Friday 20 November 2015

အမျိုးသမီးအမတ် ပိုများလာမည့် လွှတ်တော်သစ်

လွှတ်တော်တွင်းသို့ ရောက်ရှိခဲ့သော အမျိုးသမီးလွှတ်တော်အမတ်အရေအတွက်ပြ သတင်းအချက် အလက်ပါ သရုပ်ဖော်ပုံ 
၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ် စလုံးအတွက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် လောင်း ၈၀၀ ခန့်  ၀င်ရောက် ယှဉ် ပြိုင်ခဲ့ရာ နိုဝင်ဘာ ၈ ရက်  ရွေး ကောက်ပွဲအပြီး၌ လွှတ်တော်အတွင်းသို့ အမျိုးသမီး အမတ်လောင်း ဦးရေ၁၅၀ခန့် ရောက်ရှိလာတော့မည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ် လောင်း ၃၀၀၀ ကျော်အနက် အမျိုးသမီး အမတ် လောင်း ၁၀၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၄၅ ဦး ရွေး ချယ်ခံခဲ့ရသည်။ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲ တွင် လစ်လပ် မဲဆန္ဒနယ်များအတွက် အမျိုး သမီး အမတ်လောင်း ၂၆ ဦး ၀င်ပြိုင်ရာ ၁၃ ဦး ထပ်မံရွေးချယ်ခံရ သည်။ ထို့ကြောင့် လက်ရှိလွှတ် တော်သုံးရပ်တွင် စုစုပေါင်း အမျိုး သမီးအမတ်ဦးရေ ၅၃ ဦးသာရှိပြီး စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီက မြန်မာ့နိုင်ငံရေးအခင်းအကျင်း တွင် အမျိုးသမီးပမာဏ ၃၀ ရာ ခိုင်နှုန်းပါဝင် နိုင်မည်ဟု အမျိုးသ မီးအရေးတက်ကြွလှုပ်ရှားသူများ က မျှော်မှန်းထားကြသည်။ ယခု ရွေးကောက်ပွဲတွင် အနိုင်ရလဒ်များအရ အမျိုးသမီးလွှတ်တော် အမတ် ပမာဏမှာလွှတ်တော်သုံး ရပ်ပေါင်းတွင် ၂၀ ရာခိုင်နှုန်းခန့် ရရှိလာခြင်းဖြစ်သည်။

လွှတ်တော်ထဲတွင် အမျိုးသမီးအမတ်လောင်းများ ပိုမို ရောက်ရှိလာခြင်း၊ အထူးသဖြင့် ယခင်ကတည်းက အမျိုးသမီးအ ရေးတက်ကြွလှုပ်ရှားသူအချို့က အမတ်လောင်းများအဖြစ် ရွေး ကောက် တင်မြှောက်ခံရခြင်းတို့ ကြောင့် ဥပဒေပြုရေး မဏ္ဍိုင်တွင် အမျိုးသမီးများ၏ အခွင့်အရေး ချိုးဖောက်ခံရခြင်း ကို ကာကွယ် ခြင်း၊ အမျိုးသမီးများ ဘ၀လုံခြုံ ရေးနှင့် သက်ဆိုင်သည့် ဥပဒေ များ ကာကွယ်ခြင်း၊ အမျိုးသမီး နှင့် ကလေးသူငယ်များ၏ ဘ၀ ရပ်တည်ရေးအတွက် အဆိုများ တင်သွင်းခြင်းတို့ ပိုမိုပြုလုပ်လာ နိုင်မည်ဖြစ်ကြောင်း အမျိုးသမီး တက်ကြွလှုပ်ရှားသူများက မျှော် လင့်နေကြသည်။

လက်ရှိနိုင်ငံရေးအခင်းအ ကျင်းတွင် အမျိုးသမီးလွှတ်တော် အမတ်များ ပါဝင်မှု နည်းပါးခြင်း ကြောင့် အမျိုး သမီး အခွင့်အရေး နှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်း ခြင်း၊ အမျိုးသမီးများအတွက် အကာ အကွယ်ဖြစ် စေသည့် အဆိုတင်သွင်းမှုအားနည်းခြင်း၊ နိုင်ငံ ရေးအရ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ရာထူးနေရာတွင် အမျိုးသမီးများ ပါဝင်မှုအားနည်းရခြင်းတို့ ကြောင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ် ကြောင်း ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးလွှတ်တော်အမတ် များက ဆိုသည်။

‘‘အမျိုးသမီးတွေနဲ့  ပတ် သက်တဲ့ ၀န်ကြီးဌာနတစ်ခုသီး သန့်ဖြစ်လာအောင် ကြိုးစားသွား မယ်။ အမျိုးသမီး တွေကို အကြမ်း ဖက်တာ လျှော့ချဖို့နဲ့ ခေါင်းဆောင်ပိုင်းတွေအထိ အမျိုးသမီးတွေ ပါ ၀င်နိုင်ရေးနဲ့ ကျား/မတန်းတူအ ခွင့်အရေးရဖို့ ကြိုးစားသွားမယ်’’ ဟု အမျိုးသမီးတက်ကြွလှုပ်ရှား သူတစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေး ကောက်ပွဲတွင် အနိုင်ရလာသည့် အမျိုးသမီးလွှတ်တော်အမတ် တစ်ဦးက ဆိုသည်။

ထိုသို့ဥပဒေပြုရေးကိစ္စရပ် များအပြင် အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်ချိန်နှင့် အခြား ကျန်းမာရေး စောင့်ရှောက်မှုများ အတွက် ဘတ်ဂျက်သီးသန့်ခွဲဝေ ပေးရန်နှင့် အမျိုးသမီးထုတစ်ရပ် လုံးအတွက် ဘတ်ဂျက်သီးသန့် ချပေးနိုင်ရန် အဓိကဆွေးနွေးတင် ပြသွားမည်ဟု ၎င်းတို့က ပြော သည်။

ထို့အပြင် စစ်ဘေးဒုက္ခသည် စခန်းမှ အမျိုးသမီးနှင့် ကလေး သူငယ်များ၊ အမျိုးသမီးအခွင့်အ ရေးချိုး ဖောက်ခံ နေရသည့် ဒေသ များသို့ လက်ရှိအနိုင်ရရှိထား သော အမျိုးသမီးလွှတ်တော် အ မတ်များ အနေဖြင့် ကွင်းဆင်း သွားရောက်လေ့လာသင့်ကြောင်း မြန်မာနိုင်ငံရေးနှင့် စစ်ရေးလေ့ လာသုံးသပ်သူ ဒေါ်ခင်မမမျိုးက အကြံပြုသည်။

မြန်မာနိုင်ငံသည် အမျိုးသ မီးများကို နည်းမျိုးစုံဖြင့် ခွဲခြား နှိမ့်ချဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် တွင် လက်မှတ် ရေးထိုးထားသော်လည်း သက် ငယ်မုဒိမ်းမှုများ ဖြစ်ပေါ်နေရခြင်း သည် အရေးယူမှု အားနည်းခြင်း နှင့်  အဆိုပါဥပဒေအသက်မ၀င် သောကြောင့်ဟု အမျိုးသမီးအ ရေးတက်ကြွလှုပ်ရှားသူ များက ထောက်ပြသည်။

ထို့ကြောင့် အမျိုးသမီးများ အတွက် အကြမ်းဖက်မှုအကာအ ကွယ်ပေးရေး ဥပဒေအသက်ဝင် ရန် အမျိုး သမီး အခွင့်အရေး ချိုး ဖောက်ခံရသည့် ကိစ္စရပ်များတွင် အနိုင်ရလွှတ်တော်ကိုယ်စား လှယ်များက ဖိဖိစီးစီး ဆောင်ရွက် ရန် လိုအပ်ကြောင်း အမျိုးသမီး အရေးတက်ကြွလှုပ်ရှားသူများက အကြံပြုသည်။

‘‘အမျိုးသမီးတွေအတွက် အကျိုးရှိတဲ့ ဥပဒေတွေကို ပြဋ္ဌာန်း နိုင်အောင် ကြိုးစားဖို့ လိုအပ်ပါ တယ်။ အမျိုး သမီး အခွင့်အရေး တွေ ဒီထက်ပိုရပြီး နိုင်ငံတကာ စံချိန်းစံညွန်းနဲ့ ညီတဲ့ ဥပဒေတွေ ဖြစ်အောင် လွှတ်တော် ထဲမှာ ဆွေးနွေးစေချင်ပါတယ်။ လက်ရှိမှာ  အမျိုးသမီးတွေကို အကြမ်းဖက်မှု တွေ၊ သက်ငယ်မုဒိမ်းမှုတွေ အ များကြီးဖြစ်နေပါတယ်။ ဒါတွေ ဟာ အရေးယူမှုအပိုင်းမှာ အား နည်းပြီး ဥပဒေတွေက ကောင်း ကောင်းအသက်မ၀င်လို့ပါ’’ဟု အမျိုးသမီးအရေးလှုပ်ရှားသည့် အဖွဲ့အစည်း Triangle Woman မှ ဒါရိုက်တာဒေါ်ခင်လေးက ပြော သည်။ ထိုသို့အမျိုးသမီးအရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအ တွက် အချက်အလက်များ လိုအပ်ပါကလည်း အရပ်ဘက်လူမှုအ ဖွဲ့အစည်းများအနေဖြင့် အမျိုးသ မီးလွှတ်တော်အမတ်များအား ကူညီရန် အသင့်ရှိကြောင်း ၎င်း က ဆက်လက်ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိလာသည့် အမျိုးသမီး လွှတ်တော်အမတ်များသည် လက်ရှိလွှတ်တော် သက်တမ်း၌ လွှတ်တော်တက်နေသည့် အမျိုး သမီးလွှတ်တော်အမတ်များထက် အရေအတွက် ပိုများ သကဲ့သို့ အရည်အသွေးပိုင်းတွင်လည်း ပိုမိုမြင့်မားလာရေး ပြည်တွင်း၊ ပြည်ပအရပ်ဘက် လူမှုအဖွဲ့ အစည်းများ က ကူညီပေးရန် လိုအပ်ကြောင်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များတွင် ဆောင်ရွက်နေသူ ဒေါ်နန်ရော်က ပြောသည်။

‘‘အခုအတိုင်းဆိုရင်တော့ လွှတ်တော်ထဲမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ ခါတိုင်းထက် သုံးဆ လောက် ရောက်သွားတယ်။ အမျိုးသမီး လွှတ်တော်အမတ် အရေအတွက် အများကြီးပါလာပြီဆိုတော့ အ ရည်အချင်းတွေပါ ဖြည့်ဖို့ လိုအပ် တယ်’’ဟု ဒေါ်နန်ရော်က ဆို သည်။

ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသမီးလွှတ်တော်အ မတ်များသည် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့်ဒေသအပြင် စစ်ဘေးသင့်ဒေသရှိများသို့ ကိုယ်တိုင်ကွင်း ဆင်းသွားရောက်ပြီး အဆိုပါ ဒေသနှင့် ပတ်သက်သည့် အသေး စားစစ်တမ်းတစ်ခုပြုလုပ်၍ ရရှိ လာသော အချက်အလက်များကို အခြေခံကာ လွှတ်တော်တွင် အဆိုတင်သွင်းသင့်ကြောင်း အမျိုးသမီးအရေး  တက်ကြွလှုပ်ရှားသူများက အကြံပြုသည်။

‘‘အရပ်ဘက်လူမှုအဖွဲ့အ စည်းတွေက စစ်ဘေးသင့်ဒေသ က လူ့အခွင့်အရေးချိုးဖောက်မှု တွေကို ပိုမို သိရှိနိုင် တယ်ဆိုပေ မယ့်အဲဒီအကြောင်းတွေကို လွှတ် တော်ကိုယ်စားလှယ်က အဆို တင်သွင်းမှ ပိုမိုထိရောက်မှာပါ’’  ဟု ဒေါ်နန်ရော်က ဆက်လက် ပြောသည်။

ယခု ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး သမီးပါတီ(မွန်)နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ သည် အမျိုးသမီး လွှတ်တော်ကိုယ် စားလှယ်များ အများဆုံးဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့်    ပါတီများဖြစ် သည်။

၂၀၁၀ နှင့် ၂၀၁၂ ရွေး ကောက်ပွဲနှစ်ခုပေါင်းရလဒ်အရ လက်ရှိလွှတ်တော်ထဲတွင် အမျိုး သမီးလွှတ်တော် အမတ် ၅၃ ဦး သာရှိပြီး အရှေ့တောင်အာရှနိုင် ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံး ဖြစ်သည်။

The Asia Foundation က ၂၀၁၄ တွင်ပြုလုပ်ခဲ့သည့်စစ်တမ်း တစ်ခု၌ နိုင်ငံရေးနယ်ပယ်တွင် အမျိုး သမီးများ ပါဝင်လာမှုမှာ တိုး တက်လာသည်ဟု ဖော်ပြထား သော်လည်း နိုင်ငံရေးအရ အရေး ပါသည့် ဆုံးဖြတ် ချက်များပေးနိုင် သောနေရာတွင် အမျိုးသမီးများ နေရာရရှိမှုနည်းပါးနေကြောင်း ဖော်ပြထားသည်။

‘‘အမျိုးသမီးလွှတ်တော်အ မတ်တွေ တော်တော်များများ လွှတ်တော်ထဲကို ရောက်လာ တယ်။ အခုဝင် ရောက် လာတဲ့အ ရေအတွက်နဲ့တော့ မလုံလောက် သေးပါဘူး။ နိုင်ငံရေးမှာ အမျိုးသ မီးလွှတ်တော် အမတ်တွေ ၃၀ ရာ ခိုင်နှုန်းလောက်ပါဝင်ဖို့ မှန်းထား တာကတော့ လာမယ့် ရွေး ကောက်ပွဲတွေမှာ ပါဝင်လာနိုင် မယ်လို့ ထင်ပါတယ်’’ဟု ဒေါ်နန် ရော်က ပြောသည်။

အရှေ့တောင်အာရှနိုင်ငံ များထဲမှ ဖိလစ်ပိုင်နှင့် အင်ဒိုနီး ရှားနိုင်ငံများ၏ ရွေးကောက်ပွဲများ တွင် အမျိုး သမီး အမတ်လောင်း များအား ခွဲတမ်းဖြင့် မပါမနေရ စနစ်ကျင့်သုံးလျက်ရှိပြီး သမ္မတ ဂျိုကိုဝီဒိုဒို လက်ထက်တွင် အမျိုး သမီးဝန်ကြီးများအား အစိုးရအဖွဲ့ ထဲတွင် ခန့်အပ်ခဲ့သည်။

လက်ရှိ မြန်အအစိုးရအဖွဲ့ တွင် ဝန်ကြီးဌာန ၃၆ ခုအနက် ပြည်ထောင်စုအဆင့် အမျိုးသမီး ဝန်ကြီး နှစ်ဦးသာ ခန့်အပ်ထား သည်။

ယခုရွေးကောက်ပွဲရလဒ်အ ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တစ်ပါတီတည်းမှပင် အမျိုးသမီး လွှတ်တော် အမတ် ၁၃၃ ဦးအနိုင် ရရှိထားပြီး အမျိုးသမီးအခွင့်အ ရေးလှုပ်ရှားဆောင်ရွက်သူများ ဖြစ်သော ဒေါ်နော်လှလှစိုး၊ ဒေါ် ရွှေရွှေစိန်လတ်၊ သတင်းလိုက် ရင်း သေဆုံးသွားသူ ကိုပါကြီး၏ ဇနီးဒေါ်သန္တာတို့ အပါအဝင်အမျိုး သမီးရေးလှုပ်ရှားသူအချို့က လည်း ဥပဒေပြုရေးမဏ္ဍိုင်သို့ ရောက်ရှိလာသည်။

ထို့ကြောင့် လက်ရှိအနိုင်ရ ထားသည့် အမျိုးသမီးလွှတ်တော် အမတ်များသည် နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့် ရှိသည့်နေရာများ တွင် ပမာဏမည်မျှပါဝင်လာ မည့်၊ အမျိုးသမီးအခွင့်အရေးချိုး ဖောက်ခံရမှုများ၊ သက်ငယ်မုဒိမ်း မှုများကိုအရေးယူမည့် ဥပဒေများ အသက်ဝင်လာရန် မည်သို့လုပ် ဆောင်သွားမည်ကို စိတ်လှုပ်ရှား ဖွယ်စောင့်ကြည့်ရပေမည်။

7Day Daily 

No comments:

Post a Comment