Friday 21 June 2013

မြိတ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် စတင်ထုတ်ချေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ မြိတ်ခရိုင်တွင် မိုးစပါး စိုက်ပျိုး စရိတ်ချေးငွေ အတွက် တစ်ဧကလျှင် ကျပ်တစ် သိန်းနှုန်းဖြင့် စတင် ထုတ်ချေးခဲ့သည်။

စိုက်ပျိုးစရိတ်ထုတ်ချေးခြင်းကို ဇွန်လ ၁၈ ရက်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်၊ မြိတ်မြို့နယ် ဘဏ်ခွဲ၌ ပေး အပ်ခဲ့ပြီး တုံးဗျောကျေးရွာ အုပ်စုမှ မိုးစပါး စိုက်တောင်သူ ၁ဝ၇ ဦးကို စိုက်ဧက ၈၃ဝ အတွက် ချေးငွေကျပ် သိန်းပေါင်း ၈၃ဝ ထုတ်ပေးခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြိတ်ခရိုင်ဘဏ်ခွဲအနေဖြင့် ၂ဝ၁၃ ခုနှစ် စိုက်ပျိုးရေးရာသီတွင် မြိတ်မြို့နယ်သို့ ချေးငွေကျပ် ၂ဝ၁၃၅ သိန်း ထုတ်ချေးမည်ဖြစ်ပြီး ကျွန်းစုမြို့နယ်သို့ ကျပ်၄၂၈၅သိန်း၊ တနင်္သာရီမြို့နယ်သို့ ချေးငွေ ကျပ် ၆၄၇၅ သိန်း၊ ကော့သောင်းမြို့နယ်နှင့် ခမောက်ကြီးမြို့နယ် ခွဲသို့ ချေးငွေကျပ် ၅၃၄သိန်း၊ ဘုတ်ပြင်မြို့နယ် သို့ ချေးငွေကျပ် ၇၉၂ သိန်း၊ စုစုပေါင်းချေးငွေ ကျပ်ပေါင်း ၃၂၂၂၁ သိန်းအသီးသီးအား ဆက်လက် ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ဘဏ်ခွဲမှ သိရသည်။

စိုက်ပျိုးစရိတ် ထုတ်ချေးသည့် အခမ်းအနားတွင် မြိတ်ခရိုင်စိုက်ပျိုးရေး ဦးစီး၏ ဌာနမှူး ဦးဌေးလွင်က မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ သိပ္ပံနည်းကျ စိုက်စနှစ်များ အသုံးစိုက်ပျိုးရေး၊ လက်မှုလယ်ယာမှ စက်မှု လယ်ယာသို့ ကူးပြောင်းရေးနှင့် နိုင်ငံတော်ချေးငွေကို အကျိုးရှိအောင် အသုံးပြုရေးတို့နှင့် ပတ်သက်ပြီး လယ်သမားများကို ရှင်းလင်း ပြောကြားခဲ့သည်။

Mizzima News

No comments:

Post a Comment