Friday 27 September 2013

ရဲစခန်းတွင် မသင်္ကာတရားခံများအား စစ်ဆေးမှုများကို စီစီတီဗွီမှ ကြည့်နိုင်ပြီ

Photo: ရဲစခန်းတွင် မသင်္ကာတရားခံများအား စစ်ဆေးမှုများကို စီစီတီဗွီမှ ကြည့်နိုင်ပြီ
Friday, September 27, 2013

ရဲ စခန်းများတွင် မသင်္ကာတရားခံ များကိုစစ်ဆေးသည့် မှတ်တမ်း မြင်ကွင်းများ ကို စီစီတီဗွီမှတစ်ဆင့် အမှုနှင့်ပတ်သက်သူများ အချိန် မရွေး ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲ မှူးကြီး အောင်ဌေးမြင့် က ရန်ကုန် တိုင်းမ်နေ့စဉ်သို့ အတည်ပြုပြော ကြားသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ရဲစခန်း များတွင် ယင်းကဲ့သို့ကြည့်ရှုနိုင် ရေးအတွက် စီစီတီဗွီကင်မရာများ တပ်ဆင်နေပြီဖြစ်ကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ပွင့်လင်းမြင်သာ မှုရှိနေပြီ ဆိုသည်ကို အများပြည် သူသိရှိစေနိုင်ရန်အတွက် ယခုကဲ့ သို့ ပြုလုပ် ခြင်း ဖြစ်ကြောင်း သိရ သည်။

ရဲမှူးကြီး အောင်ဌေးမြင့်က ''အခုလိုတပ်ဆင်တာကို မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲစခန်းတွေ မှာလုပ်မှာ။ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးရာမှာ သက်ဆိုင်ရာအမှု စစ်ရဲက မသင်္ကာတရားခံတွေ နှိပ် စက်တာတွေ၊ ရိုက်နှက်စစ်ဆေး တာတွေကို မလုပ် ဘူး ဆိုတာ အမှု နဲ့ပတ်သက်တဲ့သူတွေ သိစေချင် တဲ့ရည်ရွယ်ချက်နဲ့ အခုလိုလုပ် တာပါ။ စီစီတီဗွီကင်မရာနဲ့ မှတ် တမ်းတင်ထားပါတယ်''ဟု ပြော သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးရှိ အရှေ့ပိုင်းခရိုင်နှင့် အနောက် ပိုင်းခရိုင်ရှိရဲစခန်းများတွင် စတင် တပ်ဆင်ထားပြီဖြစ်ကြောင်း၊ ရဲ စခန်းတစ်ခုလျှင် စီစီတီဗွီလေးခု ခန့်တပ်ဆင်ထားကြောင်း၊ အရှေ့ ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ကြီးမျိုးဝင်း က ပြောသည်။

ကျော်မြတ်ဇံ
Yangon Media Group
ရဲ စခန်းများတွင် မသင်္ကာတရားခံ များကိုစစ်ဆေးသည့် မှတ်တမ်း မြင်ကွင်းများ ကို စီစီတီဗွီမှတစ်ဆင့် အမှုနှင့် ပတ်သက်သူများ အချိန် မရွေး ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲ မှူးကြီး အောင်ဌေးမြင့် က ရန်ကုန် တိုင်းမ်နေ့စဉ်သို့ အတည်ပြုပြော ကြားသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ရဲစခန်း များတွင် ယင်းကဲ့သို့ကြည့်ရှုနိုင် ရေးအတွက် စီစီတီဗွီကင်မရာများ တပ်ဆင်နေပြီဖြစ်ကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ ပွင့်လင်းမြင်သာ မှုရှိနေပြီ ဆိုသည်ကို အများပြည် သူသိရှိစေနိုင်ရန်အတွက် ယခုကဲ့ သို့ ပြုလုပ် ခြင်း ဖြစ်ကြောင်း သိရ သည်။

ရဲမှူးကြီး အောင်ဌေးမြင့်က ''အခုလိုတပ်ဆင်တာကို မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲစခန်းတွေ မှာလုပ်မှာ။ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးရာမှာ သက်ဆိုင်ရာအမှု စစ်ရဲက မသင်္ကာတရားခံတွေ နှိပ် စက်တာတွေ၊ ရိုက်နှက်စစ်ဆေး တာတွေကို မလုပ် ဘူး ဆိုတာ အမှု နဲ့ပတ်သက်တဲ့သူတွေ သိစေချင် တဲ့ရည်ရွယ်ချက်နဲ့ အခုလိုလုပ် တာပါ။ စီစီတီဗွီကင်မရာနဲ့ မှတ် တမ်းတင်ထားပါတယ်''ဟု ပြော သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးရှိ အရှေ့ပိုင်းခရိုင်နှင့် အနောက် ပိုင်းခရိုင်ရှိရဲစခန်းများတွင် စတင် တပ်ဆင်ထားပြီဖြစ်ကြောင်း၊ ရဲ စခန်းတစ်ခုလျှင် စီစီတီဗွီလေးခု ခန့်တပ်ဆင်ထားကြောင်း၊ အရှေ့ ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ကြီးမျိုးဝင်း က ပြောသည်။

ကျော်မြတ်ဇံ - Yangon Media Group

No comments:

Post a Comment