Sunday 30 September 2012

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နယူးယောက်မြို့ရှိ မက်ထရိုပိုလီတန် အနုပညာပြတိုက်ကို သွားရောက်ကြည့်ရှုလေ့လာ

အမေရိကန် ပြည်ထောင်စုတွင် အကြီးဆုံးပြတိုက်၊ ကမ္ဘာ့အကြီးဆုံး အနုပညာပြတိုက်တွင် တစ်ခုအပါအဝင်ဖြစ်၊ ကမ္ဘာတစ်ဝန်းရှိ ရှေးဟောင်း အနုပညာလက်ရာများ၊ ရှေးဟောင်းယဉ်ကျေးမှု လက်ရာများကို စုစည်းပြသထား-


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းက နယူးယောက်မြို့ရှိ မက်ထရို ပိုလီတန်အနုပညာပြတိုက် (The Metropolitan Museum of Art) ကို သွားရောက်ကြည့်ရှုလေ့လာသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် ပြတိုက်သို့ ရောက်ရှိလာရာ ပြတိုက်မှ အမှုဆောင်ဒါရိုက်တာ Mr. John Guy နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတက ပြတိုက်သို့ အလှူငွေနှင့် အမှတ်တရ လက်ဆောင်တို့ကို ပေးအပ်ပြီး ပြတိုက် အတွင်းရှိ Great Hall Balcony ခန်းမ၊ တရုတ်၊ အရှေ့တောင်အာရှနိုင်ငံများ၊ ဂျပန်၊ အမေရိကန်၊ အီဂျစ်၊ ဗြိတိန်နှင့် ဥရောပနိုင်ငံများ၏ ရှေးဟောင်းအနု ပညာလက်ရာပြခန်းများ၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဂီတအနုပညာပစ္စည်းများ ပြခန်းနှင့် Great Hall Balcony ပြခန်းတို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။ အဆိုပါ ပြတိုက်သည် အမေရိကန် ပြည်ထောင်စုတွင် အကြီးဆုံးပြတိုက် ကြီးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး အနုပညာ ပြတိုက်တွင် တစ်ခုအပါအဝင်ဖြစ်သည်။ ပြတိုက်ကို ၁၈၇ဝ ပြည့်နှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၈၇၂ ခုနှစ် ဖေဖော် ဝါရီ ၂ဝ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပြတိုက်တွင် ကမ္ဘာတစ်ဝန်းရှိ ရှေးဟောင်းအနုပညာ လက်ရာများ၊ ရှေးဟောင်း ယဉ်ကျေးမှု လက်ရာများကို စုစည်းပြသထားသည်။ ပြတိုက်သို့ ၂ဝ၁၁ ခုနှစ်တွင် ဧည့်သည် ၅ ဒသမ ၄ သန်း လာရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

News from : မြ၀တီ

No comments:

Post a Comment