Sunday 23 September 2012

အပျော်တမ်း လေထီးခုန်သူနှစ်ဦး အခြင်းခြင်းတိုက်မိ၍ တဦးသေဆုံး။


အင်္ဂလန်နိုင်ငံ Peterborough မြို့မှ ၂မိုင်ကွာရှိ Sibson လေထီးခုန်စခန်းတွင် ဝေဟင်မှ အပျော်တမ်း   လေထီးခုန်ဆင်းလူသူ (၂)ဦးသည် မြေပြင်သို့ မရောက်မှီ ပေ(၅၀) အကွာတွင် အခြင်းခြင်းတိုက်မိ၍ လန်ဒန်မှ အသက်(၅၃)နှစ်အရွယ် အမျိုးသားတဦးသေဆုံးခဲ့ရသည်။ အခြားတဦးမှာ အသက်(၂၈)နှစ်အ ရွယ်ပြင်သစ် အမျိုးသားတဦးဖြစ်ပြီး ခန္ဓာကိုအချို့အစိပ်အပိုင်းနှင့် ခြေထောက်ကျိုးသွားပြီး   ဆေးရုံသို့  အရေးပေါ်ပို့ဆောင်ခဲ့ရသည်။ 

မြေပြင်ပြင်တွင် မျက်မြင်ကြုံတွေ့ရသူ Magpas က မြေပြင်ကယ်ဆယ်ရေးအဖွဲ့ဟာ အစွမ်းကုန် အရေးပေါ်ကယ်ဆယ်ခဲ့သော်လည်းသေဆုံးသွားခဲ့ကြောင်း၊ ဒါဏ်ရာသူကိုလည်းချက်ခြင်းအရေးပေါ်ဆေး ရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြောပြခဲ့သည်။

ဝေဟင်လေယာဉ်ပေါ်မှ လေထီးခုန်ကစားနည်းဟာ အသက်အန္တရာယ်နီးကပ်သော်လည်း စွန့်စားမှုနှစ် သက်သူများကြိုက်နှစ်သက်သော အစီအစဉ်တခုဖြစ်သည်။ လေထီးခုန်ကစားနည်းကို ကျွမ်းကျင်သော နည်းပြများဖြင့် ဝန်ဆောင်မှုပေးသောကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှုနည်းပါးသည်။ 
အမေရိကားတွင်မူ နှစ်စဉ် အကြိမ် တသိန်းခွဲလေထီးခုန်ချမှုတွင် ၂၅ဦးသေဆုံးမှုဖြစ်ပေါ်သောကြောင့် သေဆုံးမှု ၀.၀၀၀၇ ရာခိုင်နှုန်းရှိသည်။ လေထီးခုန်ချရာတွင် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှရသူတ ဦးမှ လေထီးခုန်ချသူ ၂ဦးအားကူညီထိမ်းကျောင်းရင်း ခုန်ချခြင်းဖြစ်သည်။ လေထီးခုန်ချသူတဦးသည် အတွေ့အကြုံမရှိသေးပါက မိနစ်၃၀ကြာသင်ကြားပေးပြီး ကျွမ်းကျင်သူတဦးမှ အတူတကွ ကူညီခုန် ချခြင်းဖြစ်သည်။ အမြင့်ပေတသောင်းသုံးထောင်(၂မိုင်အကွာအဝေး) မှခုန်ချခြင်းဖြစ်သည်။ 
Sibson လေထီးခုန်စခန်းတွင် လေထီးခုန်လိုပါက တဦးလျင် ပေါင် ၁၉၀ (မြန်မာကျပ်ငွေ ၂သိန်းခွဲနီးပါး) ကုန်ကျပြီးအသက်အာမခံကြေးအပါအဝင်ဖြစ်သည်။
 
ref:FB

No comments:

Post a Comment