Tuesday 15 September 2015

နိုင်ငံရေးရောဂါ ကာကွယ်ဆေးအမြန်ဆုံးထိုးကြပါ


ယခုလို ရွေးကောက်ပွဲနီး လာတဲ့ အခါသမယမှာ စာရေးသူကို မိတ် ဆွေအချို့က ဘယ်ပါတီကိုလော် ဘီ(Lobby)လုပ်မှာလဲလို့မေးကြ ပါတယ်။ စာရေးသူကတော့ဘယ် ပါတီကိုမှ လော်ဘီမလုပ်နိုင်ပါ ဘူး။ မဲဆန္ဒရှင်ပြည်သူတွေအ တွက်သာ လော်ဘီလုပ်ချင်တာပါ။

ဘာဖြစ်လို့လဲဆိုတော့ရွေး ကောက်ပွဲတစ်ရပ်ကျင်းပတယ် ဆိုတာ အစိုးရတစ်ဖွဲ့ပြောင်းလဲ ချင်လို့ ကျင်းပတာဖြစ်ပြီး တိုင်း ပြည်တိုးတက်အောင်အကောင် အထည်ဖော်နိုင်မယ့်သူတွေကို ရွေးချယ်ရတာဖြစ်တဲ့အတွက် မှန် မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ ပြည် သူ့ဘက်ကသာ ရပ်တည်ရခြင်း ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည် မှာ အစိုးရဆိုတာက အမြဲရှိနေမှာ ဖြစ်ပြီး အဲဒီအစိုးရအဖွဲ့ဝင်တွေကို သာ လေးနှစ်တစ်ကြိမ်ဖြစ်စေ၊ငါး နှစ်တစ်ကြိမ်ဖြစ်စေပြောင်းလဲဖို့ ပြည်သူ့ဘက်က အခွင့်အရေးရ တာဖြစ်ပါတယ်။ တိုင်းပြည်တိုး တက်အောင်မလုပ်နိုင်တဲ့သူတွေ ကိုပဲ ဆက်ရွေးချယ်နေမယ်ဆိုရင် တော့ တစ်ပါတီအာဏာရှင်စနစ် နဲ့ ထူးခြားမှာမဟုတ်ပါဘူး။

နိုင်ငံရေးဆိုတာ အမွန်မြတ် ဆုံးအလုပ်လို့ ပညာရှင်အသီးသီး က မိန့်ဆိုခဲ့ပါတယ်။ ဒီမိုကရေစီ အပြည့်အ၀ရရှိဖို့၊ တိုင်းပြည်တိုး တက်ဖို့၊ ဆင်းရဲမွဲတေမှုလျှော့ချဖို့ အစရှိသည်ဖြင့် နိုင်ငံရေးသမား အများစုကကြွေးကြော်လုပ် ဆောင်သော်လည်း ရွေးကောက် ပွဲဆိုတဲ့ စာမေးပွဲကြီးနဲ့ နီးလာရင် နိုင်ငံရေးသမားတွေခမျာ အမတ် ဖြစ်ချင်တဲ့ ဗိုင်းရပ်စ်တွေဝင်လာ ပြီး နိုင်ငံရေးရောဂါအရှိန်တက် လာကြပါတယ်။

နိုင်ငံရေးသမားအမတ်ဖြစ် ချင်တာမဆန်းပေမယ့် ကိုယ့်အ ရည်အချင်းနဲ့ မကြိုးစားကြဘဲ ပြိုင်ဘက်ပါတီကို အပုတ်ချ၊ ပြည်သူကိုသွေးထိုး၊ ပဋိပက္ခဖြစ်အောင် မှိုင်းတိုက်၊ ငွေကြေး ပစ္စည်းဥစ္စာနဲ့ မဲဆွယ်စည်းရုံးကြတဲ့အခါ နိုင်ငံရေးဆိုတာ ညစ်လုံး၊ ထိုးလုံးတွေနဲ့ ရွံစရာကြီးပါလားလို့ ပြည်သူ့အမြင်ကို မှုန်ဝါးသွား စေပါတယ်။

မဲဆွယ်စည်းရုံးခွင့်ကာလစ တင်လိုက်တာနဲ့ ပါတီအသီးသီး၊ တစ်သီးပုဂ္ဂလအမတ်လောင်းအသီးသီးဟာ နည်းပရိယာယ်များစွာနဲ့ ၎င်းတို့ရဲ့ စည်းရုံးရေးဗျုဟာကို စတင်ကြတာမြင်တွေ့ရပါတယ်။ ဆိုင်းသံဗုံ၊ သံသီချင်းသံတွေနဲ့တစ် မျိုး၊ အလှပြကားနဲ့တစ်မျိုး၊ လူထု ဟောပြောပွဲနဲ့တစ်ဖုံ အမျိုးစုံလှပါ တယ်။ အင်တာနက်လူမှုကွန်ရက် မှာလည်း အမတ်လောင်းတွေရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်းတွေ တွေ့ရသလို သူတို့ရဲ့ စည်းရုံးမဲ ဆွယ်မှုမှတ်တမ်းကိုလည်း စဉ် ဆက်မပြတ်တင်နေတာကို တွေ့ ရပါတယ်။ လူမှုကွန်ရက်ရဲ့အား ဟာ ဘယ်လောက်အထိကောင်း သလဲဆိုရင် ပခုက္ကူကအမတ် လောင်း မိန်းကလေးတစ်ဦးဟာ ချက်ချင်းပဲ အနုပညာရှင်တစ် ယောက်လို ကျော်ကြားသွားလေ ရဲ့။

ငိုအားထက်ရယ်အားသန်ရ တဲ့ ကိစ္စတွေလည်း ရှိပါသေး တယ်။ စာရေးသူနေထိုင်လာတဲ့ မြို့ရဲ့ ရပ်ကွက်တစ်ခုမှာ ပါတီ တွေက သူတို့ရဲ့အလံကို ဆိုက် ကားတွေမှာ တပ်ပေးဖို့တောင်းဆို ကြပါသတဲ့။ တချို့ဆိုက်ကားဂိတ် တွေက အလံတပ်ဖို့ ပါတီကိုရွေး ပြီး တချို့ဂိတ်တွေကတော့အသ ပြာကို ရွေးကြပါသတဲ့။ အဲဒီမှာ တင် စည်းရုံးရေးသမားနဲ့ဆိုက် ကားဂိတ်ဟာ တစ်စီးကိုငါးထောင် ကျပ်နှုန်းနဲ့အပေးအယူညီပြီး အ လံတပ်ဖို့ အလုပ်ဖြစ်သွားကြပါ တယ်။

ဒါပေမဲ့ သုံးလေးရက် အ ကြာမှာ ဆိုက်ကားသမားတွေ ပွစိ ပွစိဖြစ်ပြီး အလံပြန်ဖြုတ်မယ်တွေ ဘာတွေ ဖြစ်ကြပါသတဲ့။ မေး ကြည့်တော့မှ ဂိတ်မှူးကတစ်စီး ငါးထောင်နဲ့အစီး နှစ်ဆယ်စာငွေ တစ်သိန်းကို ခွဲဝေမပေးဘဲ ဗုန်း ထားတဲ့ကိစ္စပေါ်ပါတော့တယ်။

နောက်တစ်ခုက နယ်မြို့ ကြီးတစ်မြို့က သက်တော်ရှည်ဆ ရာတော်ကြီးရဲ့ ၀ိဇာတမွေးနေ့အ ကြိုတရားပွဲမှာ ဆရာတော်တစ် ပါးဟောကြားတဲ့အခွေကို နိုင်ငံ ရေးမှာ ဘာသာရေးကိုအသုံးချလို တဲ့သူတွေက ကျေးလက်တောရွာ အနှံ့ဖြန့်ချိတဲ့ကိစ္စပါ။ ဟောကြား တဲ့ဆရာတော်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အ တွက် ဒကာ၊ ဒကာမတွေကိုဟော ကြားတာပါ။ အမျိုးစောင့်ဥပဒေ တွေကို လွှတ်တော်ကပြဋ္ဌာန်းထား ပြီး သမ္မတအတည်ပြုပေးတဲ့အ တွက် ကျေးဇူးတင်ကြောင်းလည်း ပါပါတယ်။ အမျိုးစောင့်ဥပဒေ တွေကို ဆန့်ကျင်ကန့်ကွက်တဲ့သူ တွေကြောင့် အောင်မြင်အောင် ဒကာ၊ ဒကာမတွေနဲ့ ကြိုးစားခဲ့ ကြောင်းလည်းပါပါတယ်။ အဲဒီလို ဆန့်ကျင်ကြသူတွေထဲမှာ အမျိုး ဖျက်ပါတီလည်းပါဝင်ကြောင်း မိန့်ပါတယ်။

ဒါပေမဲ့ အဲဒီတရားနဲ့ အဲဒီအ သုံးအနှုန်းကို သုံးပြီး တခြားပါတီကို ပုတ်ခတ်တဲ့ အခါမှာတော့ မတရားသဖြင့် စည်းရုံးမှုကြီးဟာ ရုပ်လုံးပေါ်လာပါတယ်။

ရွေးကောက်ပွဲ သမိုင်းတွေ မှာ မဲပြားအောင်လုပ်တဲ့ပါတီ၊ မဲ ကွဲအောင်လုပ်တဲ့ပါတီသာကြား ဖူးပါတယ်။ အခုလိုအမျိုးဖျက်ပါ တီဆိုတာတော့ အခုမှ ကြားဖူးပါ တယ်။ လူ့အခွင့်အရေးစကား ပြောလို့၊ လူနည်းစုအခွင့်အရေး ပြောလို့ အမျိုးဖျက်သူသာဖြစ်ရ မယ်ဆိုရင် တိုင်းရင်းသားလူနည်း စုများအကျိုးအတွက် ငြိမ်းချမ်း ရေးအကောင်အထည်ဖော်နေတဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးအဖွဲ့ဝင် အားလုံးဟာလည်း အမျိုးဖျက်သူ တွေဖြစ်ရတော့မလိုပါပဲ။ ငြိမ်း ချမ်းရေးလုပ်တယ်ဆိုတာလူ့အ ခွင့်အရေးကို ကြည့်ပြီး လူနည်းစု အရေးကိုတန်ဖိုးထားရပါတယ်။ ဘာသာရေး ခွဲခြားလို့မရပါဘူး။ ဆိုကြသလို အမျိုးဖျက်ပါတီသာ မြန်မာနိုင်ငံမှာ ရှိမယ်ဆိုရင် ရွေး ကောက်ပွဲ ကော်မရှင်ကလည်း လက်ပိုက် ကြည့်နေမှာမဟုတ်ပါ ဘူး။

အခုလို နိုင်ငံရေးမှာ ဘာသာ ရေးကို အသုံးချလာတဲ့အတွက် ဘာတွေဖြစ်လာသလဲဆိုတော့ သတင်းမီဒီယာတွေနဲ့ဝေးတဲ့ ကျေးလက်ဒေသက ပြည်သူတွေခမျာ အမြင်တွေလွဲမှားလာပါတယ်။ ‘‘ဘုန်းကြီးပြောမှပဲ သိတော့တယ် ဒီလိုဆိုရင်တော့’’တွေဘာတွေဖြစ်လာပါတယ်။ ကျေးလက်တောရွာက ပြည်သူတွေရဲ့ သံဃာကို ယုံကြည်ကိုးစားမှုကိုပါ အခွင့်အရေးယူလိုက်တာပါ။

ဆောင်းပါးအစမှာဆိုခဲ့တဲ့ နိုင်ငံရေးရောဂါနဲ့ ကာကွယ်ဆေး ထိုးကြဖို့ အပိုင်းကိုရောက်ပါပြီ။ လူတစ်ယောက်ဟာ ကိုယ်ခံအား နည်းရင် ရောဂါကူးစက်ခံရတတ် ပါတယ်။ ယခုလိုအပေါစားနည်း တွေ၊ အောက်တန်းစားနည်းတွေ နဲ့ မဲဆွယ်စည်းရုံးနေတာဟာ မဲ ဆွယ်သူမှာလည်း ဗိုင်းရပ်စ်ပိုးဝင် နေသလို အစည်းရုံးခံရသူမှာလည်းကိုယ်ခံအားနည်းနေလို့ပါ။ အသိပညာကိုယ်ခံအားနည်းရခြင်းဟာ ဉာဏ်ပညာဆိုတဲ့ ပြတင်းပေါက်မပွင့်လို့ပါ။

ဉာဏ်ပညာသည်သာလူကို ဦးဆောင်မြဲဖြစ်တဲ့အတွက် အသိ ပညာရစေမယ့် စာအုပ်စာပေများ ကို ဖတ်ရှုပါ။ သတင်းမီဒီယာများ ကို မျက်ခြည်မပြတ်ပါနဲ့။ ဗုဒ္ဓဟော ကြားခဲ့တဲ့ ကာလာမသုတ်နဲ့အ ညီစဉ်းစားပါ။ ချင့်ချိန်ပါ။ ဆုံးဖြတ် ပါ။ အသည်းကြားက မဲတစ်ပြား ကို မသမာသူတွေလက်ထဲမရောက် ပါစေနဲ့လို့ စေတနာအသိနဲ့ ဆန္ဒ ပြုလိုက်ပါတယ်။
ဗညားလှိုင်ဦး
7 day

No comments:

Post a Comment