Wednesday 15 May 2013

နမ့်ခမ်း ပစ်ခတ်မှု နမ္မတူ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်၏ ညီ သေဆုံး

Photo: နမ့်ခမ်းပစ်ခတ်မှု နမ္မတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ညီ သေဆုံး
Wednesday, May 15, 2013

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် နမ္မတူ ကျားဖြူ ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၏ညီနှင့် ကားဒရိုင်ဘာတဦး သေဆုံးသွားကြောင်း သိရှိရ ပါသည်။

“ပိုက်လိုင်းတင်ကားပိုင်ရှင်နဲ့ ဒရိုင်ဘာတယောက် သေတယ်။ ကားပိုင်ရှင်က နမ့်ဆန်က။ နမ္မတူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းအောင်လှရဲ့ ညီအရင်းဖြစ်တယ်” ဟု နမ့်ခမ်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းကျော်အုန်း က ပြောပါသည်။

ယမန်နေ့ (မေလ ၁၃ ရက်) ည ၉ နာရီကျော် နမ့်ခမ်းမြို့ နမ့်တီးရွာ ဘောလုံးကွင်းအနီး ပိုက်လိုင်း စုပုံထားသည့် နေရာ၌ အမည်မသိ လက်နက်ကိုင်တစုက လာရောက်ပစ်ခတ်ရာ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရ ရရှိကြောင်း ဆို၏။

“ရဲတယောက် ကိုယ်မှာ ကျည်ဆံရှပ်ထိသွားတယ်။ ကားဆရာတယောက် နောက်ကျောမှာ ကျည်ဆံခံ နေတယ်။ ပိုက်လိုင်းစောင့်တဲ့သူရဲ့မိန်းမနဲ့ နောက်ထပ် ကားဆရာတယောက် ဒဏ်ရာရထားတယ်။ အခုဆေးရုံမှာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု ၄င်းက ဆက်ပြောပါသည်။

မဲမှောင်နေသည့်အတွက် လက်နက်ကိုင်အဖွဲ့မှာ မည်သည့်အဖွဲ့ဖြစ်သည်ကို အတိအကျ မပြောနိုင် ကြောင်း၊ သို့သော် သျှမ်းစကား ပြောတတ်ကြောင်း ဒဏ်ရာရရှိသူများက ပြောသည်။

“ကျနော်တို့က ကားဆရာတွေပါ။ သျှမ်းတွေပါလို့ ပြောလည်း ပစ်တာဘဲတဲ့။ ကားမှန်အားလုံး ကွဲတယ်။ ပိုက်လိုင်းစောင့်တဲ့အိမ်ကိုလည်း ပစ်တယ်။ ဘာကြောင့် ပြည်သူလူထုကို ပစ်တာလဲ။ ကျနော် စဉ်းစားလို့မရဘူး။ ခက်တယ်ဗျာ” ဟု ဒေါက်တာ စိုင်းကျော်အုန်း က ပြောပါသည်။

ထို့အပြင် ယမန်နေ့ညကလည်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက် ဝိပုရ ပရိယတ္တိစာသင်တိုက်ထောင့်ရှိ ကွမ်းယာဆိုင်တဆိုင်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ကျည်ဆံ ၁၀ တောင့်ထက်မနည်း ပစ် ခတ်ခဲ့ကြောင်း၊ ကင်းလှည့်နေသည့် ရဲသားတဦး ဒဏ်ရာရရှိသွားကြောင်း နမ့်ခမ်းဒေသခံများ ပြောကြားချက်အရ သိရှိရပါသည်။

သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ယမန်နေ့ညက ဖြစ်ပွားခဲ့သည့်ပစ်ခတ်မှုတွင် နမ္မတူကျားဖြူပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၏ညီနှင့် ကားဒရိုင်ဘာတဦး သေဆုံးသွားကြောင်း သိရှိရပါသည်။

“ပိုက်လိုင်းတင်ကားပိုင်ရှင်နဲ့ ဒရိုင်ဘာတယောက် သေတယ်။ ကားပိုင်ရှင်က နမ့်ဆန်က။ နမ္မတူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းအောင်လှရဲ့ ညီအရင်းဖြစ်တယ်” ဟု နမ့်ခမ်း ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ စိုင်းကျော်အုန်း က ပြောပါသည်။

ယမန်နေ့ (မေလ ၁၃ ရက်) ည ၉ နာရီကျော် နမ့်ခမ်းမြို့ နမ့်တီးရွာ ဘောလုံးကွင်းအနီး ပိုက်လိုင်း စုပုံထား သည့် နေရာ၌ အမည်မသိ လက်နက်ကိုင်တစုက လာရောက်ပစ်ခတ်ရာ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရ ရရှိကြောင်း ဆို၏။

“ရဲတယောက် ကိုယ်မှာ ကျည်ဆံရှပ်ထိသွားတယ်။ ကားဆရာတယောက် နောက်ကျောမှာ ကျည်ဆံခံ နေ တယ်။ ပိုက်လိုင်းစောင့်တဲ့သူရဲ့မိန်းမနဲ့ နောက်ထပ် ကားဆရာတယောက် ဒဏ်ရာရထားတယ်။ အခုဆေးရုံမှာ။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု ၄င်းက ဆက်ပြောပါသည်။

မဲမှောင်နေသည့်အတွက် လက်နက်ကိုင်အဖွဲ့မှာမည်သည့်အဖွဲ့ဖြစ်သည်ကို အတိအကျမပြောနိုင် ကြောင်း၊ သို့သော် သျှမ်းစကား ပြောတတ်ကြောင်း ဒဏ်ရာရရှိသူများက ပြောသည်။

“ကျနော်တို့က ကားဆရာတွေပါ။ သျှမ်းတွေပါလို့ ပြောလည်း ပစ်တာဘဲတဲ့။ ကားမှန်အားလုံး ကွဲတယ်။ ပိုက်လိုင်းစောင့်တဲ့အိမ်ကိုလည်း ပစ်တယ်။ ဘာကြောင့် ပြည်သူလူထုကို ပစ်တာလဲ။ ကျနော် စဉ်းစားလို့ မရဘူး။ ခက်တယ်ဗျာ” ဟု ဒေါက်တာ စိုင်းကျော်အုန်း က ပြောပါသည်။

ထို့အပြင် ယမန်နေ့ညကလည်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက် ဝိပုရ ပရိယတ္တိစာသင်တိုက်ထောင့်ရှိ ကွမ်းယာဆိုင်တဆိုင်ကို အမည်မသိလက်နက်ကိုင်အဖွဲ့က ကျည်ဆံ ၁၀ တောင့်ထက်မနည်း ပစ်ခတ် ခဲ့ကြောင်း၊ ကင်းလှည့်နေသည့် ရဲသားတဦး ဒဏ်ရာရရှိသွားကြောင်း နမ့်ခမ်းဒေသခံများ ပြောကြား ချက်အရ သိရှိရပါသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment