Monday 2 September 2013

မထသ ၃ မီနီဘတ်စ်ပြေးဆွဲသော်လည်း ယာဉ်ငယ်များကို အားထားနေရသေး


မထသ ၃ ယာဉ်လိုင်းတွင် ယခုအခါမီနီဘတ်စ်များ ပြေးဆွဲနေပြီဖြစ်သော် လည်း စီးရေ နည်းခြင်းကြောင့် ယာဉ်ငယ်များကိုသာ အားထားနေရဆဲဖြစ်ကြောင်း သိရသည်။
ယခု ဩဂုတ်လကုန်ပိုင်းမှစ၍ မထသ ၃ (အစိမ်းရောင်)ယာဉ်လိုင်းတွင် မီနီဘတ်စ်ယာဉ် များပြေးဆွဲခဲ့ပြီး နှစ်စီးခန့်သာရှိခြင်းကြောင့် ယာဉ်ငယ်များကိုသာ အားထားနေရ ဆဲဖြစ်ကြောင်း ဒေသ ခံ များ၏ ပြောကြားချက်အရ သိရသည်။

ယခင်က အဆိုပါအမှတ် ၃ အစိမ်းရောင်ယာဉ်လိုင်းသည် အလုံမှ ရွှေတိဂုံစေတီကို ပတ် ၍ တောင်ဘက် မုခ်အနီးမှ လသာလမ်းအထိပြေးဆွဲခဲ့ သော်လည်း ဟိုင်းလတ်၊ ဒိုင်နာများကို မြို့တွင်း ဧရိယာသို့ ဝင်ရောက် ခွင့်မပြုခဲ့ခြင်း ကြောင့် တောင်ဘက်မုခ်မှ ဦးထောင်ဘိုလမ်း သို့ ပြောင်းကာ မင်္ဂလာဈေးအနီးထိ လမ်းကြောင်းပြောင်းလဲပြေးဆွဲခဲ့သည်။ ယခု မီနီဘတ်စ်များဝင်ရောက်ပြေးဆွဲ ပေးပြီဖြစ်သော်လည်း ဟိုင်းလတ်ယာဉ်ငယ်များ ပြေးဆွဲသည့် လမ်းကြောင်း အတိုင်းသာ ပြေးဆွဲနေခြင်းကြောင့် မီနီဘတ်စ် ယာဉ်များဖြင့် ယခင်လို လသာ လမ်းဘက်အထိ ပတ်၍ပြေးဆွဲပေးနိုင်ရန် ခရီးသည်များက မျှော်လင့်နေကြောင်း သိရသည်။

အဆိုပါအမှတ် (၃) ယာဉ်ငယ်လိုင်းတွင် အစိမ်းရောင်လိုင်း၊ အဝါရောင် လိုင်း၊ အဖြူရောင်လိုင်းဟူ၍ရှိပြီး စီးရေ ၃၀ ကျော်ဖြင့် ခရီးသည်များကို ဝန်ဆောင်မှုပေးနေကြကြောင်း သိရသည်။


ထက်ခိုင်(စမ်းချောင်း)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်

No comments:

Post a Comment