Monday 11 February 2013

တရားခွင်၌ အိပ်ပျော်နေသည့် တရားသူကြီး


ရုရှားနိုင်ငံမှတရားသူကြီး ယက်ဂျီနီမာခနိုသည်တရားစီရင် စစ်ဆေးနေစဉ် ၎င်းအိပ်ပျော်နေ သည့်ဗီဒီယိုခွေထွက်ရှိလာပြီး နောက်တွင် အလုပ်မှနုတ်ထွက် သွားခဲ့သည်။ ထိုအမှုတွင်တရား သူကြီးက တရားခံကို ထောင် ဒဏ်(၅)နှစ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ပြစ်မှုထင်ရှားစီရင်မှုနှုန်းများပြား သည့်ရုရှားနိုင်ငံ၏တရားစီရင်ရေး အား ပြစ်တင်ဝေဖန်ကြသူများ သည်တရားခံ၏ရှေ့နေလျှောက် လဲချက်ပေးနေသည့်တစ်ချိန်လုံး အိပ်ပျော်နေသည့်တရားသူကြီး ယက်ဂျီနီမာခနို၏ ဗီဒီယိုခွေ ဇန်န၀ါရီလအတွင်းက အွန်လိုင်း ပေါ်သို့ရောက်ရှိလာသောအခါ တွင် နာကြည်းမှုများဖြစ်ပေါ်ခဲ့ကြ ကြောင်း ရုရှားမီဒီယာများက ရေးသေားဖော်ပြကြသည်။
တရားသူကြီးများ၏ အရည် အသွေးထိန်းသိမ်းမှုအဖွဲ့ကမာခနို ၏နုတ်ထွက်ခွင့်ကို လက်ခံလိုက် ကြောင်း ဒေသတရားသူကြီး တစ်ဦးနှင့် တရားသူကြီးများ   ရည်အသွေးထိန်းသိမ်းရေးအဖွဲ့ ၀င်တစ်ဦးဖြစ်သူဗာလင်တီနာပိုဇာ စကာယာကပြောကြားလိုက်သည်။
ထိုဗီဒီယိုပိုင်းမှာ ယမန်နှစ် ဇူလိုင်လက အရှေ့ဖျားဗလာဂို ဗက်စချင့်စ်မြို့တွင် အယောင် ဆောင် လိမ်လည်မှု စစ်ဆေးစဉ် ရိုက်ကူးထားခြင်းဖြစ်ပြီး မာခနို သည်တရားခွင်၌ ခေါင်းတစ် ဖက်စောင်း၍ လျင်မြန်စွာအိပ် ပျော်သွားခြင်းဖြစ်သည်။
အလုပ်ကြမ်းနှင့်ထေင်ဒဏ် ၅ နှစ်ပြစ်ဒဏ်ချမှတ်ခံရသော လုပ်ငန်းရှင်မှာ တရားစီရင်မှုသည် မျှတမှုမရှိကြောင်း အယူခံတင် သွင်းခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမှုအသစ်ထပ်မံ ရင်ဆိုင်ရမည်ဖြစ်သည်။
တရားသူကြီးမာခနိုမှာလည်း စာမေးပွဲများပြန်လည်ဝင်ရောက် ဖြေဆိုပြီးနောက်၎င်း၏ရာထူးအား ပြန်လည်ရယူနိုင်မည်ဖြစ်သည်။
Source : Reuters
ဥက္ကာအာင်
Hot News journal

No comments:

Post a Comment