Thursday, 28 November 2013

၁၃ နှစ်အရွယ် ကျောင်းသူတစ်ဦးနဲ့ ဗီဒီယိုရိုက်ပြီး အွန်လိုင်းတင်တဲ့ ကျောင်းသား

လွန်ခဲ့သည့် အပတ်က နာမည်ကြီးခဲ့သည့် NUS မှ မလေးရှား ကျောင်းသားစုံတွဲ

စင်္ကာပူနိုင်ငံက ကျောင်းသားတစ်ဦးဟာ ၂၀၀၉ ခုနှစ်အတွင်း က ကျောင်းတက်ဖော် ၁၃ နှစ် အရွယ်ကောင် မလေးနဲ့ အတူနေခဲ့ပြီး သူမရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ ဗီဒီယိုရိုက်ယူ အွန်လိုင်းပေါ် တင်ခဲ့ ပါတယ်။

သမုဒ္ဒရာထက် ရေပွက်ပမာ သမ္မတကြီးများ

 

မဟာသမ္မတမင်းမှ သမ္မတဆို သည့်ဝေါဟာရသည် ဆင်းသက် လာခဲ့သည်။ မြန်မာဗုဒ္ဓဘာသာဝင် တို့ နေ့စဉ်ဝတ်ပြုသော သြကာသ ဘုရားကန်တော့ချိုးပါ ဆုတောင်း တွင်” အပယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ဝိပ္ပတ္တိတရား ၄ ပါးစသည်တို့မှအခါခပ်သိမ်းကင်းလွတ်ငြိမ်း သည်ဖြစ်၍”ဟု အစချီသောဆုကို သိလျက်နှ င့်ဖြစ်စေ၊ ရိုးရာ ဓလေ့အရအဖြစ်တောင်းကြရာ ရန်သူမျိုးငါးပါး၌ မင်း(သမ္မတ) တစ်ပါးလည်း ပါဝင်လေ၏။ (လွတ်လပ်ရေးရပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အုပ်ချုပ်ရေး စနစ်တွင် သမ္မတများက ဂုဏ်ထူးဆောင် အဆင့်သာရှိ၍ အမှန်တကယ်ကြိုးကိုင်အုပ်ချုပ်သည့် ဝန်ကြီး ချုပ်များသည်လည်း ”မင်း”ပင် ဖြစ်၏။)

Look Younger Secrets အသက်ရပေမဲ့ ဆက်လှချင်သလား

• Start With Primer (ပရိုင်မာ) အခြေခံက စပါ
Laugh lines ငယ်တုံး-ရွယ်တုံးက ရီခဲ့ရလို့ မျက်နှာအရေးအကြောင်းတွေက မလှသလိုဖြစ်လာမယ်။ အရေပြားဟာ အသက် ရလေလေ ပါးလျလာလေလေ၊ ခြောက်သွေ့လာလေလေ ဖြစ်တယ်။ ဒါဆိုရင် High-quality primer fills အဆင့်မြင့် ဖြည့်စရာ (ပရိုင်မာ) ကို သုံးပါလို့ (ဆယ်လ်ဘရီတီ) အချောအလှတွေရဲ့ လက်သုံးတော် အလှပြင် အနုပညာရှင် Robin Rylant (ရော်ဘင်-ရေးလင့်) က ပြောပါတယ်။ သူ့ဖေါက်သည်ထဲမှာ Celine Dion (ဆယ်လင်-ဒီယွန်) လဲပါတယ်။

အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ဘက်မှာ လွတ်လပ်တဲ့ သဘောထားတွေရှိလာ







ခုခေတ် အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့အပိုင်းမှာ အရင်ထက် ပိုပြီးလွတ်လပ်တဲ့သဘောထားတွေ ရှိလာပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကနဲ့ယှဉ်ရင် ချစ်တင်းနှောဖက် အရေအတွက်ဟာ ၂ဆပိုများလာတယ်လို့ စစ်တမ်းကောက်ချက်တွေအရ သိရပါတယ်။

အမျိုးသားရေး စိတ်ဓာတ်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်

http://burma.irrawaddy.org/wp-content/uploads/2013/11/National-Day-Boycotters.png
၁၉၃၈ ခုနှစ်က အမျိုးသား ခေါင်းဆောင်ကြီး တချို့နှင့် ကျောင်းသား ခေါင်းဆောင်များ ရန်ကုန်မြို့ အတွင်း အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် လှည့်လည် ချီတက်စဉ်

လွတ်လပ်၍ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် အတွက် တိုက်ပွဲဝင်ခဲ့ကြသည်မှာ ယနေ့ဆိုလျှင်  ၉၃ နှစ်ပင် ကြာခဲ့ပါပြီ။ ပန်းတိုင်ရောက်ရဲ့လား။

Wednesday, 27 November 2013

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား

Photo: မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
Wednesday, November 27, 2013

သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့

မက်ဆီအတွက် ခေါ်ဈေးကို လိုက်မပေးနိုင်ကြောင်း ဘိုင်ယန်ဥက္ကဋ္ဌပြောကြား
လီယွန်နယ်လ် မက်ဆီအတွက် ဘာစီလိုနာ တောင်းသည့်ဈေးမျိုး ပေးချေကာ ကမ်းလှမ်းဝယ်ယူခြင်းသည် ဖြစ်နိုင်ခြေ မရှိသော ကိစ္စမျိုးဟု ဘိုင်ယန်မြူးနစ် ဥက္ကဋ္ဌ ကားလ်ဟိန့်ဇ် ရူမန်နစ်ဂီက ပြောကြားလိုက်သည်။ သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့သည်။ ဘာစီလိုနာ အသင်းသည် Adidas၏ မဟာပြိုင်ဘက် Nikeနှင့် စာချုပ်ထားရာ Adidasက မက်ဆီကို ဘိုင်ယန်က ခေါ်ယူနိုင်ခြင်းသည် Nikeကို ထိုးနှက်နိုင်မှု လက်နက်တစ်ခုအဖြစ် ယူဆထားသည်။ သို့သော်လည်း လက်ရှိ ဂျာမနီနှင့် ဥရောပ ချန်ပီယံ အသင်းကြီးက မက်ဆီကို ဝယ်ယူရန် အစီအစဉ် မရှိဟု အတိအလင်း ငြင်းချက်ထုတ်လာခြင်း ဖြစ်သည်။

စပိန်မှ သတင်းအချို့က အသက်(၂၆)နှစ် ရှိပြီဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or)ကို (၄)နှစ်ဆက် ရယူထားသည့် မက်ဆီသည် ဘာစီလိုနာနှင့် စာချုပ်ပါ တန်ကြေးသတ်မှတ်ချက် ယူရိုသန်း(၂၅၀)ရှိကြောင်း ဖော်ပြခဲ့ကြသည်။ ဘိုင်ယန်၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက မက်ဆီကို ခေါ်ယူနိုင်လျှင် ဘိုင်ယန်အတွက် အကျိုးများလိမ့်မည်ဟု မှတ်ချက်ပြုခဲ့ရာ ကောလာဟလများ ပိုမိုအားကောင်းလာခဲ့သေးသည်။ ရူမန်နစ်ဂီကမူ ယင်းအခြေအနေသည် ဖြစ်နိုင်ခြေ မရှိဟု ပြောကြားသွားသည်။

"မက်ဆီဟုတ်လား။ ကျွန်တော်တို့ ဖြစ်နိုင်ခြေ မရှိတဲ့ အရာမျိုးအကြောင်း ပြောနေသလိုပဲ။ ကျွန်တော်တို့ ယာဗီမာတီနက်ဇ်ကို ခေါ်ယူခဲ့တုန်းကထက် ဈေးနှုန်းက အများကြီး ပိုလိမ့်မယ်။ ကျွန်တော်တို့ လက်လှမ်းမီမယ် မထင်ဘူး"ဟု ရူမန်နစ်ဂီက ဆိုသည်။ ၎င်းက "နောက်တစ်ချက်က ဘာစီလိုနာ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်ကလည်း မက်ဆီကို ရောင်းမယ်မထင်ပါဘူး။ သူဟာ ဘာစီလိုနာမှာ သူတော်စဉ် တစ်ယောက်လို ရိုသေကိုးစား ခံရသူပါ။ သူ့ကိုရောင်းဖို့ လမ်းမမြင်ဘူး။ မက်ဆီကိုယ်တိုင်ကလည်း ဘာစီလိုနာမှာ ဆက်နေဖို့ပဲ စိတ်ဝင်စားမယ် ထင်ပါတယ်။ သူက အဲဒီမှာပဲ လုံးဝဥဿုံ အံဝင် အဆင်ပြေနေတယ် မဟုတ်လား"ဟုလည်း ကောက်ချက်ချသွားသည်။

Planet Myanmar Network
သတင်းအချို့က ဘိုင်ယန်သည် ၎င်းတို့၏ လက်တွဲဖော် ဂျာမန် အားကစား လုပ်ငန်းစုကြီး Adidas၏ အကူအညီဖြင့် အာဂျင်တီးနား လက်ရွေးစင် မက်ဆီကို ခေါ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း အမြန်လမ်းမကြီး ပိုမိုလုံခြုံမှုရှိစေရန် ကင်းပုန်းဝပ် စောင့်ကြည့်စစ်ဆေးမှုများ တိုးချဲ့ဆောင်ရွက်မည်



ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်၌ ခရီးသွား ပြည်သူများ ပိုမိုလုံခြုံမှု ရှိစေရန်အတွက် ကင်းပုန်းဝပ် စောင့်ကြည့် စစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး နေ၀င်းက နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

တာမွေဈေးမှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦး ယာဉ်တိုက်ခံရ

၂၆.၁၁.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း မင်းဦး (ဘ)ဦးအုန်းဟန်၊ သဇင်လမ်း၊ (၉)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်နေသူ မောင်းနှင်လာသော CC/-----ပရိုဘောက်(ငွေမင်ရောင်)ယာဉ်သည် တာမွေဈေးမှတ် တိုင်အနီးအရောက် လမ်းဖြတ်ကူးသူ

ထိုင်းဆန္ဒပြသမားတွေ အစိုးရရုံးတွေကို ဆက်လက်သိမ်းပိုက်


ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ အတိုက်အခံ ဆန္ဒပြသူတွေဟာ ဘန်ကောက်က အရေးပါတဲ့ အစိုးရအဆောက်အဦးတွေကို ဆက်ပြီး သိမ်းပိုက်ဖို့ ကြိုးစားနေကြသလို ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ် (Yingluck Shinawatra) ဟာလည်း လွှတ်တော်တွင်း အယုံအကြည်မရှိ မဲပေးမှုတွေနဲ့ ကြုံနေရပါတယ်။

သံတွဲအကြမ်းဖက်မှုနဲ့ဆက်နွယ်သူ ၉၀ ကျော် စတင်အရေးယူ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မကြာသေးခင်တုန်းက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှု လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး လူပေါင်း ၁၀၀ နီးပါးကို စတင် အရေးယူထားပြီ ဖြစ်တဲ့အကြောင်း အစိုးရ တာဝန် ရှိသူတွေက ပြောပါတယ်။

Tuesday, 26 November 2013

Virginity (2) အပျို တကယ်စစ်ပါတယ် (၂) အသက်(၁၈)နှစ်ပြည့်မှ ဖတ်ပါ

ကျမတို့ လင်မယားနှစ်ယောက်မှာ ပြဿနာတစ်ခု တက်နေပါတယ်ရှင့်။ ကျမက အခုအသက် ၂၃ နှစ်ရှိပါပြီရှင့်။ ကျမတို့ မိန်းကလေး သဘာဝအရ ယောက်ျားလေးနဲ့ စပြီး နေတဲ့နေ့မှာ သွေးကျရမယ်လို့ ကျမအမျိုးသားက ပြောပါတယ်။ ကျမ အဲလိုသွေးမကျဘူးတဲ့။ အဲဒါကြောင့် ကျမကို အပျို မစစ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ ဘယ်သူနဲ့ ဘာလုပ်ခဲ့လဲဆိုပြီး နေ့စဉ် အဲဒါကိုပဲ ပြဿနာလုပ်နေပါတယ်။ အမှန်တကယ်ကို ကျမသူနဲ့မရခင် ဘယ်သူနဲ့မှ ဘာမှမဖြစ်ခဲ့ပါဘူး။ သူ့ကို ပြောပြတော့လဲ သူကကျမကို မယုံပေးပါဘူး။ ဘာကြောင့်များ ကျမ သူများတွေနဲ့ မတူပဲ ခုလိုမျိုး ဖြစ်နေရသလဲ ဆိုတာကို ကျမအမျိုးသား ယုံအောင်ကျမမှာ ဆေးပညာ ဗဟုသုတ မရှိတဲ့အတွက် ကျမတို့ကို ကူညီပေးပါလို့ တောင်းခံပါရစေရှင့်။