Tuesday 21 May 2013

ပင်လယ် ကမ်းခြေမှာ မြင်း ထိန်းပြီး ငွေရှာတဲ့ ကလေးများ

Photo: ပင်လယ်ကမ်းခြေမှာ မြင်းထိန်းပြီး ငွေရှာတဲ့ ကလေးများ

မေလ ၂၁ ရက် ၂၀၁၃ 

မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ စက်စဲပင်လယ်ကမ်းခြေရှိ မြင်းအပျော်စီးလုပ်ငန်းတွင် လုပ်ကိုင်နေကြသူတို့မှာ ပုံတွင် တွေ့ရသည့်အတိုင်း အသက် ၁၂ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများ  ဖြစ်သည်။

"ဒီမှာလာတဲ့ဧည့်သည်တွေစီးဖို့ မြင်း ထိန်းရတယ်။ မြင်းတခါစီးရင် ၁ဝ မိနစ်စာအတွက်  ၁,ဝဝဝ ယူတယ်" ဟု အသက် ၁၂ နှစ်အရွယ် မြင်းထိန်းလုပ်သားလေးတယောက်က ရှင်းပြသည်။

ဝင်ငွေအများစုကို မြင်းပိုင်ရှင်က ယူသည်။
မြင်းပိုင်ရှင်များက ကမ်းခြေတွင် စားသောက်ဆိုင်နှင့် တည်းခိုခန်းအသေးစားဖွင့်ထားသူများဖြစ်သည်။

ထို့ကြောင့် မြင်းထိန်း ကောင်လေး၏  ဝင်ငွေက တရက် ၂,၅ဝဝ ဝန်းကျင် ရှိသည်ဟု ဆိုသည်။ 

ကမ်းခြေတလျှောက် မြင်းကောင်ရေ ၄၀ ခန့်ရှိသောကြောင့် မြင်းထိန်းအလုပ် လုပ်ကိုင်နေသူ ကလေး အရေအတွက်ကလည်း ၄၀ ခန့် ရှိကြောင်း ဒုတိယတန်းကျောင်းသားဟောင်း ကလေးငယ်တယောက်က ပြောသည်။ 

"မြင်းပိုင်ရှင်တွေက ခုနောက်ပိုင်း ကလေးတွေပဲ သုံးကြတော့တယ်။  ကလေးတွေက လူကြီးတွေလို ခံစားခွင့်တွေ ဘာတွေ ပေးဘို့မလိုဘူး။ သူတို့ပေးချင် သလောက်ပေးလို့ရတယ်" ဟု သက်ကြီးမြင်းထိန်းသမားဟောင်းတဦးက  ပြောသည်။

မြင်းထိန်း ကလေးငယ်တယောက်က "ဧရာဝတီတိုင်းက လာတာပါ။ မိဘတွေ မရှိတော့ဘူး။ အကို အမတွေနဲ့ နေတယ်။ ဒီမှာက သားတို့အရွယ်အလုပ်က ဒါပဲ ရှိတယ်။
နည်းပေမဲ့ ရွေးစရာ အလုပ်မရှိဘူး။ ဆူဆဲလည်း ခံရတာပဲ။ ဒီကမ်းခြေမှာက သားတို့လို အခြေမဲ့တွေများတယ်။ ကိုယ်မလုပ်ရင် အစားဝင်မဲ့လူက အများကြီးပဲ" ဟု လုပ်ငန်း အခြေအနေကို ပြောပြသည်။

မြင်းထိန်းကလေးငယ်များ နေထိုင်မကောင်းဖြစ်ပါက မြင်းပိုင်ရှင်က တစုံတရာတာဝန်ယူမှု မရှိသည့်အပြင် မြင်းကို အခြား ကလေးငယ်များထံသို့ လွှဲပြောင်းပေးလိုက်သည်ဟုလည်း ပြောသည်။

 ၎င်းတို့၏ လုပ်ငန်းခွင်အတွင်း ကလေးအခွင့်အရေး ဆိုင်ရာ စံချိန်စံညွှန်းတို့နှင့် ကိုက်ညီခြင်း ရှိမရှိ အာဏာပိုင်တို့က ကြပ်ကြပ်မတ်မတ် စစ်ဆေးလာပါက ဤဒေသတွင် မြင်းထိန်းကလေးငယ်များကို တွေ့နိုင်မည်မဟုတ်ဟု ယူဆရသည်။

မော်လမြိုင်မြို့ တောင်ဘက်မိုင် ၆၀ ခန့်အကွာတွင် တည်ရှိသော စက်စဲကမ်းခြေသည် မွန်ပြည်နယ်၏ တခုတည်းသော ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း ဖြစ်သည်။ 

ဧရာဝတီ Blog 
 မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ စက်စဲပင်လယ်ကမ်းခြေရှိ မြင်းအပျော်စီးလုပ်ငန်းတွင် လုပ်ကိုင်နေကြသူ တို့မှာ ပုံတွင် တွေ့ရသည့်အတိုင်း အသက် ၁၂ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများ ဖြစ်သည်။

"ဒီမှာလာတဲ့ဧည့်သည်တွေစီးဖို့ မြင်း ထိန်းရတယ်။ မြင်းတခါစီးရင် ၁ဝ မိနစ်စာအတွက် ၁,ဝဝဝ ယူတယ်" ဟု အသက် ၁၂ နှစ်အရွယ် မြင်းထိန်းလုပ်သားလေးတယောက်က ရှင်းပြသည်။

ဝင်ငွေအများစုကို မြင်းပိုင်ရှင်ကယူသည်။ မြင်းပိုင်ရှင်များကကမ်းခြေတွင် စားသောက်ဆိုင်နှင့် တည်းခိုခန်း အသေးစား ဖွင့် ထားသူများဖြစ်သည်။

ထို့ကြောင့် မြင်းထိန်း ကောင်လေး၏ ဝင်ငွေက တရက် ၂,၅ဝဝ ဝန်းကျင် ရှိသည်ဟု ဆိုသည်။

ကမ်းခြေတလျှောက် မြင်းကောင်ရေ ၄၀ ခန့်ရှိသောကြောင့် မြင်းထိန်းအလုပ် လုပ်ကိုင်နေသူ ကလေး အရေအတွက်ကလည်း ၄၀ ခန့် ရှိကြောင်း ဒုတိယတန်းကျောင်းသားဟောင်း ကလေးငယ် တယောက်က ပြောသည်။

"မြင်းပိုင်ရှင်တွေက ခုနောက်ပိုင်း ကလေးတွေပဲ သုံးကြတော့တယ်။ ကလေးတွေက လူကြီးတွေလို ခံစားခွင့်တွေ ဘာတွေပေးဘို့မလိုဘူး။ သူတို့ပေးချင် သလောက်ပေးလို့ရတယ်" ဟု သက်ကြီးမြင်းထိန်း သမားဟောင်းတဦးက ပြောသည်။

မြင်းထိန်း ကလေးငယ်တယောက်က "ဧရာဝတီတိုင်းက လာတာပါ။ မိဘတွေ မရှိတော့ဘူး။ အကို အမတွေနဲ့ နေတယ်။ ဒီမှာက သားတို့အရွယ်အလုပ်က ဒါပဲ ရှိတယ်။ နည်းပေမဲ့ ရွေးစရာ အလုပ်မရှိဘူး။ ဆူဆဲလည်းခံရတာပဲ။ ဒီကမ်းခြေမှာက သားတို့လို အခြေမဲ့တွေများတယ်။ ကိုယ်မလုပ်ရင် အစားဝင်မဲ့ လူက အများကြီးပဲ" ဟု လုပ်ငန်း အခြေအနေကို ပြောပြသည်။

မြင်းထိန်းကလေးငယ်များ နေထိုင်မကောင်းဖြစ်ပါက မြင်းပိုင်ရှင်က တစုံတရာတာဝန်ယူမှု မရှိသည့် အပြင် မြင်းကို အခြား ကလေးငယ်များထံသို့ လွှဲပြောင်းပေးလိုက်သည်ဟုလည်း ပြောသည်။

၎င်းတို့၏ လုပ်ငန်းခွင်အတွင်း ကလေးအခွင့်အရေး ဆိုင်ရာ စံချိန်စံညွှန်းတို့နှင့် ကိုက်ညီခြင်း ရှိမရှိ အာဏာပိုင်တို့က ကြပ်ကြပ်မတ်မတ် စစ်ဆေးလာပါက ဤဒေသတွင် မြင်းထိန်းကလေးငယ်များ ကို တွေ့နိုင်မည်မဟုတ်ဟု ယူဆရသည်။

မော်လမြိုင်မြို့ တောင်ဘက်မိုင် ၆၀ ခန့်အကွာတွင် တည်ရှိသော စက်စဲကမ်းခြေသည် မွန်ပြည်နယ်၏ တခုတည်းသော ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း ဖြစ်သည်။

ဧရာဝတီ Blog

No comments:

Post a Comment