Thursday 5 September 2013

ဝန်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများထဲမှ ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ် မကုန်မီ ပြန်လည်အပ်နှံရန် ညွှန်ကြားထားမှု လိုက်နာခြင်းမရှိဟု အစီ ရင်ခံစာတွင် ဖော်ပြ

အစိုးရ ၀န်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများထဲမှ ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ် မကုန်မီ ပြန်လည်အပ်နှံရန် ညွှန်ကြားထားသော်လည်း လိုက်နာခြင်း မရှိကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် "နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်းတွင် သုံးစွဲရန် ခွင့်ပြုထားသည့် ငွေများအနက် ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ် မကုန်မီ နှစ်စဉ် မတ် ၂၈ ရက်နောက်ဆုံးထား၍ ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနသို့ ပြန်လည်အပ်နှံရန် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ညွှန်ကြားထားကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာဌာနများ အနေဖြင့် အချိန်မီ လိုက်နာနိုင်ခြင်း မရှိ (သို့မဟုတ်)လိုက်နာခြင်း မရှိသဖြင့် နောက်ကျအပ်နှံမှုများ ဖြစ်ပေါ်ရသည်ကို တွေ့ရှိရပါကြောင်း၊ လက်တွေ့လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့် အမိန့်ညွှန်ကြားချက်များကို ထုတ်ပြန်ထားပြီး လိုက်နာဆောင်ရွက်ခြင်း မရှိလျှင်လည်း အရေး ယူ ဆောင်ရွက်ခြင်း မရှိပါက လက်အောက်ခံ အဖွဲ့အစည်းများ အနေဖြင့် အမိန့်နာခံတတ်သည့် အလေ့အကျင့်များ ပျက်ယွင်းသွားနိုင်ကြောင်း" ဟု ဖော်ပြထားသည်။

အဆိုပါ သုံးသပ်ချက်နှင့် ပတ်သက်၍ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဝင်းရှိန်က ပိုလျှံငွေများ ရာခိုင်နှုန်းများစွာ ပြန်လည်အပ်နှံခြင်းများ မပေါ်ပေါက်စေရန်ကိုလည်း ရသုံးမှန်းခြေ ငွေစာရင်းများကို လျာထားသည့် ခန့်မှန်းခြေ ငွေစာရင်းနှင့် အမှန်စာရင်း ကွာဟမှု နည်းပါးစေရန် ဘဏ္ဍာရေး ၀န်ကြီးဌာန အနေဖြင့် သုံးလပတ်အလိုက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အကောင်အထည်ဖော်နိုင်မှု အစီရင်ခံစာကို တောင်းခံ၍ ကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment