Sunday 2 September 2012

မြန်မာအမည်တပ်၍ တရုတ်နိုင်ငံထုတ် တားမြစ်ပျားရည် ပြည်ပတင်ပို့ရန် စီစဉ်


တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့တင်ပို့လျက်ရှိသည့် တားမြစ်ဆေးဝါးများပါရှိသည့် တရုတ်ပျားရည်များ ကို မြန်မာအမည်တပ်၍ အခြားပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် တရုတ်နိုင်ငံ မှဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပျားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရသိရသည်။

“တရုတ်နိုင်ငံကထွက်တဲ့ ပျားရည်တွေကို တားမြစ်ဆေးတွေပါလို့ဆိုပြီး နိုင်ငံတကာက တင်သွင်းခွင့် ပိတ်ပင်ထားပါတယ်။ ဒီတော့ မြန်မာနိုင်ငံ ထဲကို တင်သွင်းတယ်။ တင်သွင်းရတဲ့ အဓိကရည်ရွယ်ချက် က မြန်မာအမည်သုံးပြီးတော့ နိုင်ငံခြားကို တင်ပို့ဖို့အတွက်ပဲ။ ဒီကိစ္စကို တားမြစ်နိုင်ဖို့အတွက် လုပ်ဆောင်နေပါပြီ”ပာု ပြည်တွင်းပျားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းက တားမြစ်ဆေးပါရှိသည့် တရုတ်ထုတ်ပျားရည်များအား ပြည်တွင်းသို့ တင်သွင်းနေမှုအပေါ် တားမြစ်အရေး ယူပေးပါရန် မြန်မာနိုင်ငံ ပျားလုပ်ငန်းရှင်များအသင်း က မွေးမြူေ ရးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီး ယခုအခါ တရုတ်နိုင်ငံထုတ် ပျားရည်များ ကို မြန်မာနိုင်ငံမှတစ်ဆင့် အခြားပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် တရုတ်လုပ်ငန်းရှင်များက စီစဉ်ေ ဆာင်ရွက်လျက်ရှိကြောင်း သိရသည်။

“တရုတ်နိုင်ငံက တားမြစ်ဆေးပါတဲ့ပျားရည်တွေကို ပြည်တွင်းကို တင်သွင်းပါတယ်။ ဒီလိုဆို တကယ် ကျန်းမာရေးထိခိုက်မှုတွေဖြစ်လာရင် မြန်မာပြည်သူတွေပဲ ထိခိုက်ရမှာပါ။ ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံးတားမြစ်ဖို့အတွက် မွေး/ရေ ကိုတင်ပြခဲ့ရတာပါ။ ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော ဆိုတဲ့ တရုတ်လုပ်ငန်းရှင်ကြီးတွေရဲ့ လုပ်ရပ်တွေပါပဲ။ ဒီအတွက်ကို တခုခု ပြန်တုန့်ပြန် သင့်ပါ တယ်”ပာူ မြန်မာနိုင်ငံပျားလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် မြန်မာ့ပျားရည်သည် ၂၀၀၅ ခုနှစ်မှစတင်၍ တန်ချိန် ၁၀၀ မှ ၂၀၀ ကျော်အထိ ထုတ်လုပ်၍ နိုင်ငံတကာ ဈေးကွက် သို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိအချိန်တွင် မြန်မာ့ပျားရည်ကို အမေရိကန်၊ ဂျပန်၊ မလေးရှား၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ အဓိကတင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment