Monday 12 September 2011

အန်တီ မှားနေတာ ကြာပါပြီကော အန်တီရယ်

                           စက်တင်ဘာလ ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ရန်ကုန်ခရော်နီကယ်၏
မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်မှ  ပြန်လည် ဖြေကြားခဲ့ရာ ၌ “အန်တီ မှားခဲ့ရင်၊ ကျရှုံးခဲ့ရင် အန်တီတာဝန်ယူမယ်” လို့ သူမ၏လူ(အတိုက်အခံ) များသို့ ရည်ရွယ်တဲ့အာမခံ စကားတစ်ခုကိုထည့်သွင်းဖြေကြားခဲ့ပါတယ်။

      ကျွန်တော့် အထင်ကတော့ အန်တီ မှားနေတာကြာပါပြီ။အန်တီပြောသလို တာဝန်ယူမယ် ဆိုရင်တောင် တာဝန်ယူသင့်တာကြာပါပြီ။ အန်တီ လုပ်ဆောင်ခဲ့သမျှ တွေကိုပြန်လည်သုံးသပ်ကြည့်မယ်ဆို လျှင် အန်တီ
လုပ်ဆောင်ခဲ့ တာဟာ တိုင်းပြည်ကောင်းဖို့ အတွက် လား ? သို့မဟုတ် ပြည်သူလူထု ကြား စိတ်ဝမ်းကွဲ အောင် လုပ်ဆောင်နေသလား ဆိုတာ ပြန်လည် သုံးသပ်စေချင်ပါသည်။ အန်တီ့ ဘ၀ တလျှောက် မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ သက်တမ်း မည်မျှ ရှိသနည်း ။ အမိ နိုင်ငံ ကောင်းကျိုး   မည်မျှ
လုပ်ဆောင်နိုင်ခဲ့ သနည်း စဉ်းစားစေချင်ပါသည် ။ အန်တီ ဟာ ကျွန်တော်တို့ တိုင်းပြည် လွတ်လပ်ရေး ဖခင်ကြီး ၏ သမီးတစ်ယောက် ဖြစ်သည် ဆိုသော အချက်ကြောင့်ပင် လူအများ ၏ ယုံကြည် ကိုးစားခြင်း
ကိုရရှိခဲ့တာပါ ။ အန်တီ့ ရဲ့ လုပ်ဆောင် ချက် ကတော့ ကျွန်တော်တို့ တိုင်းပြည် အတွက် အနှုတ်ပြနေတာပါ ။ အန်တီသာအမှန်တကယ် တာဝန်ယူ ရဲတယ်ဆိုရင် မှန်ကန်တဲ့ လမ်းကိုရဲရဲဝံ့ဝံ့ လျောက်လှမ်း ပြီး လက်ရှိ အစိုးရသစ် နဲ့ လက်တွဲ ကာ တိုင်းပြည်ကောင်းကျိုး ကို ကြိုးစား
လုပ်ဆောင် ရမှာပါ ။ အန်တီ့ ဖခင်ကြီး ရဲ့ မျက်နှာကို အိုးမဲသုတ်နေတာတွေကို ရပ်တန်း ကရပ်ပြီး
သူလျောက်ခဲ့တဲ့ လမ်း ကိုပြန်လာပါတော့ လို့ တောင်းဆိုပါရစေ ။ အန်တီ့ ဖခင် ကြီးက အမိ နိုင်ငံ ထဲကနေ တိုင်းတပါးသားတွေကိုမောင်းထုတ် ခဲ့တာပါ ။လက်ရှိ အန်တီကတော့အဲ့လိုမဟုတ်ပဲ တိုင်းတပါးသားတွေ ကို
လက်ကမ်းခေါ်နေတာပါ ။ ပြန်စဉ်းစားကြည့် ပါအန်တီ ။ အန်တီ ဟာ မိမိ တို့ တိုင်းပြည် ကိုနှစ်ပေါင်း ရာချီ အောင်ကျွန်ပြု နှိပ်စက် ခဲ့တဲ့ အင်္ဂလန် နိုင်ငံသား တစ်ဦး ကိုလက်ထပ် ခဲ့တာ အပြစ် မတင်လိုပါဘူး ။
ဖူးစာပေါ့နော် ။ အဲ့လိုပဲ သူတစ်ပါး နိုင်ငံ မှာ ဆယ်စုနှစ် ပေါင်းများစွာ နေထိုင်ခဲ့တာကိုလဲ အပြစ်မပြောရက်ပါဘူး ။ အကြောင်းကြောင်းကြောင့်ပေါ့နော် ။ အန်တီ ဟာ ၁၄ နှစ်သမီး အရွယ် ကတည်း ကအမိ နိုင်ငံ မှ ထွက်သွားခဲ့သူပါ ။ ၁၄ နှစ် မတိုင်ခင်ကလဲ အမိ နိုင်ငံ အကျိုး မသယ်ပိုးခဲ့ နိုင်ပါဘူး ။ ကလေးမို့လို့ပေါ့နော် ။ အဲ့လိုနဲ့ အန်တီ ဟာ အင်္ဂလန် နိုင်ငံ သားတစ်ဦး နဲ့ အကြောင်းဆက်ပြီး အသက် ၄၃ နှစ်ထိတိုင် အမိနိုင်ငံကိုလှည့်မကြည့်ခဲ့ပါဘူး ။
အဲ့တာလား အန်တီ့ ရဲ့ အမိ နိုင်ငံ ကိုချစ်တဲ့ စိတ် ၊ ဒါတောင် အန်တီ့ မိခင် နေမကောင်း လို့ ပြန်လာခဲ့တာပဲ ။ နိုင်ငံကိုချစ်လို့ နိုင်ငံ အတွက်
ပြန်လာတာမှမဟုတ်ပဲ ။ ကျွန်တော်ပြောတာမမှားပါဘူးနော် ။ အဲ့နောက်မှ အန်တီ ဟာ နိုင်ငံ ကိုပဲချစ်သယောင်ယောင် နဲ့ နိုင်ငံရေးတွေလုပ်ပြနေလိုက်တာ ။ နောက်က ကြိုးကိုင်စေခိုင်း ချက်တွေကြောင့် ပဲလား ။ ဒါမှမဟုတ် ဒုက္ခသည် အမည်ခံ နိုင်ငံ ရေး သမားတွေရဲ့ ထောက်ပံ့ကြေးငွေ ရရှိ ရေး ၊ မိမိ ဘ၀ အဆင်ပြေရေး ၊ မိမိ မိသားစု ပြေလည်ရေး အတွက် သံယောင် ဟစ်နေတဲ့ အားပေးထောက်ခံမှု့ တွေအပေါ် မှာ သာယာလို့ပဲလား မသိ အန်တီ လုပ်ဆောင်နေတာပါ။မှားတဲ့ လမ်းပေါ် ဆက်လျောက်နေခဲ့တာပါ ။ တကယ်တမ်း လက်တွေ့ မှာ အန်တီ့ ရဲ့ လုပ်ဆောင်မှု့ ကဘာမှမယ်မယ်ရရ မရှိခဲ့ပါဘူး ။ အန်တီ ဟာ မြန်မာ့ရေမြေ အကြောင်း ၊ မြန်မာ လူမျိုးတွေ ရဲ့ စိတ်ဓါတ် ၊
လိုအပ်ချက် ကို အမှန်တကယ် နားမလည် ခဲ့ပါဘူး ။ အာရေဗျ ဆိုရိုးစကား တစ်ခု ရှိတယ် ဗျ "သိသူ ၊ သို့သော် မိမိ သိကြောင်းမသိသူ ၊ ထိုသူသည်အိပ်ပျော်နေသောသူ ၊ သူ့အားနှိုးပါလေ"တဲ့ ။ ကျွန်တော့် အမြင်အရအန်တီ ဟာ ထိုမျှတောင်မဟုတ်သေးပါဘူး ။ အန်တီ အိပ်မပျော် ပါဘူး ။ အန်တီ အိပ်ချင်ယောင်ဆောင်နေတာပါ ။ အဲ့တာကြောင့် ပဲ အနှိုးရခက်လေသလား အန်တီရယ် ။ နိုင်ငံတစ်နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ မှု့ဟာ အဘယ်မျှ အကျိုး သက်ရောက် သည် ကိုအန်တီ သိပါလိမ့်မည် ။ ထို့ကြောင့်ပင် အန်တီ ပိတ်ဆို့ အရေးယူခဲ့ပေမည် ။ ထိုသို့ ပြုလုပ် ခြင်းဟာ မည်သူများအပေါ် အကျိုးသက်ရောက် သနည်း ။ လက်ရှိ ခံစားနေရသူများ ဟာ မည်သူတွေနည်း ။ အန်တီ မြင်ကြည့်လှည့်ပါ ။ အန်တီပြောပြောနေတဲ့ မြန်မာနိုင်ငံကောင်းစားရေး ၊ မြန်မာပြည်သူ လူထု ကောင်းစားရေး ဆိုတာ အဲ့တာတွေလား အန်တီ ။ လက်ရှိ အန်တီ့ စနက် မီးကြောင့် မြန်မာ နိုင်ငံ တစ်ဝှမ်း စစ်မက်များ ဖြစ်ပွားနေကြ ရပါတယ် ။ အကြောက်အလန့် နဲ့ နေထိုင်နေကြရတာ မည်သူတွေနည်း ။ စစ်ဒဏ် ခံစားနေရတဲ့ ပြည်သူတွေပါပဲ အန်တီ ။ အန်တီ ကတော့ ဘယ်သိမလဲအန်တီ့ အိမ်နားမှာ ဖြစ်တာမှမဟုတ်ပဲ ။ ကျွန်တော် အဲ့လိုပြောလိုက်လို့ လွန်သွားမလား အန်တီ ။ လွန်ပါစေ အန်တီ ။ အန်တီ နိုးထနိုင်ဖို့ ပြောရမှာပါပဲ ။ လက်ရှိ မြန်မာ နိုင်ငံ ကြီး အရေးပါလို့ အသံကောင်း ဟစ်နေကြတဲ့ တိုင်းပြည်တွေ ၊ အသံကောင်း ဟစ်နေကြတဲ့ ပြည်ပြေးတွေ ဘယ်သူတွေမှ ကိုယ်တိုင်မခံစားကြရပါဘူး ။ ပြည်ပြေးတွေ ကလည်း  အဝေးကနေပဲ သူ့တို့ နေထိုင်စားသောက်မှု့ အဆင့်အတန်းမြင့်မားရေးအတွက်
ဘယ်သူသေသေ ငတေမာရင်ပြီးရော လုပ်နေကြတာပါ ။ လက်ရှိမှာ အမိနိုင်ငံ အတွက် အကျိုး ဆိုတာဖြစ်မလာပါဘူး ။ အထိကရုံး ဖြစ်ရေးသာ ရည်ရွယ်နေကြတာပါ ။ ဒါမှလည်း သူတို့ ဒုက္ခသည် အမည် ခံပြီး ဆက်လုပ်ဆောင်နေနိုင်မှာကိုး ။ သူတို့ ရဲ့ နေထိုင်စားသောက်နေမှု့ ၊ လုပ်ဆောင်နေမှု့ တွေမှာ အဆင့်အတန်းရှိတာ တခုမှ မရှိပါဘူး ။ သူတို့ နေထိုင်နေပုံ လုပ်ဆောင်နေပုံတွေကို အင်တာနက်စာမျက်နှာ တော်တော်များများ မှာတွေ့ နိုင်ပါတယ် ။ မြန်မာနိုင်ငံ ကောင်းစားရေး အော်ဟစ် စည်းဝေးနေကြတဲ့ နိုင်ငံတော်တော်များများ ဟာလည်း ထိုနည်း ငှင်းပါပဲ ။ နိုင်ငံ တစ် နိုင်ငံ နှင့် တစ်နိုင်ငံ မဆိုထားနှင့် ။ လူ တစ်ဦး တစ်ယောက်ချင်းမှာတောင် ကိုယ့်အတွက် အကျိုးမရှိရင် လှည့်မကြည့်တတ်ကြပါဘူး ။ ရှိရင်တောင် ၁၀၀ မှာ ၁ ယောက်မရှိပါဘူး ။ လက်ရှိ မြန်မာနိုင်ငံ အရေး ကြိုးပမ်းနေတဲ့ နိုင်ငံတွေရဲ့ လိုလားချက်တွေ ၊ ရယူလိုမှု့ တွေကလည်း ဖော်မပြနိုင်အောင်များပြား လှပါတယ် ။ ဒါတွေကို သိသိ ကြီး နဲ့ပဲ တိုင်းတစ်ပါးသားတွေ ကို လက်ယပ်ခေါ်နေတဲ့ အန်တီ့ ရဲ့ လုပ်ဆောင်မှု့ ကလည်း အံ့မခန်းပါပဲ အန်တီ ရယ် ။ ထိုသို့သော သူများကိုအန်တီကခေါင်းဆောင်နေရတာပါ ။ မပြတ်သား သူ ဟာ ဘယ်လိုမှ ခေါင်းဆောင်မဖြစ်နိုင်ပါဘူး ။ ဥာဏ် အမြော် အမြင် နှင့် စဉ်းစားဆင်ခြင်ပြီး ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး ရဲရဲဝံ့ဝံ့ ဆောင်ရွက်မှ သာခေါင်းဆောင်ကောင်းဖြစ်လာနိုင်တာပါ ။ လက်ရှိမှာ အန်တီ ဟာခေါင်းဆောင်နေတာမဟုတ်ပဲ မှားတဲ့လမ်းကိုညွှန်ပြပြီး ခေါင်းရှောင်နေတာပါ ။ အန်တီချပေးတဲ့ လမ်းအတိုင်း ပြည်သူများ ဟာ ထပ်ကြပ်မကွာ လျောက်ခဲ့ ကြပြီးပါပြီ။ဒါပေမယ့် အန်တီကတော့ အဲ့လမ်းကြောင်း ကိုချ ရုံ ချပေးခဲ့ပြီး ကိုယ်တိုင် လျောက်လှမ်းခဲ့တာ မဟုတ်ပါဘူး ။ "ပညာရှင်ဆိုသူများဟာ အတွေးအခေါ် (Idea) တွေကို စိတ်ပါဝင်စားရုံသာမက ကိုယ်ထိလက်ရောက်လုပ်ကိုင်ဆောင်ရွက်သူများဖြစ်တယ်။ သူတို့က သူတို့ဟာ သူတို့တာဝန်အဖြစ် သတ်မှတ်ကြတယ်။တချို့က ဝတ္တရားတစ်ခုအဖြစ်လို့ကို သဘောထားကြတယ်။ သူတို့မှာရှိတဲ့ စိတ်ဝင်စားမှုနဲ့ ကျွမ်းကျင်မှုများကိုသာ ထိုက်ထိုက်တန်တန် အသုံးချခွင့်ရမယ်ဆိုရင်၊ သူတို့ဟာ ခွဲခြမ်းစိတ်ဖြာဖို့၊ မေးခွန်းတွေထုတ်ဖို့၊ ရှင်းလင်းချက်တွေလုပ်ဖို့၊ အမြင်သစ် ရှုထောင့်သစ်တွေ ရှာဖို့၊ အကြံပေးတင်ပြဖို့၊ ဝေဖန်ဖို့၊ စိန်ခေါ်ဖို့၊စောဒကတက်ဖို့၊ စစ်ဆေးစမ်းသပ် အဆိုပြုချက်တင်ဖို့၊ အချေအတင်ငြင်းခုံဖို့၊ ပညာပေးဖို့၊ သဘောထားပြောကြားဖို့၊ အကြံပြုဖို့ဖြစ်နိုင်ရင် အသစ်ရှာတွေ့ရှိဖို့ မဆုတ်မနစ် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ဒီအလုပ်တွေကို သူတို့က လူ့အဖွဲ့အစည်းကြီးအတွင်း စာရိတ္တရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုရေးစတဲ့ အရေးကိစ္စ များကို ပြောဆိုဆွေးနွေးလုပ်နေကြရမှာ သူတို့ရဲ့ ပါဝင် အကျိုးပြုမှုအဖြစ် သဘောထားကြတယ်။ ဒါတင်မက လူအဖွဲ့အစည်းကို သမိုင်းက သင်ကြားပေးလိုက်တဲ့ သင်ခန်းစာများအကြောင်း သတိပေးနှိုးဆော်ဖို့၊ အနာဂတ်အတွက် ပြုခဲ့တဲ့ ကတိကဝတ် ပြဋ္ဌာန်းချက်များကို မမေ့မလျော့ရှိစေဖို့ နှိုးဆော်ဖို့အဖြစ်လည်း သဘောထားခဲ့ကြတယ်။ 
အဲဒါကြောင့် ‘ပညာရှင်’ ဆိုသူများဟာ ‘ဆိုကရေးတီး’က သူ့ကိုယ်သူ ခိုင်းနှိုင်းပြောခဲ့တဲ့ စကားအတိုင်း ပြောရရင်၊ ‘တိုင်းနိုင်ငံတစ်ခုကို အစဉ်အမြဲ နိုးကြားနေအောင် ထိုးဆွပေးတဲ့ မှက်ကောင်များဖြစ်တယ်’လို့ ဆိုရပေလိမ့်မည်။" လို့ ပြောကြားခဲ့ ဖူးပါတယ် ။ အန်တီ ဟာ မိမိ ကိုယ်ကိုယ် ခေါင်းဆောင် ပညာရှင်လို့သာ ဆိုနေတာပါ ထိုနည်းလမ်း တွေနဲ့ သွေဖယ်ပြီး တခြားဖက် ကိုရောက်နေတယ်ဆိုတာကို သတိ ပြုမိဖို့လိုအပ်နေပါပြီ ။ အန်တီ ဟာ အောင်မြင်တဲ့ အချိန်မှာ မိမိ ရင်ဘတ်ကိုပုတ်ပြပြီး အမှားအယွင်း အပျက် အစီးများ ကြုံ လာတဲ့ အခါမှာ ဘေးဘီ ကိုလက်ညှိုးထိုးပြနေတာဟာ ကလေး စိတ်မပျောက်သေးသူတို့ရဲ့ လက္ခဏာတစ်ရပ်ပါ ။ အဲ့လို အပြစ်ပုံ ချနေတာတွေကိုရပ်တန့်ပြီး လက်ရှိအစိုးရသစ် နဲ့ မြန်မာနိုင်ငံ အကျိုး ကိုညှိညှိ နှိုင်းနှိုင်းလုပ်ဆောင်သင့်တဲ့ အချိန်ကို ရောက်နေပါပြီ အန်တီ ။ အန်တီ မှားခဲ့ရင် အန်တီ ကျဆုံး ခဲ့ ရင်အန်တီ တာဝန် ယူပါ့မယ် ဆိုလျှင်ဖြင့် လက်ရှိ အချိန်မှာ အန်တီ ဟာ အန်တီ့ ရဲ့ အဖွဲ့ အစည်း ကြီးကို ပြတ်ပြတ်သားသား ဦးဆောင်ပြီး လက်ရှိအစိုးရသစ် နဲ့ ပူးပေါင်းကာ တိုင်းပြည် တာဝန် ကို တစ်ထောင့်တစ်နေရာမှ
ထမ်းဆောင်သင့်ပါပြီလို့ အကြံပြုရင်း........................
(http://aboutofmyanmar7.blogspot.com/) မှကုးယူပါသည်။

No comments:

Post a Comment