Saturday 26 October 2013

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိပြီး ဒေသအလိုက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိကြောင်း၊ သဘာဝဘေး ကျရောက်နိုင်စွမ်းရှိသည့် ဒေသတို့ကို ကြိုတင်မှန်းဆ၍ သက်ဆိုင်ရာ ဒေသအတွင်းရှိ မီးသတ်တပ်ဖွဲ့များ ကြက်ခြေနီများနှင့် တာဝန်ရှိသူများမှ ကြိုတင် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ရန် လိုအပ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရ သည်။
မြန်မာနိုင်ငံအတွင်း ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးမှာ မီးဘေး၊ ရေဘေး၊ ဆိုင်ကလုန်း၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှား၊ တောမီး၊ မုန်တိုင်းဒီရေ တို့ ဖြစ်ကြောင်း သိ ရသည်။

မြန်မာနိုင်ငံအတွင်း ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးမှာ မီးဘေး၊ ရေဘေး၊ ဆိုင်ကလုန်း၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှား၊ တောမီး၊ မုန်တိုင်းဒီရေတို့ ဖြစ်ကြောင်း...

မြန်မာနိုင်ငံသို့ ကျရောက်နိုင်သည့် သဘာဝ ဘေးအန္တရာယ်များအနက် မီးဘေး အန္တရာယ်သည် နေရာ အနှံ့အပြား ဖြစ်နိုင်ခြေရှိပြီး၊ အပူပိုင်းဒေသဖြစ်သော မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် လူနေထူထပ်သော ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့၌ ပိုမိုဖြစ်ပွား နိုင်ကြောင်း သိရသည်။ ရေလွှမ်းမိုးမှုကို ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း တို့၌ နှစ်စဉ် ရေလွှမ်းမိုးခြင်း ခံရပြီး အထူးသဖြင့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ် ၊ သံလွင်မြစ်၊ မဒေါက်မြစ်၊ ရွှေကျင်မြစ်ကြောင်း တစ်လျှောက်ရှိ ဒေသများတွင် အဖြစ်များကြောင်း၊ ဆိုင်ကလုန်း မုန်တိုင်းသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အဖြစ်များကြောင်း ငလျင်လှုပ်ခတ်မှုသည် နိုင်ငံတစ်ဝန်းလုံး၌ ဖြစ်ပေါ်နိုင်ပြီး၊ အဓိက ငလျင်ဒဏ် ကျရောက်နိုင်သော ဒေသများမှာ နေပြည်တော်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ ဖြစ်ကြောင်း၊ ဆူနာမီ ရေဘေးအန္တရာယ်သည် ကမ်းရိုးတန်း ဒေသ များဖြစ်သော ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ကြုံတွေ့နိုင်ကြောင်း၊ မိုးခေါင်ရေရှား ဒဏ်ကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ဖြစ်ပွားနိုင်ကြောင်း သိရသည်။
မြေပြိုဘေးအန္တရာယ် ကျရောက်နိုင်သော ဒေသများမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အများဆုံး ဖြစ်နိုင်ကြောင်း၊ မိုးခေါင်ရေရှားဒဏ်ကို အလယ်ပိုင်း ဒေသများ ဖြစ်သော စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ဖြစ် ပွားနိုင်ကြောင်း ၊ တောမီးသည် နေရာအနှံ့အပြားတွင် ဖြစ်ပွားနိုင်သော်လည်း ပဲခူးတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ အဖြစ်များကြောင်း၊ မုန်တိုင်း ဒီရေသည် ရခိုင်ကမ်းရိုးတန်းဒေသ၊ တနင်္သာရီကမ်းတန်းဒေသ၊ မုတ္တမကွေ့ အနီးရှိ ဒေသများတွင် မုန်တိုင်းဒီရေ လွှမ်းမိုးမှု အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ကိုးနှစ်တာ ကာလအတွင်း သဘာဝ ဘေး အန္တရာယ်ကြီး ခုနစ်ခု ဖြစ်ပွားခဲ့ပြီး၊ သဘာဝဘေး အန္တရာယ်များကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ လူဦးရေ ၁၃၈၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

Eleven

No comments:

Post a Comment