Saturday 18 May 2013

ဆေး ဝါး များ မှီဝဲရာ တွင် လိုက်နာ သင့်သော ညွှန်ကြား ချက်များ

ဆေးဝါးများ မှီဝဲရာတွင် လိုက်နာသင့်သော ညွှန်ကြားချက်များ 





 အစာမစားမီ သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာမစားခင် အနည်းဆုံး မိနစ် ၃၀ ခြားပြီး ဒီဆေးတွေကို မှီဝဲဖို့လိုပါတယ်။ အစာမစားခင် နှစ်မိနစ်အလိုမှာ ဆေးမသောက်သင့်ပါဘူး။ (အကြောင်းပြချက်-ဆေးဝါးတချို့ဟာ အစာရှိချိန်မှာ စားလိုက်ရင် အာနိသင် လျော့ကျ သွားတတ်လို့ပါ။)
 အစာစားပြီး သောက်သင့်သော ဆေးများ မှီဝဲမည်ဆိုလျှင် အစာစားပြီး ၅-၁၀ မိနစ်ကြာမှ ဆေးသောက် ရပါမယ်။(အကြောင်းပြချက်-တချို့ဆေးတွေက် အစာမရှိဘဲစားလိုက်ရင် အစာအိမ်ကိုမအီမသာဖြစ်စေနိုင် ပါတယ်။ အစာရှိမှ ဝေဒနာသက်သာသွားနိုင်လို့ပါ။) ဆေးပတ် လည်အောင် သောက်ပါ ဆေးအားလုံး ကို ဝေဒနာ သက်သာတဲ့အထိ သတ်မှတ် ကာလ ပြည့်မီအောင် သောက်သင့် ပါတယ်။ (အကြောင်းပြချက်-သင့်ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ ပိုးမွှားတွေ သေစေဖို့ရာအတွက် ဆေးပတ်လည်တဲ့ အထိ သောက်သင့် တာပါ။ ပိုးမွှားတွေ ကျန်နေရင် ပိုမို အာနိသင်ပြည့်လာပြီး ဆေးတွေကို ခုခံနိုင်စွမ်းရှိကာ နောက်တစ်ကြိမ် နာမကျန်းဖြစ်နိုင်ခြေ ရှိပါတယ်။) 

အားဆေး မှီဝဲမည်ဆိုလျှင် နေ့အချိန်အတွင်း အစာစားပြီးနောက် အားဆေးကို မှီဝဲသင့်ပါတယ်။ အစာမရှိဘဲ အားဆေး မသောက်ပါနဲ့။ (အကြောင်းပြချက်-ဆီးကနေ ဗီတာမင် ဘီနဲ့ စီ မြန်မြန်ထွက်ရှိ သွားတာကြောင့် အားဆေးရဲ့ အာနိသင် ဆုံးရှုံးသွား ပါလိမ့်မယ်)။ 

Good Health

No comments:

Post a Comment