Thursday 28 November 2013

သမုဒ္ဒရာထက် ရေပွက်ပမာ သမ္မတကြီးများ

 

မဟာသမ္မတမင်းမှ သမ္မတဆို သည့်ဝေါဟာရသည် ဆင်းသက် လာခဲ့သည်။ မြန်မာဗုဒ္ဓဘာသာဝင် တို့ နေ့စဉ်ဝတ်ပြုသော သြကာသ ဘုရားကန်တော့ချိုးပါ ဆုတောင်း တွင်” အပယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ဝိပ္ပတ္တိတရား ၄ ပါးစသည်တို့မှအခါခပ်သိမ်းကင်းလွတ်ငြိမ်း သည်ဖြစ်၍”ဟု အစချီသောဆုကို သိလျက်နှ င့်ဖြစ်စေ၊ ရိုးရာ ဓလေ့အရအဖြစ်တောင်းကြရာ ရန်သူမျိုးငါးပါး၌ မင်း(သမ္မတ) တစ်ပါးလည်း ပါဝင်လေ၏။ (လွတ်လပ်ရေးရပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အုပ်ချုပ်ရေး စနစ်တွင် သမ္မတများက ဂုဏ်ထူးဆောင် အဆင့်သာရှိ၍ အမှန်တကယ်ကြိုးကိုင်အုပ်ချုပ်သည့် ဝန်ကြီး ချုပ်များသည်လည်း ”မင်း”ပင် ဖြစ်၏။)

ယခု ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်း ပြည်ကို အဓိက အုပ်ချုပ်စီမံခန့်ခွဲမည့်သူမှာ သမ္မတဖြစ်လာ သည်ကိုတွေ့ရပြီး သမ္မတ ဖြစ်ချင်သူများကို လည်း   တွေ့မြင် လာရပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအရ တင်မြှောက်ခြင်း ခံရသော ၁၉၄၈-၁၉၆၂ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတကြီး ၃ ဦးနှင့်တကွ သမုဒ္ဒရာ ထက်ရေပွက်ပမာသမ္မတကြီး များကိုလည်း သတိသံဝေဂရယူဖွယ် တင်ပြလိုပါသည်။
 စဝ်ရွှေသိုက် (၁၈၉၆-၁၉၆၂)
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နေ့တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရယူ ခဲ့သောပြည်ထောင်စုမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတကြီးမှာ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ဖြစ်သည်။ တိုင်းပြည်၏ ဥသျှောင်နေရာကို ဗြိတိသျှအင်ပါယာ၏စတုတ္ထ မြောက် ဂျော့ဘုရင်ထံမှဆက်ခံယူခဲ့သူဖြစ်ကာ ၁၉၅၂ ခုနှစ် မတ် လ ၁၆ ရက်နေ့အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။(၁၉၂ဝ မှ ၁၉၂၃ အထိ ဗြိတိသျှစစ်တပ် အရှေ့မြောက်နယ် စပ်ဒေသတပ်ဖွဲ့တွင် တစ်ကြိမ်၊တစ်ဖန် ၁၉၃၉မှ ၁၉၄၂ အထိ လည်း
ထပ်မံ၍စစ်ရေးတာဝန်များ ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပြီး ၁၉၄၇ ခုနှစ်၊ ပြည်ထောင်စုမြန် မာနိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရာတွင် ကော်မတီဝင်နှင့် ဥပဒေပြု အဖွဲ့ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်၏။) ၁၉၄၇ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်း ချက်များ အရသမ္မတအား တိုင်းရင်းသားများ အနက်အလှည့်ကျ ရွေးချယ် တင်မြှောက်သည့် စနစ်ဖြစ်သောကြောင့် ရှမ်းတိုင်းရင်းသား ကိုယ်စားပြုရွေးချယ်တင်မြှောက်ရာတွင် စဝ်ရွှေသိုက် မှာ ပြည် ထောင်စုမြန် မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်လာခဲ့သည်။

ဒေါက်တာဘဦး (၁၈၈၇-၁၉၆၃)
လယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံနှင့် ဗြိတိသျှ တော်လှန်ရေးသမားများကို ဗြိတိသျှအင်ပါယာ၏ သစ္စာကို ခံလျက် ပြစ်ဒဏ်ကြီးများ ချမှတ်ရာတွင် တာဝန်ရှိသူတစ်ဦး လည်းဖြစ်သည်။ (၁၉၁၂ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ကိန်းဘရစ် တက္ကသိုလ်မှရရှိခဲ့သူဖြစ်ကာ ၁၉၂၂ ခုနှစ်၊ ဧပြီလတွင် ရန်ကုန်မြို့၌ အစိုးရရှေ့နေအဖြစ် စတင်လုပ် ကိုင်ခဲ့ပြီးနောက် ထိုမှတစ်ဆင့်ပြီးတစ်ဆင့် ရာထူးတာဝန်များ ထမ်းဆောင်ခဲ့ကာ နောက်ဆုံး ၁၉၃ဝ ပြည့်နှစ်တွင် တရားလွှတ်တော် တရားဝန်ကြီး အဖြစ် ခန့်အပ်ခံရ သည်။) ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှအစိုးရ ထံက ဆာဘွဲ့ချီးမြှင့်ခြင်းခံရကာ ပြည်ထောင်စုဖွဲ့ စည်းအုပ် ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရာတွင်လည်း အရေးပါသော ကဏ္ဍက ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၃ ရက် နေ့တွင် သက်တမ်းကုန်ဆုံးသွားသော သမ္မတကြီးစဝ်ရွှေသိုက်၏နေရာကိုဆက်ခံရန် လွှတ်တော်နှစ်ရပ်က တင်မြှောက် ခဲ့သည်။

မန်းဝင်းမောင် (၁၉၁၆-၁၉၈၉)
ကရင်ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ မန်းဝင်းမောင်မှာ     ပုသိမ်မြို့ မွန်ကရင်အထက်တန်းကျောင်း၊ ဂျဒ်ဆင် ကောလိပ်တို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၃၇ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ် ဂျဒ်ဆင်ကောလိပ် မှ ဘီအေဘွဲ့ရရှိကာ အင်္ဂလိပ်တပ်တွင် ဝင်ရောက် အမှုထမ်းခဲ့သူလည်း ဖြစ်သည်။ ၁၉၄၂ ခုနှစ် အင်္ဂလိပ်တပ်များ ဆုတ်ခွာသည့် အခါ မြန်မာပြည်တွင်သာ ချန်နေရစ်ခဲ့ပြီး မြန်မာနိုင်ငံသို့ မဟာမိတ်တပ်များ ပြန်လည်ဝင် ရောက်သည့်အခါ လေထီးတပ်သို့ဝင်ကာ မြန်မာ့ လွတ်လပ်ရေးအတွက် ကြိုးပမ်း ရာတွင် ပါဝင်ခဲ့သည်။

၁၉၅၇ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတ အဖြစ် ရွေးချယ်ခြင်း ခံရသည်။ (၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း က တိုင်းပြည်အာဏာကို သိမ်း သည့်အခါ ၁၉၆၇ ခုနှစ်အထိ ၅ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ၁၉၈၈ အရေးတော်ပုံတွင် ဝန်ကြီးချုပ်ဦးနု၏ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေးပါတီတွင် ဥက္ကဋ္ဌနှင့် စင်ပြိုင် အစိုးရသမ္မတအဖြစ်လည်း ဆောင်ရွက် ခဲ့သေးသည်။)

ဗိုလ်ချုပ်နေဝင်းနှင့်  လမ်းစဉ်ပါတီ သမ္မတများ  
၁၉၆၂ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကိုသိမ်းခဲ့ပြီး ဗိုလ်ချုပ် ကြီးနေဝင်း သည် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ်တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီစနစ်ကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီး ဗိုလ်ချုပ်ကြီးနေဝင်း ဘဝမှ သမ္မတကြီး ဦးနေဝင်း ဖြစ်လာခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဟောင်း လမ်းစဉ်ပါတီ ဗဟို ကော်မတီဝင် ဦးစန်းယုအား သမ္မတ တာဝန်လွှဲပြောင်း ပေးအပ်ခဲ့သော်လည်း လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးအဖြစ် တိုင်းပြည်ကို ဦးနေဝင်းကသာ ဆက်လက် ဦးဆောင် ခဲ့သည်ကို တွေ့ရသည်။ ထို့နောက် တိုင်း ပြည်သည် စီးပွားရေးချွတ်ခြုံကျကာ မငြိမ်မသက်ဖြစ်လာပြီး သမ္မတကြီး ဦးစန်းယု နုတ်ထွက်သွားကာ လစ်လပ် သွားသောနေရာတွင် ဒု-ဗိုလ်ချုပ်ကြီး ဟောင်း ဦးအေးကိုက ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ ၂၇ ရက်အထိ သမ္မတတာဝန်ကို ၂ ရက်ယူခဲ့ပြီး ထပ်မံ ၍ ဗိုလ်မှူးချုပ်ဟောင်း ဦးစိန်လွင်က ၁၉၈၈ ခုနှစ် ဇူလိုင်၂၈ ရက်မှ သြဂုတ်လ ၁၂ ရက် နေ့ထိ ၁၈ ရက်တာမျှ သမ္မတ တာဝန်ကို ယူခဲ့သေးသည်။ ၄င်းရက်များ အတွင်း ဆန္ဒပြသူများကိုလုံခြုံရေးတပ် ဖွဲ့ဝင်များက ပစ်ခတ်နှိမ်နင်းမှုကြောင့် လူပေါင်းသုံးထောင် ထက်မနည်း သေဆုံး ခဲ့ပြီးနောက် ဒေါက်တာ မောင်မောင်က ၁၉၈၈ ခုနှစ် သြဂုတ် ၁၉ရက်မှ စက် တင်ဘာ ၁၈ ရက်နေ့အထိ အချိန်တစ်လ သမ္မတတာဝန်ကို ယူခဲ့လေ၏။ 

 သမ္မတဘဝသည်လည်း သမုဒ္ဒရာ ထက် ခဏတက်သည့် ရေပွက်ပမာဆို သော အနန္တသူရိယအမတ်ကြီး၏ မျက် ဖြေလင်္ကာအတိုင်း နှလုံးသွင်းနိုင်ပါမူ ပြည်သူလူထု အ တွက် ရန်သူမျိုးငါးငါးမှ လွတ်ကင်းရပါလိုသည့် ဆုတောင်း၌ တစ်ပါးတော့ ပြည့်ဝကောင်းပါ၏။

နဝတ၊ နအဖ အကြီးအကဲများ
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈  ရက်တွင် တပ်မတော်ကနိုင်ငံတော် အာ ဏာကို ပြန်လည်သိမ်းယူခဲ့ကာ ဗိုလ်ချုပ် မှူးကြီးများက တိုင်းပြည်ကို အုပ်ချုပ်ပြီး ၂ဝဝ၈ အခြေခံ ဥပဒေကို ရေးဆွဲခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ သမ္မတ
၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၄ရက် နေ့တွင်ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်ကို ပေါ်ပေါက်လာသော ၂ဝဝ၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော်က သမ္မတအဖြစ်ရွေးချယ် တင်မြှောက်ခဲ့သည်။
(၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ကာကွယ်ရေးဦးစီးချုပ်က ကာ ကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေး ဝန်ကြီးစသည့် အဓိကဝန်ကြီးနေရာများ ကို ခန့်အပ်ခွင့်ရှိနေေ သာ အစိုးရ ဖွဲ့စည်း ပုံတွင် သမ္မတ၏ သြဇာအာဏာသည် အကန့်အသတ်ရှိသည်။)

အာကြီး (လမ်းမတော်)
Popular Myanmar News Journal

No comments:

Post a Comment