တောင်ကိုရီးယား မိန်း ကလေးအဆိုရှင်များအဖွဲ့ Girls' Generation အဖွဲ့ဝင် ထယ်ယွန်းသည် ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွကျင်းပပြုလုပ် မည်ဟု ၎င်း၏အေဂျင်စီ SM Entertainment ကပြောသည်။Taeyeon, Butterfly Kiss ဟု အမည်ပေးထားသော ဖျော် ဖြေပွဲများကို ဧပြီ ၂၃ ရက်နှင့်၂၄ ရက်တွင် ဆိုးလ်မြို့ အိုလံပစ်အားကစားကွင်း၌ ကျင်းပပြုလုပ် မည်ဖြစ်သည်။
ထယ်ယွန်းသည် ပြီးခဲ့သည့် နှစ်အောက်တိုဘာက SM ဖျော် ဖြေပွဲစီးရီးများ၌ ပါဝင်ဖျော်ဖြေခဲ့ ပြီးနောက် တစ်ကိုယ်တော်ဖျော် ဖြေပွဲ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ထယ်ယွန်းသည် အဖွဲ့လိုက် အနုပညာလှုပ်ရှားမှုတွင်သာမက တစ်ကိုယ်တော် အနုပညာလှုပ် ရှားမှုတွင်လည်း အောင်မြင်ခဲ့၍ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပရိသတ်များက မျှော်လင့်လျက်ရှိ သည်။
အသက် (၂၇)နှစ်အရွယ် ထယ်ယွန်းသည် ပြီးခဲ့သည့်နှစ်က ပထမဆုံးတစ်ကိုယ်တော် တေး အယ်လ်ဘမ် 'I' ဖြင့် တစ်ကိုယ် တော်အနုပညာလှုပ်ရှားမှု စတင်ခဲ့သည်။ ထယ်ယွန်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ လက်မှတ်များကို မတ်လ ၃၀ ရက်တွင် ရောင်းချမည် ဖြစ်သည်။
—Ref: The Korea Herald

No comments:
Post a Comment