Sunday 9 June 2013

ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းတို့အား သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် ရပ်ဆိုင်း

Photo: ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းတို့အား သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် ရပ်ဆိုင်း
Sunday, June 9, 2013

ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းများအား သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ အစိုးရက ရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးတစ်စင်းဖြစ်ပြီး ဧရာဝတီမြစ်၏ မြစ်လက်တက် လည်းဖြစ်သော ချင်းတွင်းမြစ်တွင် တည်ဆောက်မည့် ထမံသီ ရေအားလျှပ် စစ်စီမံကိန်းသည် စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၂၀၀ ရှိပြီး ရွှေစာရေး ရေအား လျှပ်စစ် စီမံကိန်းမှာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၈၈၀ ဖြစ်ကာ စုစုပေါင်း စက်တပ်ဆင်အား မဂ္ဂါဝပ် ၂၀၈၀ ဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရ၏ မူဝါဒသည် လူထုကို ဗဟိုပြုသော မူဝါဒ ဖြစ်သည့် အတွက် အဆိုပါ ဒေသတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုး သက်ရောက်မှု အပေါ် လေ့လာဆန်းစစ်ချက် (Environmental Impact Assessment-EIA) ပြုလုပ်ထားသည် ဆိုစေကာမူ ဒေသခံ လူထုက မပြုလုပ် စေလိုပါက ရှေ့ဆက်ဆောင်ရွက်မည် မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ပြောကြားခဲ့သည်ဟု အိန္ဒိယနိုင်ငံ အခြေစိုက် Mint သတင်းဌာန၏ သတင်းထုတ်ပြန်မှုကို Energy  Business Review ၀က်ဘ်ဆိုက်၌ ဇွန် ၇ ရက်က ကိုးကားဖော်ပြထားသည်။

စီမံကိန်းများကြောင့် ရရှိမည့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ် အလားအလာနှင့် လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်တို့အပေါ် သက်ရောက်နိုင်ခြေများအား နှိုင်းယှဉ်စဉ်းစားပြီးနောက် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံလုံးက လတ်တလော မည်သည့်ဆောင်ရွက်မှုမျှ မပြုဘဲ ဆိုင်းငံ့ထားရန် သဘောတူလိုက်ကြောင်း စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်ဟုလည်း ဖော်ပြခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ချင်းတွင်းမြစ်တွင် တည်ဆောက်မည့် အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း နှစ်ခုသည် အိန္ဒိယနိုငံ NHPC ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထမံသီ ရေအား လျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများအား အိန္ဒိယနိုင်ငံသို့ ရာခိုင်နှုန်း ၈၀ ရောင်းချရန် ရည်ရွယ်ထားသည်။

"ဒီရေအားလျှပ်စစ် စီမံကိန်းတွေ ရပ်တယ်ဆိုတာ သိပ်ကောင်းပါတယ်။ ကြိုဆိုပါတယ်။ ရေကာတာတွေဆိုတာ အမြင့်ပေ ၅၀ လောက်တွေဆို အန္တရာယ် မရှိပါဘူး။ ပေ ၅၀ ထက် ကျော်ရင်တော့ အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ရေကာတာလုပ်ရင် သိပ်ကြီးတာတွေ မလုပ်ဘဲ ပေ ၅၀ လောက်ပဲ လုပ်မယ်ဆိုရင်တော့ လူတွေအတွက်လည်း အကျိုးရှိသလို သဘာဝ ပတ်ဝန်းကျင်လည်း မထိခိုက်ပါဘူး။ အခု ဒီလိုရပ်ဆိုင်း တာကတော့ အလွန်ကောင်းတဲ့ ခြေလှမ်းတစ်ရပ်ပါ" ဟု သစ်တောပညာရှင် ဦးအုန်းက ပြောကြားသည်။   

ထမံသီ ရေအားလျှပ်စစ် စီမံကိန်းသည် စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် တည်ရှိပြီး ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းမှာ ကနီမြို့နယ် အတွင်း တည်ရှိသည်။ စီမံကိန်း နှစ်ရပ်လုံးသည် ချင်းတွင်းမြစ်ကို ပိတ်၍ တည်ဆောက်မည် ဖြစ်သည်။

ထမံသီဆည်၏ ရေဆင်းဧရိယာသည် စတုရန်းမိုင် ၁၆၇၈၀ ဖြစ်ပြီး ကန်ရေပြည့် ရေပြင်ကျယ် ဧရိယာမှာ ၅၃၉ စတုရန်းမိုင် ဖြစ်သည်။ ပင်မတမံ အမြင့်မှာ ၂၆၃ ပေရှိပြီး ဆည်ရေပေးဝေမည့် ဧရိယာမှာ ဧက ၁၀ သိန်း ဖြစ်သည်။

စီမံကိန်းကြောင့် ရွာအချို့မှာ ရွှေ့ပြောင်းခဲ့ရကာ ဆက်လက်၍လည်း ရွာအချို့ ထပ်မံပြောင်းရွှေ့ ရနိုင်ခြေရှိသည့် အတွက်လည်း ဒေသခံများက စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်ဟု သိရသည်။ ထမံသီ ရေအားလျှပ်စစ် စီမံကိန်းသည် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ မြင့်မားသည့်အတွက် တည်ဆောက်ရေးနှင့် ပတ်သက်၍ ကန့်ကွက်မှု အချို့လည်း ရှိခဲ့သည်။   

ထမံသီ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရန် စီစဉ်ထားသည့် နေရာ အား ဇွန် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -  အောင်သူထွန်း)
Eleven Media Group
ထမံသီ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရန် စီစဉ်ထားသည့် နေရာ အား ဇွန် ၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -  အောင်သူထွန်း)
ချင်းတွင်းမြစ်တွင် ပြုလုပ်မည့် ထမံသီနှင့် ရွှေစာရေး ရေအားလျှပ်စစ် စီမံကိန်းများအား သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်နိုင်ခြေများကြောင့် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ အစိုးရကရပ်ဆိုင်း လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးတစ်စင်းဖြစ်ပြီး ဧရာဝတီမြစ်၏ မြစ်လက်တက် လည်းဖြစ်သော ချင်းတွင်းမြစ် တွင် တည်ဆောက်မည့် ထမံသီရေအားလျှပ်စစ်စီမံကိန်းသည် စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၂၀၀ ရှိပြီး ရွှေစာရေးရေအားလျှပ်စစ်စီမံကိန်းမှာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၈၈၀ ဖြစ်ကာ စုစုပေါင်း စက်တပ် ဆင် အား မဂ္ဂါဝပ် ၂၀၈၀ ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ၏မူဝါဒသည် လူထုကိုဗဟိုပြုသောမူဝါဒ ဖြစ်သည့်အတွက် အဆိုပါ ဒေသတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု အပေါ် လေ့လာဆန်းစစ်ချက် (Environmental Impact Assessment-EIA) ပြုလုပ်ထားသည်ဆိုစေကာမူ ဒေသခံလူထုက မပြုလုပ်စေလိုပါက ရှေ့ဆက်ဆောင် ရွက်မည်မဟုတ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းက ပြောကြားခဲ့သည်ဟု အိန္ဒိယနိုင်ငံ အခြေစိုက် Mint သတင်းဌာန၏ သတင်း ထုတ်ပြန်မှုကို Energy  Business Review ၀က်ဘ်ဆိုက်၌ ဇွန် ၇ ရက်က ကိုးကားဖော်ပြထားသည်။

စီမံကိန်းများကြောင့် ရရှိမည့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ် အလားအလာနှင့် လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်တို့အပေါ် သက်ရောက်နိုင်ခြေများအား နှိုင်းယှဉ်စဉ်းစားပြီးနောက် မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ လုံးက လတ်တလော မည်သည့်ဆောင်ရွက်မှုမျှ မပြုဘဲ ဆိုင်းငံ့ထားရန် သဘောတူလိုက်ကြောင်း စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်ဟုလည်း ဖော်ပြခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ချင်းတွင်းမြစ်တွင် တည်ဆောက်မည့် အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း နှစ်ခုသည် အိန္ဒိယနိုငံ NHPC ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထမံသီ ရေအား လျှပ်စစ် စီမံကိန်းမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများအား အိန္ဒိယနိုင်ငံသို့ ရာခိုင်နှုန်း ၈၀ ရောင်းချရန် ရည်ရွယ်ထားသည်။

"ဒီရေအားလျှပ်စစ် စီမံကိန်းတွေ ရပ်တယ်ဆိုတာ သိပ်ကောင်းပါတယ်။ ကြိုဆိုပါတယ်။ ရေကာတာတွေ ဆိုတာ အမြင့်ပေ ၅၀ လောက်တွေဆို အန္တရာယ် မရှိပါဘူး။ ပေ ၅၀ ထက် ကျော်ရင်တော့ အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ရေကာတာလုပ်ရင် သိပ်ကြီးတာတွေ မလုပ်ဘဲ ပေ ၅၀ လောက်ပဲ လုပ်မယ် ဆိုရင်တော့ လူတွေအတွက်လည်း အကျိုးရှိသလို သဘာဝ ပတ်ဝန်းကျင်လည်း မထိခိုက်ပါဘူး။ အခု ဒီလိုရပ်ဆိုင်း တာကတော့ အလွန်ကောင်းတဲ့ ခြေလှမ်းတစ်ရပ်ပါ" ဟု သစ်တောပညာရှင် ဦးအုန်း က ပြောကြားသည်။  

ထမံသီရေအားလျှပ်စစ်စီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင်တည်ရှိပြီး ရွှေစာရေး    ရေ အားလျှပ်စစ် စီမံကိန်းမှာ ကနီမြို့နယ် အတွင်း တည်ရှိသည်။ စီမံကိန်း နှစ်ရပ်လုံးသည် ချင်းတွင်းမြစ် ကို ပိတ်၍ တည်ဆောက်မည် ဖြစ်သည်။

ထမံသီဆည်၏ ရေဆင်းဧရိယာသည် စတုရန်းမိုင် ၁၆၇၈၀ ဖြစ်ပြီး ကန်ရေပြည့် ရေပြင်ကျယ် ဧရိယာမှာ ၅၃၉ စတုရန်းမိုင် ဖြစ်သည်။ ပင်မတမံ အမြင့်မှာ ၂၆၃ ပေရှိပြီး ဆည်ရေပေးဝေမည့် ဧရိယာမှာ ဧက ၁၀ သိန်း ဖြစ်သည်။

စီမံကိန်းကြောင့် ရွာအချို့မှာ ရွှေ့ပြောင်းခဲ့ရကာ ဆက်လက်၍လည်း ရွာအချို့ ထပ်မံပြောင်းရွှေ့ ရနိုင်ခြေရှိ သည့် အတွက်လည်း ဒေသခံများက စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်ဟု သိရသည်။ ထမံသီရေအားလျှပ်စစ် စီမံကိန်းသည် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ မြင့်မားသည့်အတွက် တည်ဆောက်ရေးနှင့် ပတ်သက်၍ ကန့်ကွက်မှု အချို့လည်း ရှိခဲ့သည်။  

Eleven Media Group

No comments:

Post a Comment