Friday 29 November 2013

French kiss အနမ်း နဲ့ ကျန်းမာရေး


လူတယောက်နဲ့ တယောက် Mouse to mouse နမ်းရင် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။

Mouse to mouse ဆိုတဲ့ အသုံးကို နှလုံးမခုန်၊ အသက်မရှူတဲ့အခါ အရေးပေါ် ရှေးဦးသူနာပြုစုနည်း CPR နဲ့ ဆက်ပြီး၊ ပါးစပ်ကနေ လေမှုတ်သွင်းတာကိုသာ ခေါ်တယ်။ နှုပ်ခမ်းချင်းနမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။
လျှာမပါဘဲ နှုတ်ခမ်းချင်းသာ နမ်းတာကို Light Kissing ခေါ်တယ်။ ပေါ့ပေါ့ပါးပါးသဘော။ French Kissing ကို Deep Kissing သတ်မှတ်တယ်။ အထဲထိ နက်တယ်။ French kiss နမ်းနည်းမှာ တယောက် ရဲ့ နှုတ်ခမ်းနဲ့ နောက်တယောက်ရဲ့ လျှာ ထိတွေ့မှု လုပ်ကြတယ်။ အဲလိုလုပ်တာကလဲ အပြန်အလှန်သဘာ ရှိရမယ်။ Slow passionate တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိရတယ်။ Intimate သိပ်ရင်းနှီးမှုလဲ ရှိရတယ်၊ Romantic စိတ်ပါလက်ပါ ဖြစ်ရတယ်၊ Erotic or sexual လိင်စိတ်တွေ ဖြစ်ပေါ် လာစေမယ်။

ပြင်သစ်လို Baiser amoureux (Love kiss) ချစ်သူတွေရဲ့အနမ်း၊ Baiser avec la langue (Kiss with the tongue) လျှာနဲ့ နမ်းတယ်လို့ ခေါ်တယ်။ အရင်တုံးက Florentine kiss လို့လဲ ခေါ်ခဲ့သေးတယ်။ ဘန်းစကားနဲ့ Ice skating shoe (Galoche) လို့ခေါ်တာက အကျအန စွပ်ရ- စီးရ-လည်ပတ်စေရလို့ ထင်ပါတယ်။

Erotic kiss လိင်စိတ်-အနမ်းသဘော သက်ရောက်တာက အဖ်ါရဲ့နှုတ်ခမ်းကို အာရုံခံကောင်းလှတဲ့ လျှာနဲ့ ထိတွေ့-ကစားရလို့ ဖြစ်တယ်။ Oral zone ပါးစပ်ဝန်းကျင်ဟာ Principal erogenous zone ကိုယ်ခန္ဓာရဲ့ လိင်စိတ် နှိုးထစေတဲ့ ပင်မနေရာ ဖြစ်ပြီး လျှာက အထွတ်အထိပ်ကျတယ်။

Steps ဘယ်လို နမ်းကြသလဲ -
၁။ Moisten your lips အရင်ဆုံး နှုတ်ခမ်းတွေကို စိုစွပ်စေလိုက်ပါ။
၂။ Angle your face မျက်နှာကို ဒေါင့်ဖြတ်ထားလိုက်ပါ။ နှာခေါင်းထိပ်တွေကနေ အဟန့်အတား မဖြစ်စေအာင် ရှောင်ဘို့ပါ။
၃။ Close your eyes နမ်းခါနီးတုံးက တယောက်မျက်နှာ တယောက် စိုက်ကြည့်ရာကနေ မျက်လုံးတွေ ပိတ်လိုက်ပါ။ တချို့ကလဲ ခဏပိတ် လိုက်ပြီးမှ ပြန်ဖွင့်တယ်။
၎။ Start with a gentle and soft closed-mouth kiss ပါးစပ်တွေ ပိတ်ထားကြပြီး၊ နုတ်ခမ်းချင်း အသာအယာ ထိတွေ့ကြပါစေ။
၅။ Go Dutch on the decision to French Kissing "ပြင်သစ်နည်း နမ်းဘို့ ဒတ်ခ်ျ လိုလုပ်ပါ" ဆိုတာ တယောက်တဝက် စိတ်တူသဘောတူ နမ်းကြမယ် ဆိုတာ ဆုံးဖြတ်ရတယ်။
၆။ Explore with your tongue လျှာနဲ့ကစားပါ။ သာယာမှုကနေ စေ့ဆော်လို့ ပါးစပ်က တဖြေးဖြေး ပွင့်လာလိမ့်မယ်။ လျှာကို သူ့ပါးစပ်ထဲ အများကြီးတော့ မသွင်းပါနဲ့။
၇။ Go slow စိတ်ရှည် ဖြေးလေး အချိန်ပေးပါ။
၈။ Breathe အသက်ရှူဘို့ မမေ့ပါနဲ့။
၉။ Mix it up ပါးစပ်-နှုတ်ခမ်း-လျှာတွေ ရောနှောသွားကြပါစေ။
၁ဝ။ Use your hands အစမှာ ယဉ်ယဉ်ကျေးကျေး ငြိမ်ငြိမ်လေးထားခဲ့တဲ့ လက်တွေက အလုပ်လုပ်လို့ရပါပြီ။
၁၁။ Read your partner's body language ပါးစပ်က မပြောပေမဲ့ ကိုယ်အမူအရာကပြတဲ့ အဖေါ်ရဲ့စိတ်ကို သဘောပေါက်ပါ။ Good kisser အနမ်းသမားကောင်းနဲ့ Bad kisser ခပ်ညံ့ညံ့ အနမ်းသမား ခြားနားတာက တဖက်သားရဲ့ Body language ဒီ (ဘော်ဒီ-လဲန်ဂွေ့ခ်ျ) ကို နားလည်ပြီး နာလည်တဲ့အတိုင်း လိုက်လုပ်တတ်တာ ဖြစ်ပါတယ်။

လက်တွေ့ ရှိထားသူတွေကနေ (ရှယ်) ကြတာတွေ ရှိပါတယ်။
- နမ်းနည်းဆိုတာ သင်ပြစရာ မလိုဘူး။ သူ့ဖါသာ နားလည်လာကြတာပါ။
- Don't saliva too much သွားရည် သိပ်မများအောင် ဂရုစိုက်ပါ။
- Just massage her tongue with yours လျှာကို လျှာနဲ့ နှိပ်နယ်ပေးသလိုသာ လုပ်ပါ။
- Follow her lead if she wants to မိန်းကလေးကို ရှေ့ကပြေးပါစေ။
- My boyfriend likes it when I move my tounge in a circular motion ကျမရည်းစားက ကျမလျှာကို စက်ဝိုင်းလည်သလို လုပ်ပေးတာကို သိပ်သဘောကျတယ်ရှင့်။

တာဝန်အရ သတိပေးပါရစေ -
• Light kissing ပေါ့ပေါ့ပါးပါး နမ်းတာနဲ့ကို Herpes ရေယုံနဲ့ Scabies ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာ (ပါးစပ်နားတဝှိုက်) မယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။
• တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာ မခံပါနဲ့။
• Ugly, dripping, oozing, puss-filled sores မြင်သာတဲ့ မန်းရည်လို၊ ပြည်လိုအနာရှိနေသူကို သွားမနမ်းပါနဲ့။ အဲဒါတွေအားလုံးဟာ Deep kissing လုပ်မိရင် ကူးစက်ဘို့ အခွင့်အလမ်း ပိုများမယ်။
• Sexually transmitted diseases လိင်ကတဆင့် ကူးစက်ရောဂါတွေဖြစ်တဲ့ Herpes Simplex Virus-2 ရေယုံ ဗိုင်းရပ်စ် အမျိုးအား (၂)၊ Hepatitis B အသဲရောင် ဘီ ဗိုင်းရပ်စ် နဲ့ Syphilis ဆစ်ဖလစ် ရောဂါတွေ ကူးနိုင်တယ်။
• အဖေါ်အကြောင်း ကောင်းကောင်းမသိရင် အန္တရာယ်နဲ့မကစားတာ ကောင်းတယ်။

နောက်တခုလဲ သတိပေးအုံးမယ်။ ငယ်တုံးရွယ်တုံးမှာ French kissing ကို အဖေါ်တွေ အများကြီးနဲ့ လုပ်ခဲ့သူဟာ Significantly increase the risk of meningitis ဦးနှောက်မြှေးရောင်ရောဂါ ရစေဘို့ ပိုပြီးနီးစပ်တယ်လို့ သုတေသနတခုက ဆိုပါတယ်။

နှုပ်ခမ်းချင်းထိလို့ ကူးစက်ရောဂါတွေ ရနိုင်သလား

• Oral herpes (cold sores or fever blisters) နှုပ်ခမ်းရေယုံရနိုင်တယ်။ Herpes Simplex ဗိုင်းရပ်စ်ကနေဖြစ်စေတယ်။ အနာပေါက်နေတာကို မျက်စိနဲ့မြင်နိုင်ပေမဲ့ ပိုးရှိနေတာကိုမမြင်ရတာ လဲရှိတယ်။
• Oral herpes HSV-1 ပိုးကနှုပ်ခမ်းခြင်းနမ်းရာကနေ ကူနိုင်တယ်ဆိုတာ အခုထိတော့ သီအိုရီ (မှန်းဆချက်) သာရှိပြီး သက်သေပြစရာ လူနာမှတ်တမ်းတင်ထားတာမရှိသေးပါ။ သွားရည်ထဲမှာ ဗိုင်းရပ်စ်ပါနေနိုင်ပေမဲ့ သွားရည်ကနေ အတော်အတန် ချေဖျက်နိုင်စွမ်းရှိတယ်လို့ ဆိုတယ်။ ဖြစ်နိုင်ချ သုညလို့တော့ မဆိုနိုင်ပါ။ ပိုးရှိနေသူမှာ viral load ဘယ်လောက်များသလဲအပေါ်မှာ မူတည်မယ်။ နောက်ပြီး ဆေးကုသမှုခံယူနေ သလား၊ ဆေးကုမနေဘူးလား။ တကယ်လို့ ပိုးရှိနေသူနဲ့ နှုင်ခမ်းချင်းနမ်းမိသူဟာ တနှစ်တခါ ဆေးစစ်နေ သင့်ပါတယ်။
• Oral gonorrhea ဂနိုးရီးယားကတော့ နှုပ်ခမ်းချင်းနမ်းလို့ မကူးပါ။
• French kissing ကနေ အအေးမိနဲ့ တုပ်ကွေးတွေ ကူးစက်လာနိုင်ပါတယ်။
• နှုပ်ခမ်း-နှုပ်ခမ်းချင်းမဟုတ်ဘဲ နှုပ်ခမ်းကို လိင်အင်္ဂါနေရာတွေမှာ သုံးရင်တော့ လိင်ကတဆင့် ကူးစက်ရောဂါတွေ ကူးစက်လာနိုင်တာကို Oral practice and STDs ဆက်ဆံရာမှာ ပါးစပ်သုံးခြင်း ထဲမှာ ရေးထားပါတယ်။

Dr. တင့်ဆွေ

No comments:

Post a Comment