Friday 27 September 2013

မှတ်ပုံတင်လုပ်ကိုင်ရာတွင် ငွေးကြေးကောက်ခံမှု ပြုလုပ်နေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နှင့်မိုးကောင်းမြို့ တွင် နိုင်ငံသား မှတ်ပုံတင် လုပ်ကိုင်ရာ လ.၀.က ရုံးမှ ပိုက်ဆံ များတောင်းခံမှုများရှိကြောင်းသိရသည်။
`မှတ်ပုံတင်သွားလုပ်တယ် အခုချက်ချင်းရချင်ရင် ကျွန်တော်တို့ ပိုက်ဆံ သုံးသောင်းပေးရမယ်လို့ပြော တယ်။ ပိုက်ဆံမပေး နိုင်ရင်တော့(၁)လ လောက်ကြာမှ ပြန်လာခဲ့လို့ပြောတယ်။ အရေးတကြီးလိုအပ် တယ်ဆိုရင်တော့ ပိုက်ဆံပေးပြီးလုပ်ရတယ်။´ဟုမိုးကောင်းမြို့နယ်မှ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ဦးခေါင်ဒေါင် က ဆိုသည်။

အချို့ဒေသခံများကိုလည်း မှတ်ပုံတင်ထုတ်ပေးရန် ၁ သောင်း၊ ၂သောင်း နှင့် ၃သောင်းထိ တောင်း ခံကြကြောင်းလည်း ဦးခေါင်ဒေါင်မှ ဆက်လျှက်ဆိုသည်။

ထိုမျှမက မြစ်ကြီးနားမြို့တွင်လည်း မှတ်ပုံတင်အသစ်ပြုလုပ်ချိန် နှင့် အသက်ပြည့် မှတ်ပုံတင် လှဲလှယ်ရာ တွင် ငွေ များတောင်းခံမှုရှိကြောင်း လည်း သိရသည်။

`လ၀က လူကြီးက မှတ်ပုံတင်ကိုင်ထားပြီး ကျွန်မကို ပိုက်ဆံ ၁ သောင်းတောင်း တယ်။ မပါဘူးပြောရင် အိမ်ကသွားယူလို့ ပြန်ပြော တယ်။´ဟုမြစ်ကြီးနားမြို့စီတာပူရပ်ကွက်မှ ဒေသခံတစ်ဦးကဆိုသည်။

Kachin Waves

No comments:

Post a Comment