Friday 20 November 2015

ပထမဆုံးရုပ်ရှင်ကို ကြည့်ရှုဝေဖန်ပေးဖို့ ပြောတဲ့ သဉ္ဇာနွယ်ဝင်း

 မကြာမီ ရုံတင်ပြသတော့မည့် ‘ရည်းစားဦး’ရုပ်ရှင်ဇာတ် ကားသည် ၎င်းအတွက် ပထမဆုံး ရုပ်ရှင်ဖြစ် သောကြောင့် ပရိသတ် များမှ ဝေဖန်ပေးစေလိုကြောင်း သဉ္ဇာနွယ်ဝင်းက ပြောသည်။

‘‘ဒီကားက ညီမအတွက် ပထမဆုံးကားဖြစ်တဲ့အတွက် ပရိသတ်တွေ ဘယ်လိုဝေဖန်မလဲဆို တာလည်း သိ ချင်တယ်။ နောက် ပြီး ဒီကားမှာ ကြိုးစားထားတဲ့အ တွက် ကိုယ့်ရဲ့ပရိသတ်တွေကို ကြည့်စေချင် တယ်’’ဟု ၎င်းက ပြောသည်။

‘ရည်းစားဦး’ရုပ်ရှင်တွင် သဉ္ဇာနွယ်ဝင်းက သရုပ်ဆောင် အလင်းရောင်၊ အားဝေတို့နှင့် အတူ တွဲဖက် သရုပ်ဆောင်ထား ပြီး နိုဝင်ဘာ ၂၇ ရက်တွင် နေပြည်တော်၌ စတင်ရုံတင်ပြသမည်ဖြစ် သည်။

‘‘ခါတိုင်း ရိုက်ကွင်းကပြန်ရင်အိမ်မှာပဲ နားနားနေနေ နေဖြစ် တယ်။ ဒါပေမဲ့ အဲဒီကားရိုက်တုန်း က ဘဲလေး အကက ရတာလည်း ပါတော့ အိမ်ပြန်ရောက်ရင် အဲ့ဒီ အကကို ပြန်ကျင့်ရတယ်’’ဟု ရည်းစားဦးဇာတ်ကား ရိုက်ကူးရေး အမှတ်တရကို သဉ္ဇာနွယ်ဝင်းက ပြောသည်။

ယင်းဇာတ်ကားတွင် ရောဂါ သည် ကောင်မလေးတစ်ယောက် အဖြစ် သရုပ်ဆောင်ထားပြီး ဘဲလေးအက ကို ယင်းဇာတ်ကား ရိုက်ကူးသည့်အချိန်မှ သင်ယူခဲ့ ခြင်းကြောင့် လိုအပ်ချက်များရှိ မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

‘‘ဘန်ကောက်ကနေ မနေ့က မှ ပြန်ရောက်တော့ နောက်လထဲ မှာမှ ဗီဒီယိုကားတွေ စရိုက်မယ်’’ ဟု လတ်တလော အနုပညာလှုပ် ရှားမှုအကြောင်းကို ၎င်းက ပြော သည်။

ဘန်ကောက်မသွားမီ ‘ကိုကို ငလက်မ’ဆိုသည့် ရုပ်ရှင်ဇာတ် ကားကို လူမင်း၊ ရာဇာနေဝင်း၊ ထွန်းထွန်း၊ စိုးမြတ်သူဇာတို့နှင့် ရိုက်ကူးထားသည်။

7Day Daily 

No comments:

Post a Comment