Thursday 17 October 2013

1996 ကတည်းကသိမ်းဆည်းခံ ယာမြေများပြန်ပေးရန် ကြူကုတ်ဒေသခံများတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲဘက်တွင် ယခင်အစိုးရ လက်ထက်ကတည်းက သိမ်း ဆည်း လိုက်သော လယ်ယာမြေများကို ဒေသခံက ပြန်လည်တောင်းဆို နေကြောင်း ဒေသတွင်း သတင်း ရပ် ကွက်ကဆို ပါသည်။
၁၉၉၆ က လားရှိုးအခြေစိုက်စစ်တိုင်းမှူးက တရုတ်လောပန်းများနှင့် ပူးပေါင်း ကာ ပန်ဆိုင်းမြို့နယ် (ကြူကုတ်) နမ့်တောင်းရွာ ဒေသခံတောင်သူ အိမ်ထောင်စု ၃၇ ခု ပိုင်ဆိုင်သည့် မြေဧရိယာ ၃၃၈ ဧက အား ရာဘာခြံစိုက်ခင်းအတွက်သိမ်းယူထားကြောင်း၊ ထို့အပြင် ၂၀၀၆ တကြိမ်၊ ၂၀၀၈ က တကြိမ် ယာမြေများ အား ထပ်မံသိမ်းပိုက်ကြောင်း အုပ်ချုပ်ရေးမှူးအသိုင်း အဝိုင်းက ပြောသည်။

“လုံယောဝ်းရေထွက ချောင်းဦးက အဲဒီကြံစိုက်ခင်း တွေကဓါတုဆေးပါမြေဩဇာတွေ ပိုးသတ်ဆေးတွေ သုံးတော့ဓါတုဆေးရည်တွေက သောက်သုံးရေထဲစီးဝင်တယ်။ ကြာလာရင် ကျနော်တို့သား သမီးမြေး မြစ်ေ တွရဲ့ဘ၀အတွက်စိုးရိမ်ရတယ်။ အခုအစိုးရလက်ထက်မှာလဲ အသိမ်းခံရတဲ့ လယ်မြေတွေ ပြန်ပေးနေပြီဖြစ် တဲ့အတွက် ကျနော်တို့ ပြန်စုပြီး တောင်းနေကြတာပါ” ဟု ဒေသခံ အိုက်ဆမ်က ပြောသည်။

သိမ်းယူစဉ်က စစ်တပ်ပိုင် ရော်ဘာစိုက်ပျိုးမည်ဟု ဆိုသော်လည်း တရုတ်သူဌေးများဖြစ်ကြသည့် ဦးဟော်မြင့်လီ၊ ဦးဟူကောင်ဟုန် ၊ ဒေါ်ဟော်ရှီကွမ်းတို့က ပိုင်ရှင်အဖြစ်ခံယူကာ မြန်မာနိုင်ငံသား မဟုတ် သည့် တရုတ်လူမျိုးများ အား ကြံစိုက်ရန် ငှားပေးလိုက်ခြင်းဖြစ်ကြောင်း၊ တလလျှင်မြေငှားခ တဧက ယွမ်ငွေ ၅၀၀ ရရှိ ကြောင်း၊ ရေထွက် ဦး တောလည်း ခုတ်ရှင်းကာကြံများတိုးချဲ့စိုက်ပျိုးလာကြောင်း၊ ဓါတုဆေးသုံးသည့် ကြံစိုက်ပျိုးမှုကိုရပ်တန့်ကာ တောင်သူများအား ယာမြေ၊ စားကျက်မြေ ပြန်ပေး ရန် တောင်း ဆိုခြင်း ဖြစ်ကြောင်း ပြောသည်။

ဝမ့်နမ့်တောင်းရွာတွင် အိမ်ခြေ ၂၇၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိသည်ဟုဆိုသည်။

“ဒီကြံစိုက်ခင်းအတွက် အသုံးပြုတဲ့ ဓါမြေဩဇာတွေ၊ ဓါတုဆေးရေတွေ၊ ပိုးသတ်ဆေးတွေက လုံယောဝ်းရေ ထွက် ဦးထဲ စီးဝင်တော့ ရွာကို အဆိပ်ခတ် ထားသလိုဖြစ်နေတယ်။ ဒါ့ကြောင့် ဒီအကြောင်း လွှတ်တော်ထဲ မှာ တင်ပြဖို့ အမတ်တွေကို ကျနော်တို့ တင်ပြဖူးတယ်။ တကယ်လဲ လွှတ်တော် ထဲမှာ ဆွေးနွေးကြ တယ်။ မြေယာပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေလဲ လာရောက်ကြည့်ရှုတိုင်းတာတယ်။ ဒီဘက်မှာ လယ်ယာ လာစိုက်စားနေတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားတယ်၊ စက်တင် ဘာလ ၂၀ ရက်နေ့က။ တရုတ် ၄ ဦးကို အမှုစစ်နေတုန်းဘဲအခု၊ သူတို့ ၄ ယောက်လုံးက မြန် မာနိုင်ငံသား အထောက် အထား ဘာတခုမှ မရှိဘူး ” ဟု ကိုဒန်မော် ပြောပါသည်။

မကြာသေးခင်က ပြည်ထောင်စု အစိုးရ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ကာကွယ်ရေးဦးစီးဌာနအောက်ရှိ စစ်တိုင်းရုံးတိုင်းအား- လူထုထံမှ သိမ်းယူထားသော လယ်ယာမြေများပြန်ပေးရန် ဆင့်ဆိုညွှန်ကြားထား သည်ဟု လည်း သိရပါသည်။

Panglong(Burmese)

No comments:

Post a Comment