Friday 27 September 2013

INVEST-93W လေဖိအားနည်းရပ်ဝန်း 20W ဖြစ်လာပြီ

Photo: INVEST-93W လေဖိအားနည်းရပ်ဝန်း 20W ဖြစ်လာပြီ
Friday, September 27, 2013

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် INVEST-93W သည် ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်းရပ်ဝန်း(Tropical Depression-TD) 20W(TWENTY)အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။

လေဖိအားနည်းရပ်ဝန်း TD-20W(TWENTY)သည် ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် မိုင် ၅၉ဝ ခန့်၊ ဖိလစ်ပိုင်နိုင်ငံ မင်္နလာမြို့ အနောက်-အနောက်မြောက်ဘက် မိုင် ၂၇ဝ ခန့်၊ တရုတ်(ပြည်မ)ဟောင်ကောင်မြို့၏ တောင်-အရှေ့တောင်ဘက် ၅၁ဝ မိုင်ခန့်အကွာ တောင်တရုတ်ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်းက မြောက်ဘက်သို့ တစ်နာရီ ၆ မိုင်နှုန်းခန့်ဖြင့်ရွေ့လျားခဲ့ပါသည်။

လေဖိအားနည်းရပ်ဝန်း(TD) 20W TWENTY
27 Sep 2013 0000Z
Location: 15.5 117.0
Winds: 30 knots
Central Pressure: 1000 hPa

စက်တင်ဘာလ ၂၇ ရက် – မြန်မာစံတော်ချိန် နံနက် ဝ၉း၃ဝ နာရီတွင် JTWC မှ သတိပေးချက် အမှတ်(၂)တွင် TD-20W သည် ဗီယက်နန်နိုင်ငံ ဟနွိုင်းမြို့ အရှေ့-အရှေ့တောင်ဘက် ၇၁၃ နော်တီကယ်မိုင်တွင် တည်ရှိနေပြီးအနောက်-အနောက်မြောက်ဘက်သို့ ၃ နော်တီကယ်မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ကာ လေဖိအားနည်းရပ်ဝန်း ဗဟိုတွင် လှိုင်းအမြင့် ၇ ပေ ရှိသည်ဟု ထုတ်ပြန်ထားပါသည်။

270300Z POSITION NEAR 15.6N 116.8E. TROPICAL DEPRESSION 20W (TWENTY), LOCATED APPROXIMATELY 713 NM EAST-SOUTHEAST OF HANOI, VIETNAM, HAS TRACKED WEST-NORTHWESTWARD AT 03 KNOTS OVER THE PAST SIX HOURS. MAXIMUM SIGNIFICANT WAVE HEIGHT AT 270000Z IS 7 FEET.

TSR မှ ခန့်မှန်းထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်း 20W သည် စက်တင်ဘာလ ၂၇ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် မုန်တိုင်းအဆင့်(မုန်တိုင်းဗဟိုလေတိုက်နှုန်း 35 knots)သို့ ရောက်ရှိပြီး စက်တင်ဘာလ ၃ဝ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း(မုန်တိုင်းဗဟိုလေတိုက်နှုန်း 70knots)သို့ရောက်ရှိမည်ဖြစ်ကြောင်း၊ မုန်တိုင်း၏ အားအကောင်းဆုံး အခြေအနေဖြစ်မည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ထားပါသည်။

လက်ရှိလမ်းကြောင်း ခန့်မှန်းချက်အရ 20W သည် အောက်တိုဘာလ ၁ ရက် ညပိုင်းတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဆင့်ဖြင့်၊ ဗီယက်နန်နိုင်ငံ QUANG TRI ပြည်နယ် – Quang-tri မြို့အနီး(ဒါနန်းမြို့မြောက်ဘက် ၉၆ မိုင်ခန့်မှ) ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်းသည် ကုန်းတွင်းဝင်ရောက်ပြီးနောက် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ လာအိုနိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့သို့ ရောက်ရှိပြီး လေဖိအားနည်းရပ်ဝန်းအဖြစ်မှ အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားရာ မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်သည် အောက်တိုဘာလ ၂ ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများဆီသို့ ရောက်ရှိနိုင်ကြောင်း နောက်ဆုံးရ အချက်အလက်များကို ကိုးကား တင်ပြလိုက်ရပါသည်။

MMweather Page
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လျှက်ရှိသည့် INVEST-93W သည် ပိုမိုအားကောင်း လာပြီး၊ လေဖိ အား နည်း ရပ်ဝန်း(Tropical Depression-TD) 20W(TWENTY)အဆင့်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။
လေဖိအားနည်းရပ်ဝန်း TD-20W(TWENTY)သည် ဗီယက်နန်နိုင်ငံ ဒါနန်းမြို့ အရှေ့ဘက် မိုင် ၅၉ဝ ခန့်၊ ဖိလစ်ပိုင်နိုင်ငံ မင်္နလာမြို့ အနောက်-အနောက်မြောက်ဘက် မိုင် ၂၇ဝ ခန့်၊ တရုတ်(ပြည်မ )ဟောင်ကောင်မြို့ ၏ တောင်-အရှေ့တောင်ဘက် ၅၁ဝ မိုင်ခန့်အကွာ တောင်တရုတ်ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်းက မြောက်ဘက်သို့ တစ်နာရီ ၆ မိုင်နှုန်း ခန့်ဖြင့်ရွေ့ လျားခဲ့ပါသည်။

လေဖိအားနည်းရပ်ဝန်း(TD) 20W TWENTY
27 Sep 2013 0000Z
Location: 15.5 117.0
Winds: 30 knots
Central Pressure: 1000 hPa

စက်တင်ဘာလ ၂၇ ရက် – မြန်မာစံတော်ချိန် နံနက် ဝ၉း၃ဝ နာရီတွင် JTWC မှ သတိပေးချက် အမှတ်(၂)တွင် TD-20W သည် ဗီယက်နန်နိုင်ငံ ဟနွိုင်းမြို့ အရှေ့-အရှေ့တောင်ဘက် ၇၁၃ နော်တီကယ်မိုင်တွင် တည်ရှိနေပြီးအနောက်-အနောက်မြောက်ဘက်သို့ ၃ နော်တီကယ်မို င်နှုန်းဖြင့် ရွေ့လျား ခဲ့ကာ လေဖိအားနည်းရပ်ဝန်း ဗဟိုတွင် လှိုင်းအမြင့် ၇ ပေ ရှိသည်ဟု ထုတ်ပြန်ထားပါသည်။

270300Z POSITION NEAR 15.6N 116.8E. TROPICAL DEPRESSION 20W (TWENTY), LOCATED APPROXIMATELY 713 NM EAST-SOUTHEAST OF HANOI, VIETNAM, HAS TRACKED WEST-NORTHWESTWARD AT 03 KNOTS OVER THE PAST SIX HOURS. MAXIMUM SIGNIFICANT WAVE HEIGHT AT 270000Z IS 7 FEET.

TSR မှ ခန့်မှန်းထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်း 20W သည် စက်တင်ဘာလ ၂၇ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် မုန်တိုင်းအဆင့်(မုန်တိုင်းဗဟိုလေတိုက်နှုန်း 35 knots)သို့ ရောက်ရှိပြီး စက်တင်ဘာလ ၃ဝ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း(မုန်တိုင်းဗဟိုလေတိုက်နှုန်း 70knots)သို့ရောက်ရှိမည်ဖြစ်ကြောင်း၊ မုန်တိုင်း၏ အားအကောင်းဆုံး အခြေအနေဖြစ်မည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ထားပါသည်။

လက်ရှိလမ်းကြောင်း ခန့်မှန်းချက်အရ 20W သည် အောက်တိုဘာလ ၁ ရက် ညပိုင်းတွင် အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း အဆင့်ဖြင့်၊ ဗီယက်နန်နိုင်ငံ QUANG TRI ပြည်နယ် – Quang-tri မြို့အနီး(ဒါနန်းမြို့မြောက်ဘက် ၉၆ မိုင်ခန့်မှ) ဗီယက်နန်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

မုန်တိုင်းသည် ကုန်းတွင်းဝင်ရောက်ပြီးနောက် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားကာ၊ လာအိုနိုင်ငံတောင်ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့သို့ ရောက်ရှိပြီး လေဖိ အားနည်း ရပ်ဝန်းအဖြစ်မှ အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားရာ မုန်တိုင်းအကြွင်းအကျန်တိမ် တိုက် သည် အောက်တိုဘာလ ၂ ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ ဆီသို့ ရောက်ရှိနိုင်ကြောင်း နောက်ဆုံးရ အချက်အလက်များကို ကိုးကား တင်ပြလိုက်ရပါသည်။

MMweather Page

No comments:

Post a Comment