Saturday 8 June 2013

နိုင်ငံခြားငွေလဲကောင်တာများ ဆီးဂိမ်းပြုလုပ်ကျင်းပမည့် အားကစားကွင်းများ အတွင်း ထားရှိမည်

နိုင်ငံခြားဧည့်သည်များ ငွေကြေးလဲလှယ်မှု အဆင်ပြေစေရန် ဆီးဂိမ်းပြုလုပ်ကျင်းပမည့် အားကစားကွင်း များအတွင်း ငွေလဲကောင်တာများကို ထားရှိသွားမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။
ယင်းသို့ ထားရှိရေးအတွက်ကို ယခုအခါ အားကစားဝန်ကြီးဌာနသို့ အစီစဉ်တင်ပြရန် စီစဉ်ဆောင်ရွက်နေ ပြီဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ ခွင့်ပြုချက်ရပါက အမြန်ဆုံးအကောင်ထည်ဖော် ဆောင်ရွက် သွားမည်
ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

တခြားဘဏ်တွေတော့ မသိဘူး။ ကျွန်တော်တို့ကတော့ အကောင် ထည်ဖော်နိုင်ဖို့အတွက်ကို အခုလုပ်နေ ပြီ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြော ကြားသည်။

အဆိုပါ ငွေလဲကောင်တာများဖွင့်လှစ်ခွင့်ရပါက ယင်းကောင်တာများ အတွင်း နိုင်ငံတကာက ငွေမာအဖြစ် အသိအမှတ်ပြုထားသော ငွေကြေးအားလုံးကို လဲလှယ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြော ကြားသည်။

အခုဗဟိုဘဏ်က လဲလှယ်ခွင့်ပြုပေးထားတဲ့ ငွေကြေးအမျိုး အစားလောက်နဲ့တော့ အဲဒီမှာအဆင်ပြေမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အဲဒီ ပွဲမှာက အာဆီယံ ရီဂျင်နယ်က ဧည့်တွေအပြင် နိုင်ငံတကာက ဧည့်သည်တွေကပါလာမှာဆိုတော့ သူတို့အားလုံးအဆင်ပြေဖို့အတွက်ကို စီစဉ်aဆာင်ရွက်ပေးသွား မှာပါဟု ဧရာဝတီဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဇော်က ပြောကြားသည်။

လက်ရှိအနေထား၌ ပြည်တွင်းရှိ ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ တို့ကိုသာ လဲလှယ် အရောင်းအ ၀ယ် ပြုလုပ်ရန် နိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုပေးထားကြောင်း သတင်း ရရှိသည်။

ဒီလိုလုပ်တာက ဘဏ်တွေအတွက် အကျိုးအမြတ်ရသလို ကျွန်တော်တို့ နိုင်ငံအတွက်လည်း တကယ့်ဂုဏ် ရတယ်။ ဘာဖြစ်လို့လည်း ဆိုရင် ဒီမှာလုပ်မယ့်ပွဲက နိုင်ငံတကာပွဲတွေဆိုတော့ လာမယ့်သူတွေကလည်း နိုင်ငံစုံကပဲ၊ အဲလိုအနေထားမှာ ကျွန်တော်တို့နိုင်ငံက နိုင်ငံခြား ငွေကြေး လဲလှယ်မှုအမျိုးအစားကို အရမ်းကြီး ထိန်းချုပ်ထားမယ် ဆိုရင်သူတို့တွေ အတွက် အဆင်ပြေမှာမဟုတ်သလို ကျွန်တော်တို့ နိုင်ငံ ကိုလည်း အထင်သေးသွားနိုင်တဲ့အခြေနေမှာ ဘဏ်တွေက အခုလိုမျိုး လုပ်ပေးမယ်ဆိုတော့ အရမ်းကိုကောင်း တာပေါ့ ဗျာဟု ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်း အားကစားပြိုင်ပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံ ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင် လေးနေရာတွင် ယခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ စတင်ကာ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

The Myanmar Age

No comments:

Post a Comment