Sunday 21 June 2015

ခွေးသားစား ပွဲတော်မှ ခွေးအကောင် ၁၀၀ ကို တရုတ်အမျိုးသမီး ၀ယ်ယူကယ်ဆယ်

ဇွန် ၂၁။ ။ တရုတ်နိုင်ငံတောင်ပိုင်းကွမ်ရှီ ပြည်နယ်ရှိ ယုလင်မြို့မှ ခွေးသားစား ပွဲတော်အတွင်း အစားခံရမယ့် ခွေး အကောင် ၁၀၀ ကို တိရစ္ဆာန်ချစ်သူ တရုတ် အမျိုးသမီးတစ်ဦးက ယွမ် ၇၀၀၀ ခန့် (ဒေါ်လာ ၁၀၀၀ခန့်) ပေးပြီး ကယ်ဆယ်ခဲ့ကြောင်း Netease ၀က်ဘ်ဆိုက်သတင်းကို အေအက်ဖ်က တနင်္ဂနွေနေ့က ကိုးကား ဖော်ပြခဲ့ပါတယ်။ 

တက်ကြွလှုပ်ရှားသူတွေကလည်း ဒီပွဲတော်ကို ရက်စက်တယ်လို့ သတ်မှတ်ပြီး ဝေဖန်နေကြပါတယ်။ 
ယန်းရှောင်ယွန် (၆၅နှစ်) ဟာ လှောင်အိမ်တွေထဲထည့်ပြီး ရောင်းချနေတဲ့ အဆိုပါခွေးတွေကို ဈေးတစ်ခုထဲမှာ လှည့်လည်ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ၄င်းတို့ကို တီယန်ကျင်းမြို့နဲ့ ကီလိုမီတာ ၂၀၀၀ နီးပါးအကွာမှာ တည်ရှိတဲ့ သူ့နေအိမ်မှာ မွေးမြူဖို့ စီစဉ်ထားပါတယ်။
ယင်းမြို့ဟာ နွေယဉ်စွန်းချိန်( တစ်နှစ်တာရဲ့ နေ့တာအရှည်ဆုံးအချိန် )မှာ ခွေးသားစားပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး တိရစ္ဆာန်ကာကွယ်ရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုတွေလည်း ပိုတိုးလာနေပါတယ်။ 
ဘာသာပြန်- စုပြည့်စုံ
Ref: AFP 
ပုံ- AFP ( ဈေးတစ်ခုအတွင်း ခွေးများလှည့်လည်ဝယ်နေသူ ယန်းရှောင်ယွန် )
Kumudra

No comments:

Post a Comment