Monday 28 March 2016

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်သစ် အမည်စာရင်းများ ထွက်ပေါ်

ပြည်နယ်နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်အသစ် အမည်စာရင်းများ လွှတ်တော်များသို့ တရားဝင်တင်သွင်းကြေညာမည့် မတ်လ ၂၈ ရက် မတိုင်မီတစ်ရက်အလိုကတည်းက ထွက်ပေါ်ခဲ့သည်။ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်အဖြစ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာလင်းထွဋ်၊ ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ဦးညီပု ဖြစ်လာမည်ဟု သတင်းရရှိသည်။သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်များက အတည်ပြုကြေညာခြင်း မရှိသေးသော်လည်း သမ္မတသစ်ဦးထင်ကျော်က တာ ၀န်ပေးအပ်မည့် ၀န်ကြီးချုပ်အ မည်စာရင်းပါ စာအိတ်ကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးများတွင် မတ်လ ၂၇ ရက် မွန်းလွဲပိုင်း၌ တံခါးပိတ်အစည်းအ ဝေးပြုလုပ်၍ ဖွင့်ဖောက်အသိပေး ခဲ့ပြီးနောက် ၀န်ကြီးချုပ်အသစ်အ မည် စာရင်းများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။‘‘စာက ဗဟိုကလာတာပါ။ ဒီနေ့မွန်းလွဲ ၃ နာရီမှ တိုင်းအင်န် အယ်လ်ဒီရုံးမှာ ပါတီရဲ့ လွှတ် တော်ဥက္ကဋ္ဌက ပါတီရဲ့ညွှန်ကြား ချက်ကိုဖတ်ပြတယ်။ စာထဲမှာ တော့သမ္မတက ၀န်ကြီးချုပ်တွေ အဖြစ် တာဝန်ပေးဖို့ လျာထားတဲ့ ၁၄ ဦး အမည်စာရင်း ပါတယ်။ မကွေးတိုင်းအတွက်တော့ ဒေါက် တာအောင်မိုးညိုပေါ့။
 သူ့ကို အား လုံးက ကန့်ကွက်သူမရှိပါဘူး။ ပါတီက ဒီစာကို အိတ်ပိတ်ပို့တာ ပါ။ ဘယ်သူမှကြိုမသိပါဘူး။ စာ ကိုဖောက်ဖတ်တဲ့အခါ ပါတီဝင် တွေကို ဖိတ်ပြီးဖောက်ဖတ်တာ ပါ’’ ဟု အစည်းအဝေး တက် ရောက်ခဲ့သည့် မကွေးတိုင်းဒေသ ကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ အတွင်းရေးမှူး ဦးနေ မျိုးကျော်က ပြောသည်။ယခုရွေးချယ်မှုတွင် ဒီချုပ်ပါ တီမှ တာဝန်ရှိသူများပြောထားသ ကဲ့သို့ပင် တိုင်းနှင့်ပြည်နယ် ၀န် ကြီးချုပ်အားလုံးမှာ ဒီချုပ်ပါတီဝင် များဖြစ်ကြသည်။ယခင်က တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ် ရာထူးများ အတွက် အမျိုးသားများကိုသာ ခန့်အပ် တာဝန်ပေးအပ်လေ့ရှိခဲ့သော်လည်း ယခုအစိုးရသစ်လက်ထက်၌ ခန့်အပ်မည့်ဝန်ကြီးချုပ် ၁၄ ဦးတွင် အမျိုးသမီးနှစ်ဦးပါဝင်လာသည်။အစိုးရသစ်လက်ထက် ခန့် အပ်မည့် ၀န်ကြီးချုပ်များမှာ ရန် ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် အဖြစ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည် နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လင်းထွဋ်၊ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ဦးညီပု၊ ကချင်ပြည် နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက် တာခက်အောင်၊ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်အဖြစ် ဦးမန်း ဂျော်နီ၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဒေါက်တာဇော် မြင့်မောင်၊ မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဒေါက်တာ အောင်မိုးညို၊ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦးဝင်းသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီး ချုပ်အဖြစ် ဒေါက်တာ မြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်အဖြစ် ဒေါက်တာလဲ့လဲ့မော်၊ ကယားပြည်နယ် ၀န်ကြီးချုပ်အ ဖြစ် ဦးအယ်လ်ဖောင်းရှိ၊ ကရင် ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည် နယ်ဝန်ကြီးချုပ်အဖြစ် ဦးဆလိုင်း လျန်လွယ်၊ မွန်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် ဦးမင်းမင်းဦးတို့ ဖြစ် ကြောင်း သတင်းရရှိသည်။ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသည့် ဒေါက်တာ ခက်အောင်ကလည်း ယခုထွက်ပေါ်နေသော ဝန်ကြီးချုပ် အမည်စာရင်းမှာ မှန်ကန်ကြောင်း အတည်ပြုသည်။‘‘ကျွန်တော်ဝန်ကြီးချုပ်ဆို တာ ကွန်ဖန်းပါ။ စာအိတ်တော့ မဖောက်ရသေးပါဘူး။ စာအိတ် က ၂၄ ရက်နေ့က ရောက်တယ်။ မှာထားတာက ၂၇ ရက် မွန်းလွဲပိုင်းနဲ့ ၂၈ ရက် မနက်ပိုင်း ဖောက်ဖတ်ဖို့ မှာထားတာပါ။ ကျွန်တော် တို့က ၂၈ ရက်မနက်မှ ဖောက်ဖတ် မှာပါ’’ဟု ဒေါက်တာ ခက်အောင် က ပြောသည်။‘‘ကျွန်တော်ဖြစ်ဖို့များတယ်။ ကျန်တဲ့စာရင်းတွေလည်း မှန်ပါ တယ်’’ဟု ပြည်နယ်ဝန်ကြီးချုပ်အသစ်ဖြစ်လာမည့် သူတစ်ဦးက လည်း ပြောသည်။ယခုဝန်ကြီးချုပ်အဖြစ် ရွေး ချယ်ခန့်အပ်ခံရသည်ဟု ရေပန်း စားနေသူအချို့က သမ္မတအမည် စာရင်းမထွက်မီကတည်းက ဝန် ကြီးချုပ်ဖြစ်နိုင်သည်ဟု သတင်း ကြီးနေသူများဖြစ်သည်။ဝန်ကြီးချုပ်များ ရွေးချယ်ခန့်အပ်ရာတွင် တိုင်းရင်းသားနယ်မြေအချို့၌ မဟာမိတ်တိုင်းရင်းသားပါတီများမှ သူများကို ချန်လှပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဝေဖန်မှု အချို့ရှိနေသည်။‘‘အင်န်အယ်လ်ဒီက အနိုင်ရပါတီမို့လို့ သူလုပ်ပိုင်ခွင့်ရှိတဲ့ ဘောင်ထဲကနေ လုပ်သွားတဲ့သ ဘောပေါ့။ ရှမ်းပြည်နယ်တစ်ခုအ နေနဲ့ကြည့်ရင် သူတို့ရွေးချယ်မှုက အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးအတွက် အင်မတန်စိန်ခေါ်မှု ကြီးမားတာ တွေ့ရတယ်။ ရှမ်း ပြည်နယ်က အကြီးအကဲအဆက် ဆက် ရှမ်းတိုင်းရင်းသားတွေလုပ် ခဲ့ပြီး အခု ပထမဆုံး အပြောင်းအ လဲတစ်ခုကို သူတို့ လုပ်လိုက်တဲ့ အတွက် တိုင်းရင်းသားလူမျိုးတွေ နဲ့ ယုံကြည်မှုရရှိဖို့ ကြိုးပမ်းသွားရ ပါဦးမယ်’’ ဟု ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွဲ ဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ဆိုသည်။

သမ္မတသစ်က ရွေးချယ်သည့် ၀န်ကြီးချုပ်များ

၁။ ရန်ကုန်တိုင်း ၀န်ကြီးချုပ်- ဦးဖြိုးမင်းသိန်း

၂။ ရှမ်းပြည်နယ် ၀န်ကြီးချုပ်− ဒေါက်တာလင်းထွဋ်

၃။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်− ဦးညီပု

၎။ ကချင်ပြည်နယ် ၀န်ကြီးချုပ်− ဒေါက်တာခက်အောင်

၅။ ကယားပြည်နယ် ၀န်ကြီးချုပ်− ဦးအယ်လ်ဖောင်းရှိ

၆။ ကရင်ပြည်နယ် ၀န်ကြီးချုပ်− ဒေါ်နန်းခင်ထွေးမြင့်

၇။ ချင်းပြည်နယ် ၀န်ကြီးချုပ်− ဦးဆလိုင်းလျန်လွယ်

၈။ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်− ဒေါက်တာမြင့်နိုင်

၉။ တနင်္သာရီတိုင်း ၀န်ကြီးချုပ်− ဒေါက်တာလဲ့လဲ့မော်

၁၀။ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်− ဦးဝင်းသိန်း

၁၁။ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်−ဒေါက်တာအောင်မိုးညို

၁၂။ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်−ဒေါက်တာဇော်မြင့်မောင်

၁၃။ မွန်ပြည်နယ် ၀န်ကြီးချုပ်- ဦးမင်းမင်းဦး

၁၄။ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်− ဦးမန်းဂျော်နီ

7Day Daily

No comments:

Post a Comment