံများအသင်း အာဆီယံ H (ASEAN) နိုင်ငံများနှင့် ချိတ် ဆက်ဖောက်လုပ်ထားသော ရထားလမ်းကို ခုနစ်နှစ်ကြာ ဖောက် လုပ်ပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်အသုံးပြု ခဲ့ကြောင်း ဒေသဆိုင်ရာ ရထားလမ်းတာဝန်ရှိသူများကပြောကြား သည်။

ယူဇီနှင့် မန်ကျီ အကြားတွင် တည်ဆောက်ထားသော အဆိုပါရထားလမ်းသည် Pan-Asia မီးရထားလမ်း ကွန်ရက် စီမံကိန်း၏ အရှေ့ပိုင်း ရထားလမ်း အစိတ်အပိုင်း ဖြစ်သည်။

၁၄၁ ကီလိုမီတာရှိသော ယင်းရထားလမ်းသည် အမြင့်ဆုံးအမြန်နှုန်းတစ် နာရီလျှင် ၁၂ဝ ကီလို မီတာ နှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဆောက်လုပ်ထားပြီး ဥမင်လိုဏ်ခေါင်း ၃၅ ခုနှင့် တံတား ၆၁ စင်းတို့ ဖြတ်သန်း ဖောက်လုပ်ထားသည့်အပြင် အရှေ့ပိုင်း ရထားလမ်းအလျား၏ ၅၄ ဒသမ ၅၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အရှေ့ပိုင်း ရထားလမ်းတွင် လက်ရှိပြေးဆွဲ လျက်ရှိသော ကူမင်း- ယူဇီရထားလမ်းလည်း ပါဝင်ပြီး မန်ကျီ- ဟူကောင်း ရထားလမ်းသည် ဖောက်လုပ်လျက်ရှိပြီးလာမည့် နှစ်ကုန်ပိုင်းတွင် ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။

အရှေ့ပိုင်း ရထားလမ်း ဖောက်လုပ်ပြီးစီး မှုကြောင့် စီးပွားရေး ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အရှိန်တက် စေပြီး သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတိုးတက်စေမည် ဖြစ်သည်။

နိုင်ငံ အနောက် တောင်ပိုင်းတွင်လည်း ရထားလမ်းများ ထပ်မံဖွင့်လှစ် သွားမည်ဟု ကျွမ်းကျင် ပညာရှင်များ က ပြောကြားသည်။

Pan-Asia ရထားလမ်း ကွန်ရက်တွင် တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်း မီးရထားလမ်းများပါဝင် ပါမည်။ ၎င်းမီးရထားလမ်း ကွန်ရက်သည် နိုင်ငံတကာ မီးရထားလမ်း စီမံကိန်း တစ်ခုဖြစ်သည့်အပြင် တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံ တို့က ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment