Thursday 4 July 2013

ဓာတ် အား လိုင်း တာဝါ တိုင်ပေါ် တက် ၍ သံချောင်း များ ခိုး သူ ဖမ်း မိ


ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် မန်တဲကျေးရွာအုပ်စု ခါလိန်ကျေးရွာအနောက် တစ်မိုင်အကွာ ရှိ ရွှေလီ၊ မန်ဆန် ရွှေစာရံ မဟာဓာတ်အားလိုင်းတာဝါတိုင်အမှတ်(၁၃၄) အမြင့် ၇၂ ပေပေါ်တွင် ယမန်နေ့ နံနက် ၈ နာရီက အမည်မသိလူတစ်ဦးတက်ရောက်ပြီး တာဝါတိုင်တွင် တပ်ဆင်ထားသော သံချောင်းများ  ခိုးဖြုတ်ယူနေသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များက တာဝါတိုင်ပေါ်သို့  တက်နေသည့်သူအား အောက်သို့ဆင်းစေခဲ့သည်။

အဆိုပါ တာဝါတိုင်ပေါ်တက်နေသည့်သူမှာ လှကွယ်(ခ)ဂုဏ ၃၅ နှစ်(ဘ) ဦးနန္ဒိယ နောင်ပိန်မြို့နယ် လုပ်ပါကျေးရွာ နေသူဖြစ်ပြီး တာဝါတိုင်ပေါ်တက်၍ ခိုးဖြုတ်ယူခဲ့သောပစ္စည်းများမှာ အရှည် ၄ ပေခွဲ၊ ပတ်လည် ၁ ပေခွဲရှိ သံချောင်း နှစ်ချောင်း၊ ၂၄ ဆိုဒ် မူလီတိုင် အလွတ် ငါးချောင်းနှင့် ခေါင်းပါ တစ်ချောင်း၊ ၃ဝ ဆိုဒ် မူလီတိုင် ခေါင်းပါ တစ်ချောင်းနှင့် အလွတ်တစ်ချောင်း၊ အမ်ဝိုင်ယာဖမ်း ကလစ်တစ်ခု၊ စတန်းဗို့ တစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။ အဆိုပါပစ္စည်းများခိုးသူ လှကွယ်(ခ) ဂုဏအား သီပေါ ရဲစခန်းမှ (ပ)၇၅/၁၃ ပုဒ်မ ၆(၁)အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။ 

Myawady

1 comment:

  1. does it even worth the risk?
    now who is gonna redo all the bolts n nuts ?

    ReplyDelete