Saturday 30 November 2013

ရာမူး(ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက်မူ နောက်ကွယ် က ကြိုးကိုင်သူဟု စွပ်စွဲခံရသူ ဖမ်းမိ

ဘုန်းကြီးကျောင်းမီးရှို့ဖျက်ဆီးခံရပြီး ကျန်ရစ်ခဲ့သော ရုပ်ထုတော် တစ်ဆူ
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး(ပန်းဝါ)မှ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများ မီးရှို့တိုက်ခိုက် လုယက်မူ ကို နောက် ကွယ်က အဓိက ကြိုးကိုင်ခဲ့သူဟု စွပ်စွဲခံထားရသူကို ဘင်္ဂလာဒေခ်ျ့ အထူး ရဲထောက် လှမ်းရေး တပ်ဖွဲ့ တစ်ခုမှ ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု ယနေ့ထုတ် ဘင်္ဂလာ သတင်းစာများ တွင် ဖေါ်ပြသည်။
ဖမ်းဆီးခံရသူမှာ မြန်မာနယ်စပ် မောင်တောမြို့နယ်နှင့် ကပ်နေသော စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် နတ်ကျောက် ဆရီ မြို့နယ် ဥက္ကဌ တော်ဖီလ် အာမတ် ဆိုသူ ဖြစ်သည်။ ၎င်းသည် ဂျာမတ် အစ္စလာမ်မီယား ပါတီတွင် ရာထူး တာဝန် မရှိသော်လည်း  ထိပ်တန်းခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိ နီးစပ်သူ  ဖြစ်ကြောင်း သတင်းစာများတွင် ဖေါ်ပြသည်။

၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၂၉ ရက်နေ့ ညဥ့်အချိန်တွင် ရာမူး (ပန်းဝါမြို့) မှ ဗုဒ္ဓဘုန်းတော်ကြီးကျောင်းများကို အကြမ်းဖက်အုပ်စုများက ၀င်ရောက် မီးရှို့တိုက်ခိုက်ပြီး ကျောင်းပေါ်မှ ဆင်းထုတော်များ အပါအ၀င် အဖိုးတန် ပစ္စည်းများကို လုယက် ယူဆောင်သွားခဲ့ကြသည်။

၎င်းတိုက်ခိုက်မူ အတွင်း ရာမူး (ပန်းဝါ) အပါအ၀င် အိုကီယားမြို့နယ်မှ ဘုန်းတော်ကြီးကျောင်း (၂၁) ကျောင်း မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

၎င်းတိုက်ခိုက်မူများကို ယခု ဖမ်းဆီးခံရသူ တော်ဖီလ် အာမတ်က နောက် ကွယ်က ကြိုးကိုင်သည်ဟု ရဲက သံသယဖြစ်ပြီး လိုက်လံ ဖမ်းဆီးရာ ယင်းတော်ဖီလ်အာမတ်မှာ ၎င်းအချိန်ကပင် ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က ရုတ်တရက် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့ပြီး သူ၏ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ရှိနေစဉ်  ရဲက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ယခု ဖမ်းဆီးခံရသူသည် ရာမူး (ပန်းဝါ) ဘုန်းတော်ကြီးကျောင်းများကို တိုက်ခိုက်ရန်လူများကို စုဆောင်း ပေး ခဲ့ သည်သာမက ငွေကြေးပေးပြီး လည်း ဌာ ရမ်း ခဲ့ကြောင်း ရဲက စွပ်စွဲထားသည်။

သူ့အား ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့မှ အမူပေါင်း (၁၉) ခုဖြင့် တရားစွဲဆို ထားကြောင်းနှင့် ယမန်နေ့က တရားရုံး ထုတ်ကာ ရမန်ယူခဲ့သည်ဟု သိရသည်။

ကော့စ်ဘဇား ခရိုင်ရာမူး (ပန်းဝါမြို့) နှင့် အိုကီယား မြို့နယ်တွင် ၎င်းနေ့က မီးရှို့ ဖျက်ဆီးခံခဲ့ရသော ဘုန်းတော်ကြီးကျောင်း (၂၁) ကျောင်းကို ဘင်္ဂလာဒေခ်ျ့ အစိုးရက နောက်ပိုင်းတွင် တာကာငွေ ကုဋေနှင့် ချီပြီး အကုန်အကျခံကာ ခိုင်ခန့်သော အဆောက်အဦးကြီးများဖြင့် ပြန်လည် အစားထိုး တည်ဆောက်ပေးခဲ့ သည်။

သို့သော်လည်း တန်ဖိုး မဖြတ်နိုင်သော ရှေးဟောင်း လက်ရာဆင်းထုတော် များ အပါအ၀င် ဗုဒ္ဓ၀င် စာပေ ကျမ်းကန်များနှင့် ကျောင်းတော်များကို တည်ဆောက်ထားသော ယဉ်ကျေးမူ အနုပညာ လက်ရာ များ ကိုမူ  ပြန် လည် ရရှိနိုင်ခြင်း မရှိတော့သဖြင့် ဘုန်းကြီးကျောင်းများ မီးရှို့ ဖျက်ဆီး တိုက်ခိုက် ခံရမူမှာ ကြီး မားသော ဆုံးရှုံးမူကြီး တစ်ရပ်ဖြစ်ကြောင်း ပန်းဝါမြို့မှ ဗုဒ္ဓဘာသာဝင်များက ပြောကြားသည်။

နိရဉ္စရာ

No comments:

Post a Comment