Monday 6 April 2015

မြန်မာရေလုပ်သားများကို လူကုန်ကူးခဲ့သူများအား စစ်ဆေးဖော်ထုတ်ရန် ထိုင်းဘုရင့်ရဲတပ်ဖွဲ့အမိန့်ထုတ်ပြန်ထားဟုဆို

မြန်မာရေလုပ်သားများ ကို အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီးနား ကျွန်းပေါ်သို့ လူကုန်ကူးခဲ့သည့် ထိုင်းလုပ်ငန်းရှင်များနှင့် လှေပိုင် ရှင်များကို ထိုင်းအစိုးရက အ ရေးယူထားသည်ဟု မြန်မာအစိုး ရထံ အကြောင်းပြန်ထားပြီး ထိုင်း ဘုရင့်ရဲတပ်ဖွဲ့က လူကုန်ကူးသူ များအား စစ်ဆေးဖော်ထုတ်ရန် အမိန့်စာထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးရဲတပ်ဖွဲ့ ရဲမှူးချုပ် ၀င်းနိုင်ထွန်းကပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ ကျွန်းပေါ် သို့ လူကုန်ကူးခဲ့သည့် ထိုင်းလုပ် ငန်းရှင်များနှင့် လှေပိုင်ရှင်များကို အရေးယူပေးရန် မြန်မာနိုင်ငံဆိုင် ရာ ထိုင်းသံရုံးက ထိုင်းရဲသံအရာ ရှိထံသို့ မတ်လ ၂၇ ရက်တွင်တောင်းဆိုခဲ့သည်ဟုဆိုသည်။
‘‘ကျွန်တော်တို့ မေးထားတာ နဲ့ ပတ်သက်ပြီး ထိုင်းသံရုံးက ထိုင်းရဲသံအရာရှိက ဧပြီ ၁ ရက် က သူတို့ဘက်က အရေးယူ ဆောင်ရွက်နေတာတွေကို တရား ၀င်စာနဲ့ အကြောင်းပြန်လာပါ တယ်။ ထိုင်းနိုင်ငံ ကိုယ်စားလှယ် အဖွဲ့လည်း မတ်လ ၂၇ ရက်ကနေ ဧပြီ ၅ ရက်အထိ အင်ဒိုနီးရှား နိုင်ငံ Ambon ကျွန်းနဲ့ Bejina ကျွန်းတွေကို သွားရောက်စိစစ်မှု တွေလုပ်နေတဲ့အကြောင်းပြန် ကြားလာပါတယ်။ ထိုင်းဘုရင့်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်တဲ့လုပ် ငန်းရှင်တွေကို စစ်ဆေးဖော်ထုတ် အရေးယူဖို့ မတ်လ ၂၅ ရက်နေ့က အမိန့်ထုတ်ပြန်ပြီး လုပ်ဆောင်နေပါတယ်။ နောက်ပြီး မြန်မာရေ လုပ် သား ၃၃ ဦးက ထိုင်းကိုယ်စား လှယ်အဖွဲ့ထံ အိမ်ပြန်လိုကြောင်း ဆက်သွယ်လာတယ်လို့လည်း အ ကြောင်းပြန်ထားပါတယ်’’ဟု ရဲမှူးချုပ်ဝင်းနိုင်ထွန်းက 7Day Daily အား ပြောသည်။
မြန်မာရေလုပ်သားများရှိရာ အင်ဒိုနီးရှားကျွန်းသို့ မြန်မာကိုယ် စားလှယ်အဖွဲ့ တစ်ဖွဲ့စေလွှတ် ရန် ပြင်ဆင်နေကြောင်း ရဲမှူးချုပ် ၀င်းနိုင်ထွန်းကပြောသည်။
‘‘မြန်မာဘက်က သွား ရောက်ခေါ်ယူရေးအတွက် ဧပြီ ၁၃ ရက်လောက်မှာ သွားဖို့ ပြင် ဆင်နေကြပါတယ်’’ဟု မြန်မာ နိုင်ငံ လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ခင်မောင်လှကပြောသည်။
အေပီသတင်းဌာနက စုံစမ်း ထောက်လှမ်းရေးသားထားသော သတင်းတွင် ပါရှိသည့် မြန်မာရေ လုပ်သားများသာမက ယခင်က တည်းကပင် အင်ဒိုနီးရှားကျွန်း ပေါ်သို့ ရောက်နေကြသော ထိုင်း ငါးဖမ်းလှေများပေါ်မှ ထွက်ပြေး လာကြသည့် မြန်မာရေလုပ်သား များကိုပါ ကယ်ဆယ်ပြီး မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရဲမှူး ချုပ် ၀င်းနိုင်ထွန်းက ဆိုသည်။
အင်ဒိုနီးရှားကျွန်းတစ်ခုတွင် နေထိုင်ပြီး ထိုင်းငါးဖမ်းလှေများ ပေါ်၌ အတင်းအဓမ္မခိုင်းစေကျွန် ပြုခံထားရသည့် မြန်မာအပါအ ၀င် နိုင်ငံခြားသားများအား နေရပ် သို့ ပြန်နိုင်အောင် စီစဉ်ပေးမည် ဟု အင်ဒိုနီးရှားအစိုးရက ဧပြီ ၃ ရက်တွင် ပြောကြားထားသည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်း အေပီသတင်းဌာနက အင်ဒိုနီးရှားရှိ ဝေးလံခေါင်ဖျား သော ကျွန်းတစ်ခုတွင် ငါးဖမ်းလုပ်ငန်းအတွက် လူအများကို ကျွန်ပြုခိုင်းစေမှုများရှိနေကြောင်း သတင်းဓာတ်ပုံများဖြင့်တကွ ဖော်ပြခဲ့ သည်။ အဆိုပါသတင်းပျံ့နှံ့လာ ပြီးနောက် အတင်းအဓမ္မခိုင်းစေ ခံနေရသည့် ကျွန်လုပ်သားများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများမြင့် တက်လာခဲ့သည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ သည် ၂၀၁၃ အတွင်း မြန်မာရေ လုပ်သား ၁၂၉ ဦး၊ ၂၀၁၄ အတွင်းမြန်မာရေလုပ်သား ၁၂၂ ဦး၊ ၂၀၁၅ မတ်လအထိ မြန်မာရေ လုပ်သား ၄၆ ဦး ကယ်တင်ခဲ့ သည်ဟု ဆိုသည်။
7Day Daily

No comments:

Post a Comment