Tuesday 29 March 2016

ထင်ရှားကျော်ကြား သူတွေနဲအတူ အသက် (၃၀)ပြည့် မွေးပွဲနေ့ ကျင်းပတဲ့ လေဒီဂါဂါ

အမေရိကန် အဆိုတော် လေဒီဂါဂါသည် အသက် (၃၀)ပြည့်မွေးနေ့ကို ထင်ရှားကျော်ကြားသော အနု ပညာရှင်မိတ်ဆွေများနှင့်အတူ ကျင်းပခဲ့သည်။ မတ်လ ၂၈ ရက် တွင် အသက် (၃၀)ပြည့်မည့် လေဒီဂါဂါသည် မွေးနေ့မတိုင်မီ နှစ်ရက်ကြို၍ ပွဲကျင်းပခြင်းဖြစ် သည်။ လေဒီဂါဂါ၏ မွေးနေ့ပွဲကို မတ်လ ၂၆ ရက်တွင် ဟောလိဝုဒ်ရှိNo Name ကလပ်၌ ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်သည်။လေဒီဂါဂါ၏ မွေးနေ့ပွဲသို့ တက်ရောက်သူများတွင် တေလာ ဆွစ်ဖ်၊ လာနာဒယ်ရေး၊ ကိတ် ဟက်ဆန်၊ ဖာရဲလ်ဝီလီယံ၊ ဂျွန် လက်ဂျန့်နှင့်ဇနီး၊ ကက်သီဘိတ်စ် နှင့် လေဒီဂါဂါ၏ခင်ပွန်းလောင်း တေလာကင်နေးတို့ ပါဝင်ခဲ့သည်။မွေးနေ့ရှင် လေဒီဂါဂါသည် ပါတီ ပွဲ၌ သီချင်းဖြင့်ဖျော်ဖြေခဲ့ကြောင်း နှင့် နာမည်ကျော်ကြားသော ၁၉၉၀ မိုက်ကယ်ဂျက်ဆင်ပုံကြမ်း Dancing Feet ကို လက်ဆောင် ရရှိခဲ့ကြောင်း TMZ.com သတင်း က ဖော်ပြသည်။လေဒီဂါဂါသည် အသက် (၃၀) ပြည့်မွေးနေ့မတိုင်မီ အောင် မြင်ကျော်ကြားမှုများစွာ ရရှိခဲ့ သည်။ ဂါဂါသည် American Horror Story: Hotel ဇာတ်လမ်း တွဲတွင် ပါဝင်တင်ဆက်မှုကြောင့်ရွှေကမ္ဘာလုံးဆု ရရှိခဲ့သည့်အပြင်၎င်းသည် အော်စကာ ဆန်ခါတင် စာရင်း၌လည်း အကောင်းဆုံးဇာတ်ဝင်တေးဆုအတွက် အမည် တင်သွင်းခြင်းခံခဲ့ရသည်။ လေဒီဂါဂါသည် Super Bowl ဖျော်ဖြေပွဲတွင် အမေရိကန်နိုင်ငံတော် သီချင်း သီဆိုခြင်းနှင့် ဂရမ်မီဆုပေးပွဲ၌ အဆိုတော်ဒေးဗစ်ဘိုဝီအတွက် ဂုဏ်ပြုတေးတင်ဆက်ခြင်းတို့ဖြင့်လည်း ပရိသတ်အာရုံ စိုက်မှုကို ရရှိခဲ့သည်။

—Ref: Contactmusic

No comments:

Post a Comment