Friday 6 December 2013

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသည့် ငွေများသည် နှစ်နိုင်ငံကုန်သွယ် မှု ငွေစာရင်းထဲ တွင် ပါဝင်မည်ဟုဆို

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ရရှိသည့် ငွေများသည် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု ငွေစာရင်း တွင် ပါဝင် မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်စန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ရွှေလီမြို့၌ တွေ့ဆုံသည့် အခမ်းအနားတွင် စီးပွားကူးသန်း ဒုတိယ၀န်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းတွေ့ဆုံပွဲကို ရွှေလီမြို့၌ ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ကိုယ်စားလှယ်များ အနေဖြင့် ကုန် သွယ်မှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

''စီးပွားရေးကဏ္ဍမှာ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဟာ အရမ်း အရေးပါပါတယ်။ နယ်စပ်ကုန်သွယ်မှု ရဲ့ ၇၀ ရာခိုင်နှုန်းဟာလည်း တရုတ်နဲ့ နယ်စပ်တွေက ကုန်သွယ်မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကနေ တရုတ်နိုင်ငံကို ပို့လွှတ်တဲ့ ပမာဏကလည်း နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ပါလာမှာဖြစ် ပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဒေါက်တာစန်းပွင့်က ပြောကြားသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလျံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိဘဏ္ဍနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၉ ဒသမ ၈၄ သန်း ရရှိရန် လျာထားကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ကုန်သွယ်မှုမှာ ၂၀ ရာခိုင်နှုန်း၊ ပင်လယ်ရေကြောင်းမှ စုစုပေါင်း ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်း ပြုလုပ်နေကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရသည်။

ယင်းကဲ့သို့ ကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားစီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ စတင်စစ်ဆေးနေ ပြီ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment