Sunday 9 September 2012

USA ၀င်လာလည်း China ကိုမေ့လို့ရမှာမဟုတ်သေးပါဘူး ...


USA ၀င်လားလည်း China ကိုမေ့လို့ရမှာမဟုတ်ပါဘူး။ဘာကြောင့်လည်းဆိုရင် နှစ်ပေါင်းများစွာ ဥရောပနိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုတွေလုပ်ထားချိန်မှာ တရုတ်က မြန်မာနိုင်ငံမှာ သူတို့ကို ဖယ်ထုတ်ပြစ်လို့မရအောင် နေရာယူထားပြီးသားဖြစ်နေပါတယ်။

အရင် န.အ.ဖ ခေတ်ဝန်ကြီးဦးသိန်းဇော်လက်ထက်မှာကတည်းက စက်ပစ္စည်းတွေအဆင့်မြှင့်တင်ဖို့လိုပြီဆိုရင် အရင်က၀ယ်နေကြ ဂျာမနီတို့စင်ကာပူတို့ ပစ္စည်းတွေကိုမ၀ယ်တော့ပဲ တရုတ် ပစ္စည်းတွေကို ပေါချောင်ကောင်းလေးထင်ပြီးဝယ်သုံးထားတဲ့အတွက် မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးကဏ္ဍဟာ ငွေကုန်သလောက် အကျိုးမရှိဘူးဖြစ်နေတာပါ။

ခုလာပြန်ပြန် DSA ဆင်း နောက်တစ်ယောက်ဖြစ်တဲ့ ဦးသိန်းထွန်းဆိုတဲ့လူ။ဦးသိန်းထွန်း  (ဆသရ၀န်ကြီး)  သည် တပ်မတော်ဆက်သွယ်ရေးညွှန်ကြားရေးမှုဘ၀ကတည်းက ZTE ကိုအရမ်းအားကိုတာပါ။သူ့တပ်ထဲက စစ်ဗိုလ်ပေါက်စလေးတွေကို တရုတ်ကုမ္မဏီက တစ်ရက်ကိုဒေါ်လာတစ်ရာလောက်ပေးပြီး တရုတ်နိုင်ငံကို ပညာသင်ခေါ်နေတာရယ်။

ZTE ကတရုတ်လူမျိုးတွေက သူ့ကိုတရိုတသေဆက်ဆံပြီး အမြတ်အစွန်းလေးတွေထဲက မက်လောက်စရာငွေတွေကို ပေးနေတော့ အမေရိကပစ္စည်းတွေဂျပန်ပစ္စည်တွေဘယ်လောက် ပဲကောင်းနေပါစေ တရုတ်နဲ့ဆက်ဆံပြီးပေါင်းစားရတာ လွယ်ကူနေပြီဆိုတော့...

ခုဖြုတ်ပြီး နေရာပြောင်းတဲ့ဝန်ကြီးတွေပဲ မကောင်းတာမဟုတ်ပါဘူး အစိုးရအဖွဲ့ထဲမှာ ဒီပုတ်ထဲကဒီပဲတွေကျန်နေပါသေးတယ်။ဦးသိန်းထွန်းဆို ရင် ၀န်ကြီးတာဝန်ယူရတာ သိပ်မကြာသေးလို့ ဦးသိန်းစိန်က အခုဖြုတ်ထုတ်ပြောင်းထဲ မထဲ့သေးတာဖြစ်သလို သူ့လက်ထက်မှာ ကမ္ဘာဈေးအကြီးဆုံး ဒေါ်လာ၂၀၀ကျော်တန် ဖုန်းတွေကို တန်ဖိုးနည်းဖုန်းလို့ နာမည်တက်ခဲ့တာကို ဦးသိန်းစိန်ကနားလည်ပေးထားလို့ ၀န်ကြီးထိုင်ခုံကို ဖင်ပူအောင်ထိုင်နေရတာပါ။

သိဖို့ကောင်းတာက ကျွန်တော်တို့နိုင်ငံ ဥရောပစီးပွားရေးပိတ်ဆို့ခံထားရတာ နှစ်ပေါင်းမ နည်းတော့တဲ့ကာလမှ တရုတ်နိုင်ငံနဲ့ပဲဆက်ဆံနေရတာပါ။တရုတ်လူမျိုးတွေသာ(အမေရိကန်၊ အင်္ဂလန်၊ပြင်သစ်)တို့လို နိုင်ငံကြီးသားပီသတယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ပိုင်ဆိုင်မှုတွေနဲ့ဆိုရင် ဒီလောက်အခြေအနေတွေဆိုးရွားလာမှာမဟုတ်ပါဘူး။

ဒါကိုမြန်မာနိုင်ငံသားတွေလည်းသိမှာပါ။အကျီ်င်္တောင် တရုတ်ကအကျီနဲ့ ယိုးဒယားအကျီနဲ့တောင် မတူပါဘူး။တ၇ုတ်က မြန်မာတွေနဲ့ကိုးကွယ်ရာဘာသာနဲ့ယဉ်ကျေးမှုတူတယ်ဆိုပေမဲ့ မတူတာက စီးပွားရေးဆန်ပြီး ကိုယ်ကျိုးကြည့်တဲ့စိတ်ဓါတ်ပဲ။

ခက်ရိုင်းရိုင်းပြောမယ်ဆိုရင် အစိုးရအနေနဲ့ "ဘုရားတောင်အမှီရှိမှပွင့်တယ်"ဆိုတဲ့စကားလေးအတိုင်း မဖြစ်မနေ သူများအားကိုးရတာချင်းအတူတူတော့ တရုတ်ကိုအဖေခေါ်မယ့်အစား အမေရိကန်တို့ (ဘာသာတူ)ဂျပန်တို့လို နိုင်ငံကြီးသားတွေကိုပဲ ခေါ်စေလိုပါကြောင်း တရုတ်မှိုင်းမိနေသော သူများအား အသိပေးလိုက်ရပါ၏

ref:FB

No comments:

Post a Comment