Saturday, 16 November 2013

တစ်အိမ်ထောင် ကလေးတစ်ယောက် အစီအစဉ် တရုတ်ပြင်မည်


တရုတ်နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ကို လျှော့ပေါ့ပေးတာနဲ့ အလုပ်ကြမ်းစခန်းတွေမှာ ပညာပေးတဲ့စနစ်ကို ဖျက်သိမ်းပစ်တာအပါအ၀င် ကျယ်ပြန့် တဲ့ ပြုပြင်ပြောင်း လဲမှုတွေကို လုပ်မယ့် အကြောင်း ကြေညာလိုက်ပါတယ်။

ပြည်တွင်းရှိ ဗလီများကို ဖောက်ခွဲ ရန်ရောက်နေသူနှစ်ဦးကို ဖမ်းဆီး

ပြည်တွင်းရှိ ဗလီများအား ဖောက်ခွဲမှုပြုလုပ်ရန် ရောက်ရှိနေသူနှစ်ဦးကို လှိုင်သာယာမြို့နယ်တွင် ဖောက် ခွဲရေး ပစ္စည်းများနှင့်အတူ နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

အိန္ဒိယဆင် ၇ ကောင် ရထားတိုက်လို့ သေကြရ

Photo: အိန္ဒိယဆင် ၇ ကောင် ရထားတိုက်လို့ သေကြရ
Saturday, November 16, 2013

အိန္ဒိယနိုင်ငံ အရှေ့ခြမ်းက အနောက်ဘန်ဂေါ ပြည်နယ်က တောအုပ်တခုမှာ လမ်းဖြတ်ကူးနေတဲ့ ဆင်တအုပ်ကို ခရီးသည်တင် ရထားတစင်းက ၀င်တိုက်မိ လို့ ဆင် ၇ ကောင်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေ က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ သူ မကြာခင်က တွေ့မြင်ခဲ့ ရတဲ့ အဖြစ်အပျက်တွေထဲမှာတော့ အဆိုးရွာ ဆုံးပဲလို့ ပြည်နယ် သစ်တောရေး ရာ ၀န်ကြီးက ပြောပါတယ်။

နောက်ထပ် ဆင် ၁၀ ကောင်လောက်လည်း အပြင်းအထန် ဒဏ်ရာ ရရှိ ထားပြီး တချို့ ထပ်ပြီး သေသွားနိုင်သေးတယ်လို့လည်း သူက ပြောပါ တယ်။ ကောင်ရေ ၄၀ ပါတဲ့ ဆင်အုပ်ကို ဖြတ်ကူးနေတဲ့ တိုက်မိတဲ့ရထားဟာ ချာပရာမရီ တော်အုပ်ကို ဖြတ်ပြီး တမီတာကို မိုင် ၅၀ နှုန်းလောက် နဲ့ မောင်းနှင်နေတာဖြစ်တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

ဆင်တွေသွားလာတဲ့ လမ်းကြောင်းလို့ သိထားတဲ့ ဒီနေရာမှာ ရထားကို အရှိန်လျှော့မောင်းနှင်ဖို့ မီးရထား အာဏာပိုင်တွေကို ပြောခဲ့ပေမဲ့ သူတို့က လစ်လျူရှုခဲ့တဲ့အကြောင်း အစိုးရအရာရှိတွေက အေပီ သတင်းဌာန ကို ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ခုလို ရထားတိုက်ခံရတဲ့ ဖြစ်ရပ်တွေကြောင့် အိန္ဒိယ တောအုပ်တွေတွင်းမှာ ဆင်တွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အိန္ဒိယနိုင်ငံ အရှေ့ခြမ်းက အနောက်ဘန်ဂေါ ပြည်နယ်က တောအုပ်တခုမှာ လမ်းဖြတ်ကူးနေတဲ့ ဆင် တအုပ်ကို ခရီးသည်တင်ရထားတစင်းက ၀င်တိုက်မိလို့ ဆင် ၇ ကောင်ထက် မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေ က ပြောပါတယ်။

Friday, 15 November 2013

လာမည့်ဘဏ္ဍာနှစ်မှစတင်ကာနိုင်ငံတော်သမ္မတလစာတိုးမြှင့်ခံစားမည်


လူငယ်အချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ ပုလင်းကွဲအချွန်ဖြင့် လည်ပင်းကိုထိုး၍ တစ်ဦးသေဆုံး

အောင်ဇေယျတံတားပေါ်တွင် လူငယ်အချင်းချင်း အုပ်စုဖွဲ့စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး သေ ဆုံး သွားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရည်းစားကိုသားမယားကျင့်ကာ အ၀တ်မဲ့ပုံများ ညီမထံပို့ခဲ့သူအား အီလက်ထရွန်နစ်ဥပဒေဖြင့် ထပ်မံအမှုဖွင့်အရေးယူ

နေပြည်တော် ပျဉ်းမနားရဲစခန်းအပိုင်နယ်မြေတွင် ရည်းစားဖြစ်သူကို အလိုမတူဘဲ သားမယားပြုကျင့်ပြီး အ၀တ်အစားမဲ့ဓာတ်ပုံရိုက်ကာ အွန်လိုင်းမှ ညီမဖြစ်သူထံပေးပို့ခဲ့သည့် အသက်(၂၇)နှစ်ရှိ ကုမ္ပဏီ ၀န်ထမ်း အမျိုးသားအား အမှုဖြစ်ပွားစဉ်က မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့ပြီး  ယခုအခါတွင် စစ်ဆေးပေါ်ပေါက် ချက် အရ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မအရပါ နိုဝင်ဘာ ၁၃ ရက် ညနေက ထပ်မံအမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။

အထက်မင်းလှ မလွန်မြိ့ဟောင်းမှ မဟာဗန္ဓုလ အရိုးဂူ စေတီ

Photo: အထက်မင်းလှ မလွန်မြိ့ဟောင်းမှ မဟာဗန္ဓုလ အရိုးဂူ စေတီ
Friday, 15 November 2013

မကွေးတိုင်း ဒေသကြီး အထက်မင်းလှ မလွန်မြို့ဟောင်း မြသပိတ်စေတီ၏ တောင်ဘက် ဆင်ခြေလျှောတွင် စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလ၏ ဗိမာန် ကြေးရုပ်ကြီးနှင့် အတူ အရိုးဂူ စေတီကိုလည်း တွေ့ရသည်။ စစ်သူကြီး မဟာဗန္ဓုလ၏ ဗိမာန်တွင် ကမ္ပည်းစာတန်း ထိုးထားပြီး ကြေးရုပ်၏ အနောက်ဘက်တွင် မဟာဗန္ဓုလ၏ ''အရိုးဂူစေတီ'' ကို တွေ့မြင်ရသည်။

စစ်သူကြီး မဟာဗန္ဓုလသည် ရွှေထီးအောက်၌ တိုက်ခိုက်မှု အရေးအရာများကို ညွှန်ကြား ကွပ်ကဲနေစဉ် ဗုံးဆန်များ ကျရောက်လာကာ၊ စစ်သူကြီး မဟာဗန္ဓုလ မြေပေါ် ပုံကျ သွားခဲ့လေ၏။ တပ်ပျက်သွားမည် စိုးသဖြင့် အနီးရှိ စစ်ကဲ၊ တပ်မှူးများက တိုက်ခိုက်ရေးကို စီမံကွပ်ကဲလျက် ဗန္ဓုလ၏ အလောင်းကို ၃၂ ခန်း ရှိသော ဗန္ဓုလ၏ တပ်တွင်းရှိ အိမ်တော်သို့ ယူဆောင် သွားကြ၏။ ထိုနေ့ကား သက္ကရာဇ် ၁၁၈၆ ခုနှစ် နှောင်း တန်ခူးလဆန်း ၁၄ ရက် ခရစ်နှစ် ၁၈၂၅ ဖြစ်သည်။

စစ်ကဲကြီး၊ အတွင်းဝန်ကြီး မင်းလှရာဇာနှင့် မြို့လတ်ဝန်မင်းကြီး မဟာမင်းလှမင်းခေါင် တို့က ဗန္ဓုလ၏ အလောင်းကို ရွှေထီးဖြင့် ဖြန့်မိုးကာ ဓနုဖြူ ခံတပ်မှာပင် ချက်ချင်း မီးသင်္ဂြိုဟ် လိုက်သည်။

ထို့နောက် အရိုးအိုးကို ကောက်ယူ၍ စစ်မက်တော်များ အုပ်စည်းမပျက် ဓနုဖြူခံတပ်မှ ဆုတ်ခွာကြသည်။ စစ်သည် ဗိုလ်မှူးတို့သည် ဗန္ဓုလ အရိုးစုကို ရွှေအိုးဖြင့် ထည့်ကာ ယာယီ ဂူသွင်း၍ ထားရှိ ခဲ့ကြသည်။

အထက်မင်းလှမြို့ မလွန်စခန်းသို့ ရောက်ရှိစဉ် အရိုးအိုးကို ဗိုလ်မှူး မင်းရဲခေါင်က ဂူသွင်း ထိန်းသိမ်းထားစဉ် နေပြည်တော်မှ တပ်များ အမြန်ဆုတ်ခဲ့ရန် အမိန့်ကြောင့် အရိုးဂူမှာ မလွန်မြို့၌ ကျန်ခဲ့သည်။ မင်းလှ ခံတပ်မှ ဗလမင်းထင်နှင့် အခြား ဗိုလ်မှူးများက အရိုးဂူ မပျက်စေရန် အပေါ်စေတီ တည်ထားခဲ့သည်။ မူလ ခွေးလင်း ပန်းချောင်းကမ်းပါးပေါ်၌ တည်ရှိရာ ကမ်းပါးပြိုကျမှု ရှိသဖြင့် ၁၉၆၄ ခုနှစ်တွင် ရှေးဟောင်း သုတေသန အဖွဲ့က ရေလွတ်ရာ မလွန် မြသပိတ်စေတီ ကုန်းတော် စောင်းတန်း၏ တောင်ဘက်၌ မူလ ပုံအတိုင်း ပြန်လည် တည်ဆောက် ထိန်းသိမ်းထားကြောင်း သိရသည်။

မကွေးလှမြင့် - မြ၀တီသတင်း
မကွေးတိုင်း ဒေသကြီး အထက်မင်းလှ မလွန်မြို့ဟောင်း မြသပိတ်စေတီ၏ တောင်ဘက် ဆင်ခြေလျှော တွင် စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလ၏ ဗိမာန် ကြေးရုပ်ကြီးနှင့် အတူ အရိုးဂူ စေတီကို လည်း တွေ့ ရသည်။

ယနေ့အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဦးနေ၀င်း၏မြေးနှစ်ဦး မီဒီယာ များနှင့်တွေ့ဆုံခဲ့

http://www.youtube.com/watch?v=cHkppjz8na4

ဓါတ်ပုံရှင်တရားခံများ၏ သတင်းပေးနိုင်သူအားထိုက်တန်စွာဆုချီးမြှင့်မည်

Photo: ဓါတ်ပုံရှင်တရားခံများ၏ သတင်းပေးနိုင်သူအားထိုက်တန်စွာဆုချီးမြှင့်မည်
Friday, 15 November 2013

၆.၁၁.၂၀၁၃ရက်နေ့က တရားလို ဦးကျော်မင်းဦးနှင့် ဇနီးဒေါ်မိုးမိုးအေး
တို့သည် တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာမှ ဒလမြို့သို့ ဆိုင်ကယ်ဖြင့်
သွားရောက်စဉ်ပိတ်ဆွယ်ရွာအရောက်အမည်မသိလူမြင်မှတ်မိသူ(၃)ဦးမှ ကားပေါ်ဆွဲတင်ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း(၂၀၀၀)ဖြင့် လာရောက်ရွေးရန် ညီမဖြစ်သူ မမိုးမိုးအောင်အား အကြောင်းကြားသဖြင့် အရေးယူထားသည့် အမှုဖြစ်ပြီး အမှုအားကျူးလွန်သည့် တရားခံများ
ဖြစ်သော (၁) ကျော်ဝင်းစိန်(ခ)ကျင်စိမ်း(ပြစ်ဒဏ်(၆၄)နှစ်ကျခံနေရာမှ ထွက်ပြေးနေသူ)၊ (၄၁)နှစ်၊ (ဘ)ဦးကြည်ရှိတ်၊ အမှတ်-မရှိ၊ပတ္တမြားလမ်း၊ ကမ်းနားအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်၊

(၂)စိုးမင်းဦး(ခ)သံပါးစပ်(ပြစ်ဒဏ် (၁၇)နှစ်ကျခံနေရာမှ ထွက်ပြေးနေသူ)၊ (၃၃)နှစ်၊ (ဘ)ဦးကုလား(ခ)ဦးမြင့်(ကျော်ဝင်းစိန်နှင့်လိပ်စာတူ)၊

(၃)ကထီး(ခ) သူရဇော်ဦး(ဘ)ဦးမြလှိုင်၊ အမှတ် (၁၂၃၂)၊ ညောင်ဦးဖီးလမ်း၊
အမှတ် (၃)လမ်းသွယ်၊ကန်သာယာ (၁၉)ရပ်ကွက်၊လှိုင်သာယာမြို့နယ်တို့ (၃)ဦးနှင့်ပတ်သက်၍ အောက်ဖေါ်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီပေးနိုင်ပါရန် ပန်ကြားအပ်ပါသည်-

၀၁-၂၃၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၉-၈၆၀၂၃၆၄(အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၆၇(အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၆၉(တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၈၆(မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊

တရားခံများရှိနိုင်သည့်နေရာအား တိကျသေချာစွာသတင်းပေးနိုင်ပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှထိုက်တန်စွာဆုချီးမြှင့်
သွားမည်ဖြစ်ေ ကြာင်း သတင်းရရှိပါသည်။

Yangon Police
၆.၁၁.၂၀၁၃ရက်နေ့က တရားလို ဦးကျော်မင်းဦးနှင့် ဇနီးဒေါ်မိုးမိုးအေး တို့သည် တွံတေးမြို့နယ်၊