Wednesday 11 September 2013

လမ်းမတော်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်

Photo: လမ်းမတော်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်
Wednesday, September 11, 2013

၁၁.၉.၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန် လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလ လမ်းနှင့်ဘုန်းကြီးလမ်းမီးပွိုင့်၌ ဘုန်းကြီးလမ်းအတိုင်း
တောင်မှမြောက် သို့ ယာဉ်မောင်း ဦးစိုးဝင်း(ဘ)ဦးကောင်းစံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေသူ မောင်းနှင်လာသည့် ၁ဃ/---- Caldina မီးခိုးရောင်အငှားယာဉ်နှင့် မဟာဗန္ဓုလလမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း ကိုအောင်မိုးဝင်း(ဘ)ဦးအောင်မြင့်၊ မင်္ဂလာတောင်ညွန့်
မြို့နယ်နေသူ မောင်းနှင်လာသည့် BB/----၊ Toyota Vista မီးခိုးရောင် အငှားယာဉ်တို့ တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်ဆီးကာ တိုက်မိသည့်အရှိန်ဖြင့် ၁ဃ/---- ယာဉ်မှာ မဟာဗန္ဓုလလမ်းဘေးတွင်ပါကင်ထိုးရပ်ထားသော ၂စ/---- ဟွန်ဒါဟိုက်ကလစ်ယာဉ်အားလည်းကောင်း၊ BB/----ယာဉ်မှ မဟာဗန္ဓုလလမ်းနှင့်ဘုန်းကြီးလမ်းထောင့်အနီးတွင်ရပ်ထားသော ဆိုက္ကားအားလည်းကောင်း ဆက်လက်တိုက်မိခဲ့ကြရာ ဆိုက္ကားပေါ်တွင် ထိုင်နေသူ ကိုထွန်းအောင်(ဘ)ဦးစိန်ဌေး၊ ဒလမြို့နယ်
နေသူ တွင် ယာ ဒူး၊ ယာခြေသလုံး၊ ၀ဲနံစောင်း၊ ၀ဲပေါင် တို့၌
နာကျင်၊ပွန်းပဲ့၊စုတ်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်အားမဆင်မခြင်မောင်းနှင်ကြသည့် ယာဉ်မောင်း ဦးစိုးဝင်းနှင့် ကိုအောင်မိုးဝင်းတို့(၂)ဦးအား လမ်းမတော်မြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၁.၉.၂၀၁၃ ရက်နေ့ ၀၄၃၀ အချိန် လမ်းမတော်မြို့နယ်၊ မဟာဗန္ဓုလ လမ်းနှင့်ဘုန်းကြီးလမ်းမီးပွိုင့်၌
ဘုန်းကြီးလမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ဦးစိုးဝင်း(ဘ)ဦးကောင်းစံ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေသူ မောင်းနှင်လာသည့် ၁ ဃ/---- Caldina မီးခိုးရောင်အငှားယာဉ်နှင့် မဟာဗန္ဓုလလမ်း အတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း ကိုအောင်မိုးဝင်း(ဘ)ဦးအောင်မြင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူ မောင်းနှင်လာသည့် BB/----၊ Toyota Vista မီးခိုးရောင် အငှားယာဉ်တို့ တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်ဆီးကာ တိုက်မိသည့်အရှိန်ဖြင့် ၁ဃ/---- ယာဉ်မှာ မဟာဗန္ဓုလ လမ်းဘေးတွင် ပါကင်ထိုးရပ်ထားသော ၂စ/---- ဟွန်ဒါဟိုက်ကလစ်ယာဉ်အားလည်းကောင်း၊ BB/----ယာဉ်မှ မဟာဗန္ဓုလလမ်းနှင့်ဘုန်းကြီးလမ်းထောင့်အနီးတွင်ရပ်ထားသော ဆိုက္ကားအားလည်းကောင်း ဆက်လက်တိုက်မိခဲ့ကြရာ ဆိုက္ကားပေါ်တွင် ထိုင်နေသူ ကိုထွန်းအောင်(ဘ)ဦးစိန်ဌေး၊ ဒလမြို့နယ်နေသူ တွင် ယာဒူး၊ ယာခြေသလုံး၊ ၀ဲနံစောင်း၊ ၀ဲပေါင်တို့၌ နာကျင်၊ပွန်းပဲ့၊စုတ်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရပါသည်။

အဆိုပါယာဉ်တိုက်မှုတွင် ယာဉ်အားမဆင်မခြင်မောင်းနှင်ကြသည့် ယာဉ်မောင်း ဦးစိုးဝင်းနှင့် ကိုအောင်မိုးဝင်း တို့(၂)ဦးအား လမ်းမတော်မြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၈ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment