Saturday 19 April 2014

ဂွတ်ဒီဆင်ပါ့ခ်တွင် မိုယက်စ်ကို လေးစားမှုအပြည့် ယှဉ်ပြိုင်မည်ဟု မာတီနက်ဇ်ပြောကြား

ဂွတ်ဒီဆင်ပါ့ခ်တွင် မိုယက်စ်ကို လေးစားမှုအပြည့် ယှဉ်ပြိုင်မည်ဟု မာတီနက်ဇ်ပြောကြား
=====

ဂွတ်ဒီဆင်ပါ့ခ်သို့ ပထမဆုံးအကြိမ် ပြန်လာသော ဒေးဗစ်မိုယက်စ်ကို လေးစားမှု အပြည့်ဖြင့် ယှဉ်ပြိုင်သွားမည်ဟု အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်သည်။

မိုယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က အဲဗာတန်မှ မန်ချက်စတာ ယူနိုက်တက်သို့ ကူးပြောင်းကိုင်တွယ်ခဲ့ပြီး ၎င်းနေရာကို မာတီနက်ဇ်က ဆက်ခံခဲ့သည်။ လက်ရှိ အနေအထားတွင် မိုယက်စ်နှင့်အတူ ယူနိုက်တက်မှာ ရုန်းကန်ဖြတ်သန်းနေရပြီး အဲဗာတန်ကမူ ယူနိုက်တက်အထက်တွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပင် မျှော်လင့်နေပြီ ဖြစ်သည်။ ပထမအကျော့က ယူနိုက်တက်၏ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ရင်ဆိုင်စဉ်ကလည်း အဲဗာတန်ကပင် (၁-၀)ဖြင့် အနိုင်ရရှိထားသေးသည်။

မာတီနက်ဇ်က ယခုရာသီ ယူနိုက်တက်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့လုံး အနိုင်ယူနိုင်ရန် မျှော်လင့်မိကြောင်း ဆိုသည်။ “ယူနိုက်တက်ကို နှစ်ကျော့စလုံး နိုင်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပေါ့လေ။ ပြီးတော့ ဒီပွဲဟာ မိုယက်စ်ရဲ့ အပြန်ခရီးလည်း ဖြစ်နေတယ်”ဟု စပိန်သား မန်နေဂျာက မှတ်ချက်ပြုခဲ့သည်။ ၎င်းက “ကျွန်တော်တို့ အသင်းဟာ ပုံစံတစ်ခုကို အပြည့်အဝ တည်ဆောက် ဖြည့်သွင်းထားနိုင်ခဲ့ပါပြီ။ ထူးခြားတဲ့ ဘောလုံးအသင်း တစ်ခုအနေနဲ့လည်း ရပ်တည်နေတယ်လေ။ မိုယက်စ်ကို သူဒီမှာ စွမ်းဆောင်ပေးခဲ့သမျှ အရာတွေအတွက် ကျွန်တော်တို့ လေးစားမှု ထားရှိနေမှာပါ”ဟုလည်း ပြောဆိုခဲ့သည်။

၎င်းက အဲဗာတန် ပရိသတ်များ အနေဖြင့်လည်း အသင်းမန်နေဂျာဟောင်းကို အလေးအစား အချစ်အခင်မပျက် ရှိနေမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ “သူတို့ ဒီလိုကြိုဆိုပါလိမ့်မယ်။ ကျွန်တော် သေချာပေါက် ပြောရဲတယ်။ အဲဗာတန်မှာ သူလုပ်ဆောင်ခဲ့တာတွေဟာ ဒီအတွက်တော့ ထိုက်တန်ပါတယ်။ သူလုပ်ပြခဲ့တာတွေက ခမ်းနားလွန်းတယ်လေ။ သူဟာ ခုချိန်မှာ ယူနိုက်တက်ရဲ့ မန်နေဂျာ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်ပါတယ်။ ဒါပေမဲ့ အဲဗာတန်ရဲ့ မန်နေဂျာဟောင်းလည်း ဖြစ်ပြန်တယ်လေ။ အဲဗာတန်သား အားလုံးက သူလုပ်ပေးခဲ့သမျှ အရာတိုင်းကို အမှတ်ရနေမှာပါ”ဟုလည်း မာတီနက်ဇ်က သုံးသပ်သွားခဲ့သည်။ 

Ref: Sky Sports ဂွတ်ဒီဆင်ပါ့ခ်သို့ ပထမဆုံးအကြိမ် ပြန်လာသော ဒေးဗစ်မိုယက်စ်ကို လေးစားမှု အပြည့်ဖြင့် ယှဉ်ပြိုင်သွားမည်ဟု အဲဗာတန် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ပြောကြားလိုက်သည်။
မိုယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က အဲဗာတန်မှ မန်ချက်စတာ ယူနိုက်တက်သို့ ကူးပြောင်းကိုင်တွယ်ခဲ့ပြီး ၎င်းနေရာကို မာတီနက်ဇ်က ဆက်ခံခဲ့သည်။ လက်ရှိ အနေအထားတွင် မိုယက်စ်နှင့်အတူ ယူနိုက်တက်မှာ ရုန်းကန်ဖြတ်သန်းနေရပြီး အဲဗာတန်ကမူ ယူနိုက်တက်အထက်တွင် ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပင် မျှော်လင့်နေပြီ ဖြစ်သည်။ ပထမအကျော့က ယူနိုက်တက်၏ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ရင်ဆိုင်စဉ်ကလည်း အဲဗာတန်ကပင် (၁-၀)ဖြင့် အနိုင်ရရှိထားသေးသည်။ မာတီနက်ဇ်က ယခုရာသီ ယူနိုက်တက်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့လုံး အနိုင်ယူနိုင်ရန် မျှော်လင့်မိကြောင်း ဆိုသည်။ “ယူနိုက်တက်ကို နှစ်ကျော့စလုံး နိုင်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပေါ့လေ။ ပြီးတော့ ဒီပွဲဟာ မိုယက်စ်ရဲ့ အပြန်ခရီးလည်း ဖြစ်နေတယ်”ဟု စပိန်သား မန်နေဂျာက မှတ်ချက်ပြုခဲ့သည်။ ၎င်းက “ကျွန်တော်တို့ အသင်းဟာ ပုံစံတစ်ခုကို အပြည့်အဝ တည်ဆောက် ဖြည့်သွင်းထားနိုင်ခဲ့ပါပြီ။ ထူးခြားတဲ့ ဘောလုံးအသင်း တစ်ခုအနေနဲ့လည်း ရပ်တည်နေတယ်လေ။ မိုယက်စ်ကို သူဒီမှာ စွမ်းဆောင်ပေးခဲ့သမျှ အရာတွေအတွက် ကျွန်တော်တို့ လေးစားမှု ထားရှိနေမှာပါ”ဟုလည်း ပြောဆိုခဲ့သည်။ ၎င်းက အဲဗာတန် ပရိသတ်များ အနေဖြင့်လည်း အသင်းမန်နေဂျာဟောင်းကို အလေးအစား အချစ်အခင်မပျက် ရှိနေမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ “သူတို့ ဒီလိုကြိုဆိုပါလိမ့်မယ်။ ကျွန်တော် သေချာပေါက် ပြောရဲတယ်။ အဲဗာတန်မှာ သူလုပ်ဆောင်ခဲ့တာတွေဟာ ဒီအတွက်တော့ ထိုက်တန်ပါတယ်။ သူလုပ်ပြခဲ့တာတွေက ခမ်းနားလွန်းတယ်လေ။ သူဟာ ခုချိန်မှာ ယူနိုက်တက်ရဲ့ မန်နေဂျာ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့အားလုံး သဘောပေါက်ပါတယ်။ ဒါပေမဲ့ အဲဗာတန်ရဲ့ မန်နေဂျာဟောင်းလည်း ဖြစ်ပြန်တယ်လေ။ အဲဗာတန်သား အားလုံးက သူလုပ်ပေးခဲ့သမျှ အရာတိုင်းကို အမှတ်ရနေမှာပါ”ဟုလည်း မာတီနက်ဇ်က သုံးသပ်သွားခဲ့သည်။ Ref: Sky Sports

No comments:

Post a Comment