Wednesday, 29 August 2012

အကျဉ်းသားတစ်ဦး အင်းစိန်ဆေးရုံမှ ထွက်ပြေးလွတ်မြောက်

အင်းစိန် ဗဟိုအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ဦးဟာ သြဂုတ်လ (၂၆) ရက် မနေ့က မနက် (၆) နာရီလောက်က ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနက RFA ကို ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။

သိန်း ၅ထောင် လိမ်လည်သူ ကိုမျိုးနိုင်အကြောင်း အစိုးရထံ တိုင်ကြားခဲ့

အမည်ရင်း၊ မွေးသက္ကရာဇ် နှင့် အဖအမည်တို့ကို ပြင်ဆင်ထားသည့် မှတ်ပုံတင် အတု ကိုင်ဆောင် သူ ဦးမျိုးနိုင်(ခ) ဦးမင်းကျော်ဇော ဆိုသူက ၂၀၀၇ ခုနှစ်တွင် ငွေကျပ် သိန်း ၅,၀၀၀ ချေးငှားခဲ့သည့် အမှုကို ယခုလ ၁၅ ရက်နေ့တွင် ဖေါ်ထုတ်ဖမ်းဆီးခဲ့ကြောင်းမော်လမြိုင်မြို့ မြို့ခံများက ပြောသည်။

အာဖဂန်အရပ်သား ၁၇ ယောက်ကို တာလီဘန်ခေါင်းဖြတ်

အမျိုးသမီး နှစ်ဦး အပါအ၀င် အာဖဂန်အရပ်သား ၁၇ ယောက်ကို တာလီဘန် စစ်သွေးကြွတွေ  က ခေါင်းဖြတ်သတ်ဖြတ် ခဲ့တယ်လို့ အာဖဂန်နစ္စတန်နို င်ငံ တောင်ပိုင်းက တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာဝန်ကြီးအပြောင်းအလဲအပေါ် တုံ့ပြန်မှု

မြန်မာအစိုးရအဖွဲ့တွင်း ၀န်ကြီးအပြောင်းအလဲတွေ ဆက်တိုက်လုပ် လာတဲ့အပေါ် အများစုက အကောင်းမြင်ကြပါတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့မယ်လို့ မြင်ကြတာပါ။

တတိယအကြိမ် အပစ်ခတ်ရပ် ဆိုင်းရေး ဆွေးနွေးမည့်ရက် ပြန်လည် သတ်မှတ်ဟု KNUသတင်းထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာ အစိုးရတို့ နှစ်ဦးနှစ် ဘက် ပြန်လည်ညှိနှိုင်းပြီး တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး မည့်ရက်ကို ပြန်လည်သတ်မှတ် အတည်ပြုလိုက်ပြီဖြစ်ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်သည့်အဆို အမျိုးသားလွှတ်တော်က အတည်ပြု

ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေ ကို ဖောက်ဖျက်ကျူးလွန်ပြီး ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင် တဲ့အတွက် စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးကြပြီးေ နာက် လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုလိုက်ကြောင်း သိရပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန် ဂျပန်ကုမ္ပဏီနှင့် ပူးတွဲတည်ဆောက်မည်

မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံနိုင်ဖို့အတွက် ဧကပေါင်း ခြောက်သောင်းနီးပါး ကျယ်ဝန်းတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့ ပူးတွဲတည်ဆောက် ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။

မုန်တိုင်းကြောင့် တောင်ကိုရီးယားမှာ လူ ၈ ဦးသေ

တိုင်ဖွန်းမုန်တိုင်းကြောင့် ကျောက်ဆောင်နဲ့တိုက်မိခဲ့တဲ့ တရုတ်ငါးဖမ်းသဘောင်္ကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က ကယ်ဖို့ကြိုးစားစဉ်။
 
အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းတခုဟာ မိုးသက်လေပြင်း တိုက်ခတ်မှုတွေနဲ့အတူ တောင်နဲ့မြောက် ကိုရီးယား နိုင်ငံတွေကို ၀င်ရောက်လာရာက အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ရသလို လူတွေထောင်နဲ့ချီပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ကြပါတယ်။

ဆီးရီးယား ဒုက္ခသည် အရေအတွက်တိုး

အိမ်နိးချင်းနိုင်ငံဆီသို့ ခိုလှုံရန် စောင့်နေကြသည့်
 ဆီးရီးယား စစ်ပြေးဒုက္ခသည်များ။
ဆီးရီးယား နိုင်ငံက ပဋိပက္ခတွေကနေ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ မကြာသေးခင်ရက်တွေ အတွင်း နှစ်ဆတိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကပြောပါတယ်။

ကချင် ဒုက္ခသည်စခန်းမှ အဖမ်းခံ လေးဦးအမှု ဒုတိယအကြိမ် စစ်ဆေး

ချင်းမိုင်(မဇ္စျိမ) ။        ။ စစ်ပြေးဒုက္ခသည်စခန်းမှ ကချင်အမျိုးသား လေးဦးကို မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် စွပ်စွဲကာ အင်္ဂါနေ့တွင် တရားလိုပြသက်သေ အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် ရဲလွင်အား စစ်ဆေးမေးမြန်းခဲ့သည်ဟုရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ပြောင်းလဲခြင်းနှင့်အတူ လိုက်ပါကြရန် သမ္မတ၏ အကြံပေးက တိုက်တွန်း

ရန်ကုန် (မဇ္ဈိမ) ။        ။ လက်ရှိ ပြောင်းလဲနေသည့် အခြေအနေများ နောက်သို့ လိုက်ပါမှသာ ဖွံဖြိုးတိုးတက်မှုအတွက်မောင်းနှင်အား ဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုလိုက်သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က စက်လှေတစ်စီး ဆင်ပိုက်ကုန်း ကင်းသမားတွေကို ပစ်ခတ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်လောက် အကွာမှာရှိတဲ့ ဆင်ပိုက် ရွာ အောက်ဘက် ဆင်ပိုက်ကုန်း အနီးမှာ မနေ့ ည ၁၀ နာရီလောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က လူ(၇) ဦးလောက်ပါတဲ့ စက်လှေတစ်စီး ဝင်ရောက်လာခဲ့ပြီး ဒေသခံ ကင်းသမားတွေကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ တယ်လို့ သိရပါတယ်။

Tuesday, 28 August 2012

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း(၃)ဦးကို နိုင်ငံတော်သမ္မတကြီးက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ခြင်း


နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အတွင်း ဆူပူ အကြမ်းဖက်မှု များတွင် ပါဝင် ပတ်သက်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော အောက်ဖော်ပြပါ UN, INGO ၀န်ထမ်း(၃) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း သိရှိရသည်-

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှနုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၂၃/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်)

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ဒုတိယ၀န်ကြီး ပြောင်းလဲတာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၂၅/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်)

ဒုတိယ၀န်ကြီး ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၂၄/၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်)

ပြည်ထောင်စုစာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

အစိုးရအဖွဲ့အတွင်း ဝန်ကြီးများ အပြောင်းအရွှေ့ လုပ်


ပဲခူးတိုင်းအတွင်း ရေကြီးနစ်မြုပ်၍ ပျက်စီးသွားသော ဒေသများသို့ အကူအညီ သွားရောက် ပေးအပ်သည့် ခရီးစဉ်အတွင်း တွေ့ရသည့် သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ – သမ္မတရုံး)
အစိုးရအဖွဲ့အတွင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ မီးရထားဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီး ၉ ဦးနှင့် ဒုဝန်ကြီး ၁၅ ဦးအား ယမန်နေ့က အပြောင်းအလဲများ စတင်ပြုလုပ်သည်။

လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင်နေသော အစိုးရ တပ်ဖွဲ့အား KIA မှ တန်ပြန် ထိုးစစ်ဆင်နေ


ချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) သည် လိုင်ဇာ စစ်ဌာနချုပ်သို့ စစ်ဆင်လာနေသော အစိုးရ တပ်ဖွဲ့များကို ပြင်းထန်စွာ တန်ပြန် ထိုးစစ်ဆင်နေပြီးဟု KIA စစ်ရုံးချုပ်မှ တပ်မှူး တဦးက ဆိုပါသည်။

တိုက်ပွဲများကြောင့် ဖားကန့်တွင် စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော်တိုး

ကချင်လွတ်မြောက်ရေးတပ် KIA နှင့် အစိုးရတပ်များ တိုက်ပွဲပြင်း ထန်လာသောကြောင့် ဒေသခံများနှင့် ကျောက်စိမ်းမှော်တွင် အလုပ် လုပ်ကိုင်နေသူများသည် လုံခြုံရာနေရာအသီးသီးထွက်ပြေးခိုလှုံလျက်ရှိ ရာ နေရာထိုင်ခင်းနှင့် အစားအစာ ဆေးဝါးများ သောက်သုံးရေများ လုံလောက်မှုမရှိသောကြောင့် ခက်ခဲကြုံတွေ့နေရသည်။

ရှားတောပြည်သူ့ဆေးရုံ ဆရာဝန်မရှိ

ရှားတောမြို့နယ် ပြည်သူ့ဆေးရုံ
ကရင်နီပြည်နယ် ရှားတောမြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်ပြောင်းရွှေ့ သွားပြီဖြစ်၍ နောက်ထပ် တာဝန်ကျသည့် ဆရာဝန်ရောက်မလာသဖြင့် ယခုချိန်အထိ ဆရာဝန်မရှိသေးဘူးလို့ သိရပါတယ်။