Tuesday, 29 October 2013

နိုင်ငံခြားငွေလက်မှတ် FEC များအား သတ်မှတ်ကာလ ကျော်လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက်ပေးနိုင် တော့မည် မဟုတ်ကြောင်း ဗဟိုဘဏ် နှိုးဆော်ချက် ထုတ်ပြန်

နိုင်ငံခြားငွေလက်မှတ် Foreign Exchange Certificate(FEC) များအား သတ်မှတ်ကာလ ကျော် လွန်ပါက ပြန်လည်အပ်နှံ လဲလှယ်ခြင်း ဆောင်ရွက် ပေးနိုင်တော့မည် မဟုတ်သဖြင့် အချိန်မီ လဲလှယ် ကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နှိုးဆော်ချက် ထုတ်ပြန်ထားသည်။

Monday, 28 October 2013

အနိမ့်ဆုံး စပါးဈေး သတ်မှတ်ပေးရန် သမ္မတထံ စာတင်မည်

ပြည်တွင်းတွင် စပါးဈေးကို အနိမ့်ဆုံးဈေး သတ်မှတ်ပေးရန်အတွက် တောင်သူ လယ်သမားများ၏ လက် မှတ်များ စုဆောင်း၍ သမ္မတထံ စာတင်သွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ တောင်သူ လယ် သမားများ နှင့် စိုက်ပျိုးရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (AFFM) မှ ပြောရေးဆိုခွင့်ရှိသူ ဦးယဉ်အေး က မဇ္ဈိမ သို့ အောက်တိုဘာ ၂၇ တွင် ပြောသည်။

မြော်ကဥက္ကလာပ ဆေးရုံက ပါးကွက်ကြား သရဲ

ကျွန်မရဲ့.. ကိုယ်တွေ့ဖြစ်ရပ်လေးပါ... ၂၀၀၇ သြဂုတ်လမှာ.. ကျွန်မမိခင်.. အမျိုးသမီး..ရောဂါ တစ်ခုကြောင့်.. မြောက်ဥက္ကလာဆေးရုံမှာ.. ၂ လခန့်ကြာအောင်.. ဆေးကုသမှုခံယူရ ပါတယ်.. ဆေးရုံဆိုတော့.. သိတဲ့အတိုင်း မည်သူမှ.. သွားချင်တဲ့..နေရာ.. မဟုတ်ပေမယ့်.. တကယ်တမ်း.. ဖြစ်လာတော့လည်း.. သွားရတာပါပဲ.. ၂ လဆိုတဲ့.. သက်တမ်းမှာ..

မြန်မာတို့ရဲ့ အနာမျိုး(၉၆) ပါး


Photo: မြန်မာတို့ရဲ့ အနာမျိုး(၉၆) ပါး
Monday, October 28, 2013

အနာမျိုး(၉၆)ပါးဆိုတာ မြန်မာလူမျိုးတွေဆုတောင်းတဲ့အခါ မကြာခဏ ကြားနေရတဲ့ ရောဂါတွေပါ။ သြကာသ ကန်တော့ချိုးလေးရွတ်လိုက်မိရင် အနာမျိုး၉၆ပါးမှ ကင်းလွှတ်ရပါ၏ လို့ဆုတောင်းကြတယ် မလား။ဆုတောင်းကြတာတော့ ဟုတ်ပါပြီ။ ဘယ်လိုအနာရောဂါမျိုးတွေပါလိမ့်။ အမှန်ဝန်ခံရရင် တချို့ရောဂါတွေ၊အမည်တွေဟာ မကြားဘူးသလို အနောက်တိုင်းဆေးပညာမှာလည်း မသင်ကြားခဲ့ဖူးပါ။ သို့သော် ဖတ်ထားမိတာကို ဗဟုသုတရဖို့ ဖော်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်လို၊ဆေးပညာလို ဘာသာပြန်ပါဆိုရင် အကုန်လုံးမပြန်တတ်တာလည်း အမှန်တရားပါ။

အနာမျိုး (၉၆)ပါး ဆိုတာ


၁။ဖဝါးပူပါဒရက်နာ
၂။ဘိန်းပြဲ ကိုယ်ရောင်နာ
၃။ကုတ်ဟီးချောင်းဆိုးနာ
၎။ဝက်ရူးနာ
၅။ရှူနာ
၆။ဖက်သကပ်နာ
၇။ကြို့ထိုးနာ
၈။စိမ်ရေသင့်နာ
၉။ကြွက်နို့နာ
၁၀။ထွတ်မြင်းနာ
၁၁။ခူကိုက်နာ
၁၂။သနပတ်နာ
၁၃။မှည့်နာ
၁၄။တင်းတိပ်နာ
၁၅။သင်းခွေချပ်နာ
၁၆။ပွေးညှင်းနာ
၁၇။ရေယုန်နာ
၁၈။အသားမာနာ
၁၉။ကြက်လည်ပင်းကြီးနာ
၂၀။အနာမှောက်ခုံ
၂၁။ရမ်းနမဲနာ
၂၂။မွေးကျွတ်နာ
၂၃။သွေးစုနာ
၂၄။ဝက်ခြင်နာ၊ဝက်ချုပ်နာ
၂၅။တောင်စဉ် ခုနှစ်ထပ်နာ
၂၆။အနာပဆုပ်
၂၇။ဆင်ကူ လည်ပြတ်နာ
၂၈။ဖွတ်သိုနာ
၂၉။အနာ သစ်ငုတ်
၃၀။ရေဇူနာ
၃၁။အိုင်းနာ
၃၂။အိုင်ငယ်ရေမြွေဆိပ်နာ
၃၃။ခရုဘေနာ
၃၄။သက်တံ ခေါင်းလျှိုနာ
၃၅။သတပိုနာ
၃၆။မြွေလက်ပတ်နာ
၃၇။ဆံကျင်နာ
၃၈။မှန်ကင်းနာ
၃၉။အနာ ပတ္တမြား
၄၀။မင်နာ
၄၁။ဂရင်ဂျီ အနာမီး
၄၂။နဂါးပွက် နဂါဖုံးနာ
၄၃။ငရှဥ့်ပွက်နာ
၄၄။ကိန္နရာနာ
၄၅။မုတ္တကိတ်နာ
၄၆။ထွက်နာ၊ဝက်အူနာ
၄၇။သရက်ကင်းနာ
၄၈။အနာထွက်
၄၉။အထင်ကလိနာ
၅၀။မုက္ခစိုနာ
၅၁။ကာလနာ
၅၂။မြင်းသရိုက်ပိတ် ဝမ်းပျက်နာ
၅၃။မျက်စိနာ
၅၄။သွေးကျနာ
၅၅။ခေါင်းခဲဦးယဉ်းနာ
၅၆။အမူးနာ
၅၇။နှလုံးသွေးနာ
၅၈။တကျည်းနာ
၅၉။ဂူနာ
၆၀။ကျပ်သဖီနာ
၆၁။မေဓုန်သနပတ်နာ
၆၂။သွေးပျက်နာ
၆၃။နူနာ
၆၄။ဝဲနာ
၆၅။အင်ပြင်နာ
၆၆။မြေပြုတ်ရှပ်နာ
၆၇။သွေးကင်ပိန့်နာ
၆၈။ဝက်ခမ်းနာ
၆၉။လိင်သေနာ
၇၀။မုဿနာ
၇၁။လေပူလောင်နာ
၇၂။ရိစွဲနာ
၇၃။ဆီးအောင့်နာ
၇၄။အော့နာ
၇၅။မြွေငန်းသွေးငန်းနာ
၇၆။ဂျွမ်းခိုက်နာ
၇၇။သွေးမွှန်နာ
၇၈။အတွင်း သွေးပျက်နာ
၇၉။သွေးသဖုံးနာ
၈၀။ကလမူနာ
၈၁။နို့ယဉ်နာ
၈၂။ကျဗဟုံး ကြက်ညှာနာ
၈၃။နို့မြွေသူငယ်နာ
၈၄။ကျောက်နာ
၈၅။ဝက်သက်နာ
၈၆။မီးယပ်နာ
၈၇။မြုံနာ
၈၈။မြေသလိပ်နာ
၈၉။သည်းခြေနာ
၉၀။လေနာ
၉၁။တုတ်သံနာ
၉၂။ဒူလာသရော သွေးသွန်နာ
၉၃။ဥတုယာဉ်ငယ်မန်းနာ
၉၄။ပယောဂနာ
၉၅။လောဘ၊ဒေါသ၊မောဟနှင့် ယှဉ်သောအနာ
၉၆။ကိလေသာနှင့် ယှဉ်သောအနာ
စတာတွေပဲ ဖြစ်ပါတယ်။
(မြန်မာ့သမိုင်းဝင် ဖြစ်ရပ်များ ၁၀၀ မှ ကူးယူဖော်ပြပါသည်။)

ဒေါက်တာ အေးမင်းထူး

ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်

အနာမျိုး(၉၆)ပါးဆိုတာ မြန်မာလူမျိုးတွေဆုတောင်းတဲ့အခါ မကြာခဏ ကြားနေရတဲ့ ရောဂါတွေပါ။ သြကာသ ကန်တော့ချိုးလေးရွတ်လိုက်မိရင် အနာမျိုး၉၆ပါးမှ ကင်းလွှတ်ရပါ၏ လို့ဆုတောင်းကြတယ် မလား။ဆုတောင်းကြတာတော့ ဟုတ်ပါပြီ။ ဘယ်လိုအနာရောဂါမျိုးတွေပါလိမ့်။ အမှန်ဝန်ခံရရင် တချို့ရောဂါတွေ၊အမည်တွေဟာ မကြားဘူးသလို အနောက်တိုင်းဆေးပညာမှာလည်း မသင်ကြားခဲ့ဖူးပါ။ သို့သော် ဖတ်ထားမိတာကို ဗဟုသုတရဖို့ ဖော်ပြပေးလိုက်ပါတယ်။ အင်္ဂလိပ်လို၊ဆေးပညာလို ဘာသာပြန်ပါဆိုရင် အကုန်လုံးမပြန်တတ်တာလည်း အမှန်တရားပါ။

ဓားဖြင့်ခုတ်သည်ဆိုသည့်အမှု ပြစ်မှုကျူးလွန်သူများကို မိဘများကိုယ်တိုင် ရဲလက်အပ်

ကြည့်မြင်တိုင် စက်ဆန်းတွင်ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူလေးဦးအား မိဘများ ကိုယ်တိုင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု စက်ဆန်းနယ်မြေရဲစခန်းမှ အမှုစစ် ဒု-ရဲအုပ် မိုးကျော် က မဇ္ဈိမကို အောက်တိုဘာ ၂၇ ရက်က ပြောသည်။

ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေး ဆက်လက်မြင့်တက်

ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအပေါ်မူတည်ကာ ဆက်လက်မြင့်တက်နေကြောင်း ရွှေဆိုင်လုပ် ငန်းရှင်များက ပြောသည်။

ရုပ်ရှင်၊ ဗီဒီယိုများ ပြန်လည်ရိုက်ကူးခွင့်ပြုလိုက်သည့် ရန်ကုန်တက္ကသိုလ်နယ်မြေ

ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းမှာ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ကြော်ငြာနောက်ခံရိုက်ကူးခွင့်တွေကို အကြောင်း အမျိုးမျိုးကြောင့် ရိုက်ကူးမှုခွင့်ပြုခြင်းကိုရပ်နားထား ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ၃ လပိုင်းကမှ တရားဝင်ပြန်ရိုက်ခွင့် ခွင့်ပြုလိုက်တယ်လို့သိရပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာ နောက်ခံ ဇာတ်ကားတွေ ရိုက်ကူးခွင့်ကို ၂၀၁၃ ခုနှစ်၊ မတ်လကမှ တရားဝင်ရိုက်ခွင့်ပြန်လည်ခွင့်ပြုထားခဲ့ပြီး ဗီဒီယို၊ ကြော်ငြာ သတင်း ရိုက်ကူးခွင့် ၈ ခုခန့် လာရောက်ရိုက်ကူးပြီးပြီဖြစ်တယ်လို့ သိရပါတယ်။

Facebook အသုံးမပြုရန် တားမြစ်မှုကြောင့် အိန္ဒိယ အမျိုးသမီးငယ် တစ်ဦး မိမိကိုယ်ကိုယ် ဆုံးစီရင်

 
  အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက် အရွယ် ကောလိပ်ကျောင်းသူ တစ်ဦးအား ၎င်း၏မိဘများကFacebook ကဲ့သို့သော လူမှုကွန်ရက် ဝက်ဘ်ဆိုက်များကို အသုံးမပြုရန် တားမြစ်မှုကြောင့် အဆိုပါ ကျောင်းသူသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၄ ရက်တွင် ပြောကြား ခဲ့သည်။

၂ဝ၁၅ ကိစ္စ ဦးသိန်းစိန် ကိုယ်တိုင်ပြောမယ်

၂ဝ၁၅ ကိစ္စ ဦးသိန်းစိန် ကိုယ်တိုင်ပြောမယ်
Monday, October 28, 2013

သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့အပြီး ၂ရက်အကြာမှာ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က အခုလို တုန့်ပြန် ပြောလိုက်တာပါ။

သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ဟာ သမ္မတနဲ့ ကြိုတင် သဘောတူပြီး ထုတ်ပြန်ခဲ့တာ မဟုတ်ဘူးလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ လုပ်ထုံး လုပ်နည်းအရ သူရ ဦးရွှေမန်းအနေနဲ့ ဒီလို ထုတ်ဖေါ် မပြောသင့်ဘူးလို့ သုံးသပ်ပါတယ်။

သမ္မတနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ အများက ယူဆနေ ချိန်မှာပဲ အခု ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။

သမ္မတနဲ့ လွှတ်တော်အကြားမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ ဆိုင်ရာ ခုံရုံး ကိစ္စ အငြင်းပွားတာမျိုး ဖြစ်ခဲ့သလို ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ရေး လုပ်ငန်းစဉ်တွေကို သူရ ဦးရွှေမန်းက စိတ်ကြေနပ်မှု မရှိတာကြောင့် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး အစည်းအဝေးတွေ ခေါ်ဖို့ တောင်းဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီတခုတည်းက ပြိုင်ဘက် အချင်းချင်း သူရ ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ်လို့ ပြည်တွင်းက
 ဆောင်းပါးရှင် စည်သူအောင်မြင့်က သုံးသပ်ပါတယ်။

BBC

သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြော ပါတယ်။

အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့များနှင့် တွေ့ဆုံ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ (Technical Advisory Team) များနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရရှိနေသဖြင့် မြောက်ဦးမြို့တွင် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုများ ရရှိနေပြီ ဖြစ်သဖြင့် ယခင်ထုတ်ပြန် ထားသော ပုဒ်မ ၁၄၄ ညမထွက် အမိန့်အား မြို့နယ်အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်မှ စတင် ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစစ်မီး အပြီးသတ်ငြှိမ်း နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီဥက္က္ကဋ္ဌ ပြောကြား

Photo: ပြည်တွင်းစစ်မီး အပြီးသတ်ငြှိမ်း နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီဥက္က္ကဋ္ဌ ပြောကြား
Monday, October 28, 2013

ပြည်တွင်းစစ်မီး အပြီးသတ် ငြှိမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပါတီ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဟင်္သာတမြို့၊ ဟုန်စံစီ ခန်းမတွင် အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲနှင့် ပြည်သူ့သဘောထား ခံယူပွဲ၌ Eleven Media ၏ မေးမြန်းချက်အား ၎င်းက ထိုသို့ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ပြည်တွင်းစစ်ရဲ့ အဓိကက သံသယပဲ။ အဲဒီ သံသယကို ချေဖျက်နိုင်အောင် ပွင့်လင်းမြင်သာမှုနဲ့ သဘောထားကြီးမှုတွေ လိုအပ်တယ်။ ဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်းရမယ်။ ပြည်တွင်းစစ်၊ အာဏာရှင် အုပ်ချုပ်ရေး ဒါတွေအကုန်လုံးက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေခံပြီး ပေါ်လာတာပဲ။ ဒီအခြေခံ ပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက "ဒီမိုကရေစီကျင့်စဉ်၊ ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် လုပ်တဲ့အခါ အပြန်အလှန် ညှိနှိုင်းဆွေး နွေးရမယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဦးတည်ရမယ်။ အကြမ်းဖက်မှုကို မသုံးဘဲ တိုင်းပြည်တည်ငြိမ်ရေးကို ဦးတည်ရမယ်။ ဒီနည်းလမ်းတွေကိုသုံးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

အခမ်းအနားသို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဗဟိုကော်မတီဝင်များနှင့် ဟင်္သာတ ခရိုင်အတွင်း မြို့နယ်များမှ NLD ပါတီဝင်များ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲရေးထက် ပြင်ဆင်ရေးကို ထောက်ခံခဲ့ကြသည်။

Eleven Media Group 

ဟင်္သာတမြို့တွင် ကျင်းပခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ရှင်းလင်းပွဲကို အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး)
ပြည်တွင်းစစ်မီး အပြီးသတ် ငြှိမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်ကြောင်း NLD ပါတီ ဧရာဝတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

Saturday, 26 October 2013

တောင်ငူမြို့အနီး မြေဧက ၅၃၀၀ ပေါ်တွင် စက်မှုဥယျာဉ် မြို့တော်နှင့် အိမ်ရာစီမံကိန်း တည်ဆောက်ရန် ကေတုမတီ အများပိုင် ကုမ္ပဏီက အစိုးရသို့ တင်ပြ

8.1.1
နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း တည်ဆောက် မည့် မြေနေရာ ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အနီးရှိ မြေဧက ၅၃၀၀ ပေါ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှု ဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း နှစ်ခုကို တည်ဆောက်ရန်အတွက် ကေတုမတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် Kaytumadi Development Public Co.,Ltd က သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံ အစိုးရဌာနများ အပါအ၀င် အဆောက်အအုံများ၌ ချိတ်ဆွဲထားရမည့် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေး

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို အစိုးရ ဌာနဆိုင်ရာများ အပါအ၀င် အဆောက်အအုံများတွင် ချိတ်ဆွဲရမည့်အချက် ပါဝင်သည့် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသများ အတွက် လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများတွင် ဘတ်ဂျက်ခွဲဝေမှု နည်းပါးဟု လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

ပြည်နယ်များရှိ ကျေးလက်ဒေသများ အတွက် တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျပ်စစ်မီးရရှိရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ခွဲဝေမှုသည် နည်းပါးနေသည်ဟု လွှတ်တော် ကိုယ်စားလှယ် များက ပြည်ထောင်စု လွှတ်တော် တွင် ဝေဖန်ခဲ့ကြသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ထည့်သွင်းဝေဖန် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိပြီး ဒေသအလိုက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိကြောင်း၊ သဘာဝဘေး ကျရောက်နိုင်စွမ်းရှိသည့် ဒေသတို့ကို ကြိုတင်မှန်းဆ၍ သက်ဆိုင်ရာ ဒေသအတွင်းရှိ မီးသတ်တပ်ဖွဲ့များ ကြက်ခြေနီများနှင့် တာဝန်ရှိသူများမှ ကြိုတင် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ရန် လိုအပ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရ သည်။

မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ

မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်း လာသည်ဟု ယူဆရသော အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိသည့် တရားမ၀င် မက်သမ်ဖက်တမင်း (methamphetamine) ဆေးအလုံးပေါင်း ငါးသန်းကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့တွင် ကြေညာခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် မြို့များမှ ပြည်သူများကို NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ယနေ့မှ စတင်ကာ ရှင်းပြမည်

8.1.1
အောက်တိုဘာ ၂၄ ရက်တွင် NLD ပါတီက မြိတ်မြို့၌ ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းပြသည့် အဖွဲ့မှ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် စသည်မြို့ကြီး သုံးမြို့မှ ပြည်သူများအား ယနေ့ (အောက်တိုဘာ ၂၆ ရက်)မှ စတင်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းပြသွားမည်ဟု NLD ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ရှမ်းပြည်နယ်၊ ကယားပြည်နယ် တာဝန်ခံ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

တိုင်းရင်းသားများ ယုံကြည်နိုင်မည့်အပြင် အကာအကွယ် ပေးနိုင်သည့် အခြေခံဥပဒေမျိုး ခိုင်ခိုင်မာမာ ပြဋ္ဌာန်းနိုင်ရန် လိုအပ်ကြောင်း NLD ပါတီ နာယက ဦးတင်ဦးပြောကြား

အရေးအကြီးဆုံး ကိစ္စရပ်အဖြစ် တိုင်းပြည်တွင် ညီညွတ်မှုရှိရန် လိုအပ်ပြီး ညီညွတ်မှု ရရှိနိုင်စေရန်အတွက် တိုင်းရင်းသားများ ယုံကြည်အားကိုးပြီး ၎င်းတို့အား အကာအကွယ် ပေးနိုင်သည့် အခြေခံဥပဒေအား ခိုင်ခိုင်မာမာ ပြဋ္ဌာန်းနိုင်ရန် လိုအပ်ကြောင်း အရှေ့ပိုင်း ခရိုင်အတွက် တတိယ အကြိမ်မြောက် ပြုလုပ်သည့် အခြေခံ ဥပဒေဆိုင်ရာ ပြည်သူလူထု ဆန္ဒသဘောထား ခံယူပွဲ ကျင်းပစဉ် NLD ပါတီနာယက ဦးတင်ဦး က ပြောကြားခဲ့သည်။

Friday, 25 October 2013

မူဆလင် ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု

Photo: မူဆလင် ဆန့်ကျင်ရေးဟာ ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု 
Friday, October 25, 2013

ရခိုင်ပြည်နယ်အတွင်းဖြစ်တဲ့အခြေအနေတွေဟာ မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေးအယူအဆတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတရပ်ဖြစ်စေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတိုးတက်လာတယ်ဆိုပေမယ့် လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရမှုတွေ ရှိနေသေးတဲ့ အခြေအနေကိုလည်း ထောက်ပြခဲ့ပါတယ်။ မြန်မာအစိုးရကိုယ်စားလှယ်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတိုးတက်မှုတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ခြင်းမရှိဘူးလို့ ပြန်လည်ထောက်ပြခဲ့ပါတယ်။ မနေ့တုန်းက ကုလသမ၈္ဂ အထွေထွေ ညီလာခံအတွင်း မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ ဆွေးနွေးချက်တွေကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။ 

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေးကင်တာနား ဆွေးနွေးသွားချက်တွေထဲမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာမှုတွေကိုအသိအမှတ်ပြုခဲ့သလိုပဲ၊ စိုးရိမ်စရာတွေနဲ့ မြန်မာအာဏာပိုင်တွေဖက်ကလုပ်ဆောင်စရာတွေ ကျန်နေသေးတာကိုလည်း ထောက်ပြခဲ့ပါတယ်။

လက်ရှိ မြန်မာအစိုးရလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းတွေမှာ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေရတယ်လို့ အသိအမှတ်ပြုသလိုပဲ၊ ပဋိပက္ခဖြစ်တဲ့နေရာက ဒေသခံတွေ ဒုက္ခသည်တွေ အမျိုးသမီးတွေရဲ့ ဆန္ဒသဘောထား အယူအဆတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုမယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် တာဝန်ခံတဲ့ တာဝန်ရှိသူတွေကို အရေးယူတဲ့ Accountability ကိစ္စကိုလည်း အလေးထားဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ကိစ္စဟာ အဓိက စိုးရိမ်စရာဖြစ်တယ်လို့ မစ္စတာကင်တာနားက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အခြေအနေဟာ တနိုင်ငံလုံးပါ ရိုက်ခတ်တဲ့အထိဖြစ်ခဲ့ပြီး၊ အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုပါ ထိခိုက်နိုင်တယ်လို့ ထပ်မံ သတိပေးခဲ့ပါတယ်။

“ ရခိုင်ပြည်နယ်က အခြေအနေဟာ မြန်မာနိုင်ငံတွင်း မူဆလင် ဆန့်ကျင်ရေးအယူအဆတွေကိုကျယ်ကျယ်ပြန့်ပြန်ဖြစ်စေခဲ့ပြီး၊ ဒါဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ်မှာ ကြီးမားတဲ့ စိုးရိမ်စရာခြိမ်းခြောက်မှုဖြစ်နေပါတယ်။”

မြန်မာသမ္မတအနေနဲ့ ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားခဲ့သလို၊ မတူကွဲပြားတဲ့ လူများ ဘာသာဝင်တွေအကြား အပြန်အလှန်ယုံကြည်လေးစားဖို့ဆိုတာကို အလေးပေးပြောခဲ့တယ်ဆိုတာကိုလည်း သူက အသိအမှတ်ပြုပြောပါတယ်။ ဒါပေမယ့်လို့လည်း အားနည်းတဲ့လူမှုအသိုင်းအ၀ိုင်းတွေကို အကာအကွယ်ပေးဖို့နဲ့၊ မတူကွဲပြားချက်တွေကို ခွဲခြားဆက်ဆံတဲ့ အယူအဆအမြင်တွေ ကျယ်ပြန့်လာတဲ့အပေါ် အစိုးရအနေနဲ့ ကိုင်တွယ်အရေးယူဖို့လိုမယ်လို့ ပြောပါတယ်။ အထူးသဖြင့်ကတော့ လူနည်းစုမူဆလင်တွေအပေါ် အမုန်းပွားတဲ့ ပြောဆိုရေးသားမှုတွေ၊ အကြမ်းဖက်မှုဖြစ်အောင် လှုံဆော်မှုတွေကို အာဏာပိုင်တွေဖက်က အရေးယူကိုင်တွယ်ဖို့ တိုက်တွန်းပါတယ်။ ဒီနေရာမှာ သတင်းမီဒီယာပိုင်းတွေမှာလည်း တာဝန်ရှိတယ်ဆိုတာကို သူက ထောက်ပြခဲ့ပါတယ်။

တချိန်တည်းမှာလည်းပဲ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတဲ့အခြေအနေကိုလည်း ထောက်ပြခဲ့ပါတယ်။ အထူးသဖြင့်တော့ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြမှုကို ကန့်သတ်ထားတဲ့ နည်းဥပဒေပုဒ်မ ၁၈ နဲ့ ဥပဒေအချို့ကို ပြန်လည်စီစစ်ဖို့ တိုက်တွန်းပါတယ်။

“ငြိမ်းချမ်းစွာဆန္ဒပြလို့ ဖမ်းခံရသူ အများစုဟာ လယ်ယာမြေကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေနဲ့ ပတ်သက်ဆက်နွယ်ပါတယ်။ စစ်တပ်ကနေ လယ်ယာမြေတွေကို အရင်တုန်းက မတရားသိမ်းယူထားတာနဲ့ အခု လက်ရှိ ဖွံဖြိုးရေးစီမံကိန်းတွေကို တိုးချဲ့လုပ်လာတာတွေကြောင့် ၊ လယ်ယောမြေကိစ္စဟာ အစိုးရအတွက်အတော်လေးကို အထိအရှမခံ ဖြစ်နေပါတယ်။”

မြန်မာအစိုးရ ကိုယ်စားလှယ်ကတော့ မစ္စတာကင်တာနားရဲ့ အစီရင်ခံစာဟာ ပြည့်စုံတဲ့ အစီရင်ခံစာမဟုတ်ဘူးလို့ ငြင်းချက်ထုတ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ တကယ်အဖြစ်မှန်ကို ထပ်ဟပ်မှုမရှိတဲ့ အချက်တွေအများကြီးပါရှိတဲ့အပြင်၊ အစိုးရရဲ့အာဏ
ရခိုင်ပြည်နယ်အတွင်းဖြစ်တဲ့အခြေအနေတွေဟာ မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေးအယူအဆတွေ ကို ကျယ် ကျယ်ပြန့်ပြန့် ဖြစ်လာစေပြီး၊ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတရပ်ဖြစ်စေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက် ပါတယ်။