Wednesday 7 October 2015

လူသတ်၊ လုယက်၊ မုဒိမ်းမှုများ လှိုင်သာယာတွင် အများဆုံးဖြစ်ပွားနေဆဲဟုဆို

ရန်ကုန်တိုင်းဒေသကြီး အတွင်းအမှုကြီးနှင့်အခြားအမှု များဖြစ်ပွားမှုသည် လှိုင်သာယာ မြို့နယ်တွင် အများဆုံးဖြစ်ပွားနေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ယခုနှစ်စက်တင်ဘာ ၃၀ ရက်အထိ လူသတ်မှု ၁၃၂ မှု၊ လုယက်မှု ၄၆ မှုနှင့်မုဒိမ်းမှု ၉၂ မှုဖြစ်ပွားခဲ့ပြီး လှိုင်သာယာ၊တိုက် ကြီး၊ အင်းစိန်၊ လှည်းကူး၊ ဒဂုံ တောင်စသော ငါးမြို့နယ်တွင် လူသတ်မှု ၄၇ မှု၊ လုယက်မှု ၁၆မှုနှင့် မုဒိမ်းမှု ၄၂ မှုအထိဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိ တစ်ဦးကပြောသည်။
‘‘အမှုကြီး ၁၀မှုထဲမှာပါတဲ့ လူသတ်၊ လုယက်၊ မုဒိမ်းအဖြစ် များဆုံး မြို့နယ်ကတော့ လှိုင်သာယာမှာပါ။ မုဒိမ်းမှုမှာတော့လှည်းကူးမှာ လောလောဆယ် ၁၂ မှုနဲ့ အများဆုံးဖြစ်တယ်။ လူသတ်မှုကတော့ လှိုင်သာယာ ၁၈ မှုပြီးရင်လှည်းကူး ၁၀ မှုအများဆုံးဖြစ်တယ်’’ဟု အဆိုပါရဲအရာရှိကပြောသည်။
အခြားအမှုအဖြစ်အများဆုံး တွင် လှိုင်သာယာ၊ အင်းစိန်၊ သန်လျင်၊ လှည်းကူးနှင့် မြောက် ဥက္ကလာပတို့ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အကြီး တန်းအရာရှိတစ်ဦးကပြောသည်။
‘‘အခြားအမှုတွေထဲမှာ လည်း အမှုကြီးဖြစ်ပွားမှုတွေရှိတဲ့ မြို့နယ်တွေပါတယ်။ လှိုင်သာ ယာ၊ အင်းစိန်၊ လှည်းကူး စတဲ့မြို့ နယ်တွေက အမှုကြီးဖြစ်တဲ့မြို့ နယ်တွေမှာပါသလို အခြားအမှု တွေမှာလည်း ပါတယ်။ ဒီနှစ်ထဲ မှာဖြစ်ခဲ့တဲ့ အမှုတွေက အရင်နှစ် ထက်တော့နည်းတယ်။ ဒီနှစ်ထဲ ကြိုတင်ကာကွယ်မှုတွေနဲ့ဖမ်းတာ လည်းပါပါတယ်’’ဟု အထက်ပါ ရဲအရာရှိကပြောသည်။
ယခုနှစ်အတွင်း လုယက်မှု သည်၂၀၁၄ အတွင်းဖြစ်ပွားခဲ့သည့် အမှုအရေအတွက်နှင့် နှိုင်းယှဉ်ပါက ကိုးမှုပိုများလာပြီး လုယက်မှုကျူးလွန်သူအများစုတွင် အသက် (၁၇) မှ (၂၀) နှစ်ကျော်အရွယ်လူငယ်များ ပါဝင်လာကြောင်း သိရသည်။
7Day Daily

No comments:

Post a Comment