Saturday 5 January 2013

KIA သောင်းကျန်းသူ အဖွဲ့က အပြစ်မဲ့ ပြည်သူများ၏ မော်တော်ယာဉ် များကို လုယက် မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး




ယာဉ်မောင်း ဖိုးဇော် မောင်းနှင်သည့် ယာဉ်အမှတ် (၇ဌ/ ၇၅၁၂) လေးလုံးထိုးယာဉ်နှင့် ယာဉ်မောင်း စိုးနိုင်ဝင်း မောင်းနှင်သော ယာဉ်အမှတ် (၉ဌ/ ၂၆၄၈၉) တုန်ဖုန်းယာဉ် တို့သည် လိမ္မော်သီး၊ ပန်းသီးနှင့် မုန့်သေတ္တာများ တင်ဆောင်၍ လွယ်ဂျယ်မှ ဗန်းမော်သို့ ယမန်နေ့ နံနက် ၇ နာရီ ခန့်တွင် ထွက်ခွာခဲ့ရာ ယောယုံ ကျေးရွာနှင့် ဗျင်ဝိုင်း ကျေးရွာ အကြား ရောက်ရှိ စဉ် နံနက် ၉နာရီ ခွဲခန့်၌ လက်နက်ငယ် ကိုယ်စီကိုင် ဆောင်ထားသော KIA အဖွဲ့မှ ၁ဝဦး ခန့်က ယာဉ်များကို ရပ်ခိုင်းပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက် များအား အောက်သို့ ဆင်းခိုင်းကာ ယာဉ်မောင်း များ၏ လက်ကိုင်ဖုန်း များနှင့် မြန်မာငွေ ကျပ်တစ်သိန်း တို့ကို သိမ်းယူ ခဲ့သည်။

ထို့နောက် ယင်း KIAအဖွဲ့က ယာဉ်များ၏ နောက်ပိုင်း အောက်ဘက်တို့တွင် မိုင်းနှစ်လုံးစီ ကပ်၍ ဖောက်ခွဲ ဖျက်ဆီး ခဲ့သဖြင့် မော်တော်ယာဉ် များမှာ ပျက်စီးသွား ခဲ့ကြောင်းနှင့် ဖြစ်စဉ် ဖြစ်ပွားရာ အနီး တစ်ဝိုက်အား နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့က ရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း သက်ဆိုင်ရာ
ဲပြည်နယ်မှ သတင်း ရရှိသည်။

Myanmar Online News

No comments:

Post a Comment