Saturday 8 June 2013

မြန်မာ့ ဆက်သွယ်ရေး မဲဆွယ်ပွဲ

Photo: မြန်မာ့ဆက်သွယ်ရေး မဲဆွယ်ပွဲ
Saturday, June 8, 2013

(ကျော်ဆန်းမင်း၊ နော်ကိုကို)
နောက်ဆုံးအဆင့်သို့ ဝင်ပြိုင်ခွင့်ရှိသည့် ကုမ္ပဏီပေါင်း ၁၂ ခုတွင် Vodafone နှင့် China Mobile ကုမ္ပဏီကြီးများအဖွဲ့က နုတ်ထွက် သွားပြီဖြစ်ရာ မြန်မာ့ဆက်သွယ်ရေးလိုင်စင် နှစ်နေရာလုပွဲတွင် နိုင်ငံတကာ နာမည်ကျော် ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခု အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအတွက် ရွေးချယ် မည့် နှစ်နေရာကို လာမည့်ဇွန်လ ၂၇ ရက်နေ့တွင် ကြေညာတော့မည်ဖြစ်ရာ အဆိုပါ ကုမ္ပဏီကြီး ၁၁ ခုမှာလည်း လူထုအား ရရှိနိုင်ရေး ခြေလှမ်း သွက်သွက်ဖြင့် လှုပ်ရှားလာကြသည်။

အထူးခြားဆုံးနှင့် ထင်ပေါ်မှု အရှိဆုံးမှာ Digicel ဂျာမေကာ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Digicel သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိရေး ရန်ကုန်မြို့အတွင်း အင်နှင့် အားနှင့် ကြော်ငြာမှုများ ကို ပြုလုပ် လျက်ရှိသည်။

ယင်းလုပ်ဆောင်မှုများ ကြောင့်ပင် ၎င်းတို့မှာ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် တစ်နေရာအတွက် မြန်မာလူထုအကြား ရေပန်းအစားဆုံး၊ ထင်ကြေးအပေး ခံရဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာသည်။

လိုင်စင်ရသည်နှင့် တစ်ပြိုင်နက် တည်ဆောက်ရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် 4G စနစ်သုံး မိုဘိုင်းလ်ဖုန်းများကို ဖြန့်ချိသွားမည်ဖြစ်ကာ ယင်းသို့ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ဝန်ထမ်းများ ခေါ်ယူလျက်ရှိကြောင်း၊ စုစုပေါင်း ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr. Denis O’Brien က ပြောကြားလိုက်သည်။

Digicel ကို တစ်ချိန်က တပ်မတော်အစိုးရ အတိုက်အခံများကို အထောက် အပံ့များစွာ ပေးခဲ့သော အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်က
နောက်ခံပြုထားပြီး မြန်မာနိုင်ငံ ရိုးမကုမ္ပဏီအုပ်စုနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။
Digicel သည် လိုင်စင်ရရန် အခွင့်အလမ်းသာသည့်အပြင် လိုင်စင်ရလျှင် ဘာလုပ်ပေးမည်ဆိုသည့် ကတိစကားများနှင့် ဈေးကွက်ထိုးဖောက်မှုကို ယခုရက်ပိုင်းအတွင်း အပြင်းအထန် ပြုလုပ်လျက်ရှိသည်။

မျှတရင်ရရမယ်ဆိုသည့် MICTDC
“လိုင်စင်ရကိုရမယ်။ မရရင် ဘာလို့တင်မှာလဲ။ အစိုးရနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကို မျှမျှတတ ရွေးချယ်ဖို့တစ်ခုပဲ ကျွန်တော်တို့ တောင်းဆို ထားတယ်။ မမျှမတလုပ်ရင်လည်း ပြန်တုန့်ပြန် သွားမှာပါ” ဟု ယုံကြည်မှု အပြည့်နှင့် ပြောလိုက်သည်က MICTDC ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဦး ဖြစ်သည်။

ပြည်တွင်း အိုင်တီကုမ္ပဏီအများစု ပေါင်းစည်းထားသည့် အများပိုင်ကုမ္ပဏီ MICTDC (Myanmar ICT Development Company) နှင့် ဂျပန် ကုမ္ပဏီကြီးနှစ်ခု ဖြစ်သည့် KDDI၊ Sumitomo၊ မြန်မာနိုင်ငံ၏ ဆောက် လုပ်ရေးနှင့် အိုင်တီကုမ္ပဏီ A1 Construction တို့ ပူးပေါင်းထားသည့် အဖွဲ့မှာ လှုပ်ရှားမှု နည်းသည့်အတွက် လူသိနည်းနေသေးသည့် အဖွဲ့တစ်ခုဖြစ်သော်လည်း ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် နှစ်နေရာ အတွက် ကုမ္ပဏီများစာရင်း တင်သွင်းမှု ပိတ်လိုက်ပြီး နာရီပိုင်းအကြာ ထုတ်ပြန် ပြောကြားလိုက်သည့် ဦးသိန်းဦး၏စကားကြောင့် အိုင်တီသမားများ၊ မီဒီယာများကို သတိထားမိ စေခဲ့သည်။

A1 Construction ကုမ္ပဏီသည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် အိုင်တီလုပ်ငန်းများ ဆောက်ရွက် လျက်ရှိကာ ရတနာပုံ Fiber Optic Cable စက်ရုံကို တည်ထောင်ထားသည့်အပြင် မြန်မာနိုင်ငံ ဆက်သွယ်ရေး ကွန်ရက်တွင် လက်ရှိ အသုံးပြုနေသည့် မြေအောက်ဖိုက်ဘာ ကေဘယ်လ် များ ချထား ခြင်းကို အဓိက ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်သည်။
ထို့ပြင် Sumitomo Corporation သည် မြန်မာနိုင်ငံ၏မြို့ ကြီးသုံးမြို့တွင် 4G ကွန်ရက်တည်ဆောက် ရန် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လတ်တစ်လောစာချုပ် ချုပ်ဆိုထားသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး အခြေခံအဆောက်အဦ များကို တာဝန်ယူ တည်ဆောက် လျက် ရှိသည်။

“ကျွန်တော်တို့ကလုပ်မယ်ဆို ဖြစ်အောင်လုပ်ပါမယ်။ဒီက MICTDC နဲ့ A1 တို့ကလည်း အတွေ့အကြုံ နဲ့ ကျွမ်းကျင်မှုတွေ အပြည့်ရှိပြီးသားဆိုတော့ လိုင်စင်ရဖို့ပဲ တွေးထားပါတယ်။ လက်ရှိမှာလည်း Sumitomo က မြန်မာ့ ဆက်သွယ်ရေးကဏ္ဍအတွက် အရေးပါတဲ့ စီမံကိန်းတွေကို စတင် တည်ဆောက်နေပါပြီ” ဟု KDDI အမှုဆောင်အရာရှိချုပ် Mr. Hidehiko Tajima က ပြောကြားသည်။

ယင်းအပြင် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ထောက်ပံ့မှုများနှင့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်တို့မှာ မြန်မာနိုင်ငံတွင် ဝင်ရောက် လုပ်ကိုင်လိုသည့် ဂျပန်ကုမ္ပဏီများ အတွက် အထောက်အပံ့ ကောင်း များဖြစ်ရာ ကမ္ဘာကျော် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် KDDI၊ Sumitomo တို့နှင့် ပူးပေါင်းထားသည့် MICTDC မှာ ယင်းကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းဦး ပြောသကဲ့သို့ပင် စိတ်ချရသည့် အနေအထား ဖြစ်နေသည်။သို့သော်ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်နှစ်နေရာ
ရရှိရေးမှာ ထင်သလောက်မလွယ်။

အင်အားကြီး Telenor
မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ထောက်ပံ့နေသည့်
နော်ဝေနိုင်ငံမှ Telenor Group သည်လည်း လိုင်စင်ရရေးအတွက်
လျော့တွက်မရသည့်ကုမ္ပဏီ တစ်ခုဖြစ်နေသည်။

Telenor Group မှာ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၉၉ ရာခိုင်နှုန်း အထိ ရရှိစေမည်။ တယ်လီဖုန်း SIM ကတ် များကို အခမဲ့ပေးမည်။ ဖုန်းခေါ်ဆိုခများကိုလည်း အသက်သာဆုံးဖြစ်စေရန် ဖန်တီးပေးမည် ဆိုသည့် ကတိစကားများဖြင့် လိုင်စင်လုပွဲသို့ ဝင်လာခြင်းဖြစ်ပြီး ပြည်တွင်း မီဒီယာများ တွင် အင်တိုက်အားတိုက် ကြော်ငြာနိုင်ခြင်းကြောင့် မြန်မာလူထုအကြား
ရေပန်းစားနေသည့်ကုမ္ပဏီ တစ်ခုလည်းဖြစ်သည်။

တစ်မိနစ်လျှင် ကျပ် ၃၀ ဝန်းကျင်ခန့်ဖြင့် ဖုန်းပြောဆိုနိုင်ရန် ဆောင်ရွက် မည်ဖြစ်ကာ ဒေသခံမြန်မာ လူမျိုး ဝန်ထမ်းဦးရေကို ၉၉ ရာခိုင်နှုန်းအထိ ခန့်အပ်သွားမည်ဖြစ်ကြောင်း Telenor Group ၏ အာရှ ဒေသ လုပ်ငန်းများ ဆိုင်ရာ အကြီးအကဲ Mr. Sigve Brekke က ကတိပြု ပြောကြားထားသည်။

အခြားယှဉ်ပြိုင်ဘက်များ
အာဖရိကတိုက်၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော MTN (Dubai) ဦးဆောင်သည့် M1 Telecom၊ Amara Communications တို့ ပါဝင်သည့် အဖွဲ့မှာလည်း အင်အားကောင်းကောင်းနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်တစ်နေရာ ရရှိရေးအတွက် ယှဉ်ပြိုင်နေသည့်အဖွဲ့ ဖြစ်ပြီး ပြည်တွင်း မီဒီယာများတွင် ကြော်ငြာများ ထည့်သွင်းမှုကြောင့် လတ်တစ်လော လူသိများလာခဲ့သည်။
“MNT အနေနဲ့ ဘာတွေလုပ်ခဲ့တယ် ဘာတွေလုပ်နိုင်တယ်ဆိုတာ ပြောပြီး ပါပြီ။ အဲ့ဒီအတွက် လိုင်စင် တစ်နေရာက ကျွန်တော်တို့အတွက်ပဲ ဖြစ်ပါ လိမ့်မယ်။ စကားပုံတစ်ခုထဲက လိုပဲ လက်တွေ့လုပ်ထားတာ ဘာမှမရှိဘဲ အိပ်မက်တွေအများကြီး ပေးနေကြတာတွေ ကိုတော့ တင်ဒါကော်မတီ အနေနဲ့ သေချာ သုံးသပ်နိုင်ဖို့ လိုပါတယ်” ဟု MTN Group ၏ အထွေထွေမန်နေဂျာ Simphiwe Cele က ပြောကြားသည်။

ယင်းသို့ပင် အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် ဦးဆောင်နေသည့် Bharti Airtel သည်လည်း နောက်ဆုံးအဆင့် ယှဉ်ပြိုင်သည့်အဖွဲ့များအတွင်း ပါဝင်ခဲ့ပြီး အခြားအဖွဲ့ပေါင်း ၁၁ ဖွဲ့နှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။
Bharti Airtel သည် လက်ရှိအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သိရီလင်္ကာနှင့် အာဖရိကတိုက် နေရာအချို့တွင် ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ အင်အားကောင်းသည့် ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။
သို့သော်၎င်းတို့မှာ မြန်မာနိုင်ငံ ဈေးကွက်အတွင်း လှုပ်ရှားမှုများ မရှိသလောက်ဖြစ်နေ၍ ဦးစားပေး စာရင်းမှ ဖယ်ထားခံရနိုင်သည်ဟုလည်း ခန့်မှန်း ပြောဆိုနေကြသည်။

ကျန်ရှိနေသည့် SingTel၊ Royal Myanmar Transport Co. (KBZ) နှင့် M-Tel တို့ပေါင်းထားသည့် အဖွဲ့တွင်လည်း စင်ကာပူအခြေစိုက် အားကောင်းသည့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော SingTel ပါဝင်နေသည်ဖြစ်ရာ အလားအလား ရှိသည်ဟု ဆိုနိုင်သည်။

ရွေးချယ်ပုံနှင့် လတ်တလော အခြေအနေ
ဆက်သွယ်ရေး တင်ဒါကော်မတီက ယှဉ်ပြိုင်သည့် အဖွဲ့ဆယ့်တစ်ခုမှ တင်ဒါပေးအပ်မည့် အဖွဲ့နှစ်ခု ကိုရွေးချယ်ရာတွင် နည်းပညာ ကျွမ်းကျင် နိုင်နင်းမှုအတွက် ၆၇ မှတ် နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံနိုင်မှု အထူးသဖြင့် တစ်ဆယ့်ငါးနှစ်စာ လိုင်စင်ကြေးအတွက် အများဆုံး ၃၃ မှတ်အထိ ပေးထားကာ ယင်း နှစ်ချက်ပေါ်တွင် အခြေခံ ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရာ အဆိုပါ ၁၁ ဖွဲ့တွင် အင်အားကြီးအဖွဲ့များသာ ရရှိမည့် အနေအထားဖြစ်သည်။

“တင်ဒါကော်မတီအနေနဲ့ကတော့ တစ်ရာ ရာခိုင်နှုန်းမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့ မြန်မာ ပြည်သူတွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်မယ့် နည်းပညာနဲ့ ငွေကြေးမှာလည်း အင်အား အကြီးဆုံးသူကိုပဲ ရွေးချယ်သွားမှာပါ။ ဒီတင်ဒါဟာ နိုင်ငံ့ဂုဏ်သိက္ခာနဲ့လည်း သက် ဆိုင်နေပါတယ်” ဟု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် တင်ဒါရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင် က ပြောကြားသည်။

သို့သော်အများစုမှာ အင်အားကြီး ကုမ္ပဏီများဖြစ်နေသဖြင့် မည်သည့်အဖွဲ့ လိုင်စင်ရမည်ဆိုသည်မှာ ခန့်မှန်းရ ခက်ခဲသည့်အနေအထားဖြစ်ပြီး ကုမ္ပဏီကြီးများအနေနှင့်လည်း လိုင်စင်နှစ်နေရာတွင် တစ် နေရာရရှိရေး အားကုန်ထုတ် ယှဉ်ပြိုင်ရမည့် အနေအထား ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်မှု အနေအထားသည် လွန်စွာ နိမ့်ကျလျက်ရှိပြီး လူဦးရေသန်း ၆၀ ခန့်တွင် ၁၀ ရာခိုင်နှုန်းနီးပါးသာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်သေးသည်။
သို့ဖြစ်ရာ ပြည်ပမှ လာရောက်ပြီး ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်း ကောင်းများ ရရှိနိုင်သည့်နေရာ တစ်နေရာဟုလည်း ဆိုနိုင်သည်။

ကမ္ဘာ့ဆက်သွယ်ရေး ဈေးကွက်တွင် နောက်ဆုံးလက်ကျန် ဈေးကွက်ကြီးအဖြစ် သတ်မှတ်ရသည် အထိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး
ဈေးကွက်ကြီးကြီးမားမား ကျန်ရှိနေသေးခြင်း ကပင် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများအတွက် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရေး အပြိုင်ကြဲနေကြခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာလှသည်။ အစိုးရက တန်ဖိုးနည်း
SIM ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလကတည်းက မဲဖောက်ပြီး ရောင်းချ ပေးနေသော်လည်း ဖုန်းကတ်ရပြီး ဖုန်းဝယ်သုံးနိုင်မည့် အရေးအတွက် အခက်တွေ့နေသူတွေများ လှသည်။
ဖုန်းကတ် မဲပေါက်ပြီးမှ ဖုန်းမဝယ်နိုင်သည့် သူများအတွက် ထီပေါက်ပြီး ထီလက် မှတ်ပျောက်သလို ဖြစ်နေသည်ဟု ဆိုသူများပင်ရှိနေသည်။

ယင်းအခြေအနေကို ဆဝါးမိသည့် ပုဂ္ဂလိကကုမ္ပဏီများ လုပ်ပိုင်ခွင့်ရသွားလျှင် မြန်မာ့ဆက်သွယ်ရေး အနေအထားကို သုံးသပ်ကာ ပြုပြင် ပြောင်းလဲလိုက်ပါက မြန်မာနိုင်ငံသည် ဆက်သွယ်မှုအဖွံ့ဖြိုး အတိုးတက်ဆုံး နိုင်ငံဘဝ ရောက်သွားနိုင်သည်ဟု စီးပွားရေးပညာရှင်များက လေ့လာသုံးသပ် ကြ သည်။

အနိမ့်ဆုံးဝန်ဆောင်မှုနှင့် မြင့်မားသော ဝန်ဆောင်စရိတ်
ကောက်ခံနေသည့် မြန်မာ့ဆက်သွယ်ရေး MPT အတွက်လည်း နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် အပြိုင် ယှဉ်ပြိုင်ရမည့် အနေအထားမှာ အခြေအနေ ကောင်းလှသည်တော့ မဟုတ်။သို့သော်ဈေးကွက်တွင်
ဆက်လက် အသက်ဆက်ရေး MPT ၏ မူဟောင်းများကို စွန့်လွှတ် ရမည်မှာ သေချာသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်နှစ်နေရာ အတွက် အပြိုင် လုနေသည့် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခုအနက် တင်ဒါအောင်မြင်သူ နှစ်ဦးကို ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာပြီး သည့်နောက် စက်တင်ဘာလမတိုင်မီ လိုင်စင်ချထားပေးရန် အပြီးသတ်စာချုပ်ချုပ်ဆို ဆောင်ရွက်သွားမည် ဖြစ်သည်။
ယင်းမှာ အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်နေ၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် နှစ်နေရာ မည်သူတို့ ရရှိသွားမည်ဆိုသည်မှာ ကမ္ဘာကရော မြန်မာနိုင်ငံသားများကပါစိတ်ဝင်တစား စောင့်ကြည့်နေကြ သည်။

“ဥရောပကတစ်ခု အာရှကတစ်ခု ရစေချင်တယ်။ အနောက်ဘက်ကဆို Telenor နဲ့ Digicel ရှိတယ်။ အာရှမှာဆို ကာလကြာရှည် မိတ်ဖက်တွေဖြစ်ခဲ့တဲ့ ဂျပန်ကို ရစေချင်တယ်။ အဲ့ဒီ နှစ်ခုရမယ်ဆို အရည်အသွေးနဲ့ CSR ကိစ္စတွေမှာ တော်တော်စိတ်ချရနိုင်တယ်” ဟု စင်ကာပူနိုင်ငံ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးမှ အိုင်တီဌာန တာဝန်ခံ ဒေါ်ပန်းမြတ်ဖြိုးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း အတွက် ရင်ခုန်စရာကောင်းသည့် အခြေအနေတစ်ခုသို့ မကြာမီ ရောက်လာတော့မည် ဖြစ်သည်။ လူတိုင်းနှင့် သက်ဆိုင်နေသည့် အတွက်လည်း စိတ်ဝင်စားစွာ စောင့်ကြည့် နေခဲ့ကြသည်။

ဆုံးဖြတ်ချက်ချရန် ရက်သတ္တပတ် အနည်းသာလိုတော့ချိန် ကုမ္ပဏီများမှာ ကမ္ဘာ့နောက်ဆုံး ဆက်သွယ်ရေး ဈေးကွက် ဝေစုရရေး အပြိုင် မဲဆွယ်နေကြပြီဖြစ်သည်။ ဇွန်လ ၃ ရက်နေ့တွင် ပိတ်လိုက်ပြီးနောက် မဲဆွယ်ပွဲများ အပြိုင်လာတော့မည်။
ပန်းပန်မည့်သူကား မကြာမီ အဖြေထွက်တော့မည်။
“ကျွန်တော်တို့ MPT နဲ့ပြိုင်မယ်။ သာသူစားစတမ်းပေါ့” ဟု KDDI အကြီးတန်း မန်နေဂျာက ဆိုလေ သည်။

နောက်ဆုံးအဆင့်ယှဉ်ပြိုင်မည့် ကုမ္ပဏီ၁၁ခု
(1) KDDI Corporation + Sumitomo Corporation + MICTDC + A1 Construction
(2) Digicel Group + Quantum Strategic Partners + YSH Finance
(3) Telenor Mobile Communications
(4) SingTel + Royal Myanmar Transport Co. (KBZ) + M-Tel
(5) MTN (Dubai) + M1 Telecom + Amara Communications
(6) Bharti Airtel
(7) Axiata Group
(8) France Telecom Orange + Marubeni Corporation
(9) Millicom International Cellular
(10) Qtel (“Ooredoo”)
(11) Viettel Group

The Voice Weekly
(ကျော်ဆန်းမင်း၊ နော်ကိုကို)
နောက်ဆုံးအဆင့်သို့ ဝင်ပြိုင်ခွင့်ရှိသည့် ကုမ္ပဏီပေါင်း ၁၂ ခုတွင် Vodafone နှင့် China Mobile ကုမ္ပဏီကြီးများအဖွဲ့က နုတ်ထွက် သွားပြီဖြစ်ရာ မြန်မာ့ဆက်သွယ်ရေး လိုင်စင် နှစ်နေရာလုပွဲ တွင် နိုင်ငံ တကာ နာမည်ကျော် ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခု အကြိတ်အနယ် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအတွက် ရွေးချယ် မည့် နှစ်နေရာကို လာမည့်ဇွန်လ ၂၇ ရက်နေ့တွင် ကြေညာတော့မည်ဖြစ်ရာ အဆိုပါ ကုမ္ပဏီကြီး ၁၁ ခုမှာလည်း လူထုအား ရရှိနိုင်ရေး ခြေလှမ်း သွက်သွက်ဖြင့် လှုပ်ရှားလာကြသည်။

အထူးခြားဆုံးနှင့် ထင်ပေါ်မှု အရှိဆုံးမှာ Digicel
ဂျာမေကာ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Digicel သည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိရေး ရန်ကုန်မြို့အတွင်း အင်နှင့် အားနှင့် ကြော်ငြာမှုများကို ပြုလုပ်လျက်ရှိသည်။

ယင်းလုပ်ဆောင်မှုများ ကြောင့်ပင် ၎င်းတို့မှာ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် တစ်နေရာအတွက် မြန်မာ လူထုအကြား ရေပန်းအစားဆုံး၊ ထင်ကြေးအပေး ခံရဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာသည်။

လိုင်စင်ရသည်နှင့် တစ်ပြိုင်နက် တည်ဆောက်ရေးလုပ်ငန်းများ ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်နေ့တွင် 4G စနစ်သုံး မိုဘိုင်းလ်ဖုန်းများကို ဖြန့်ချိသွားမည်ဖြစ်ကာ ယင်းသို့ ဆောင်ရွက်နိုင် ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ဝန်ထမ်းများ ခေါ်ယူလျက်ရှိကြောင်း၊ စုစုပေါင်း ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr. Denis O’Brien က ပြောကြားလိုက် သည်။

Digicel ကို တစ်ချိန်က တပ်မတော်အစိုးရ အတိုက်အခံများကို အထောက် အပံ့များစွာ ပေးခဲ့သော အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ်က နောက်ခံပြုထားပြီး မြန်မာနိုင်ငံ ရိုးမကုမ္ပဏီ အုပ်စုနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။

Digicel သည် လိုင်စင်ရရန် အခွင့်အလမ်းသာသည့်အပြင် လိုင်စင်ရလျှင် ဘာလုပ်ပေးမည်ဆိုသည့် ကတိစကားများနှင့် ဈေးကွက်ထိုးဖောက်မှုကို ယခုရက်ပိုင်းအတွင်း အပြင်းအထန် ပြုလုပ်လျက်ရှိသည်။

မျှတရင်ရရမယ်ဆိုသည့် MICTDC
“လိုင်စင်ရကိုရမယ်။ မရရင် ဘာလို့တင်မှာလဲ။ အစိုးရနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကို မျှမျှတတ ရွေးချယ် ဖို့ တစ်ခုပဲ ကျွန်တော်တို့ တောင်းဆို ထားတယ်။ မမျှမတလုပ်ရင်လည်း ပြန်တုန့်ပြန် သွားမှာပါ” ဟု ယုံကြည်မှု အပြည့်နှင့် ပြောလိုက်သည်က MICTDC ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းဦး ဖြစ်သည်။

ပြည်တွင်း အိုင်တီကုမ္ပဏီအများစု ပေါင်းစည်းထားသည့် အများပိုင်ကုမ္ပဏီ MICTDC (Myanmar ICT Development Company) နှင့် ဂျပန် ကုမ္ပဏီကြီးနှစ်ခု ဖြစ်သည့် KDDI၊ Sumitomo၊ မြန်မာနိုင်ငံ ၏ ဆောက် လုပ်ရေးနှင့် အိုင်တီကုမ္ပဏီ A1 Construction တို့ ပူးပေါင်းထားသည့် အဖွဲ့မှာ လှုပ်ရှားမှု နည်းသည့်အတွက် လူသိနည်းနေသေးသည့် အဖွဲ့တစ်ခုဖြစ်သော်လည်း ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် နှစ်နေရာ အတွက် ကုမ္ပဏီများစာရင်း တင်သွင်းမှု ပိတ်လိုက်ပြီး နာရီပိုင်းအကြာ ထုတ်ပြန် ပြောကြားလိုက်သည့် ဦးသိန်းဦး၏စကားကြောင့် အိုင်တီသမားများ၊ မီဒီယာများကို သတိထား မိ စေခဲ့သည်။

A1 Construction ကုမ္ပဏီသည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် အိုင်တီလုပ်ငန်းများ ဆောက်ရွက် လျက်ရှိကာ ရတနာပုံ Fiber Optic Cable စက်ရုံကို တည်ထောင်ထားသည့်အပြင် မြန်မာနိုင်ငံ ဆက်သွယ်ရေး ကွန်ရက်တွင် လက်ရှိ အသုံးပြုနေသည့် မြေအောက်ဖိုက်ဘာ ကေဘယ်လ် များ ချထား ခြင်းကို အဓိက ဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်သည်။

ထို့ပြင် Sumitomo Corporation သည် မြန်မာနိုင်ငံ၏မြို့ ကြီးသုံးမြို့တွင် 4G ကွန်ရက်တည်ဆောက် ရန် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် လတ်တစ်လောစာချုပ် ချုပ်ဆိုထားသည့် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး အခြေခံအဆောက်အဦ များကို တာဝန်ယူ တည်ဆောက် လျက် ရှိသည်။

“ကျွန်တော်တို့ကလုပ်မယ်ဆို ဖြစ်အောင်လုပ်ပါမယ်။ဒီက MICTDC နဲ့ A1 တို့ကလည်း အတွေ့အကြုံ နဲ့ ကျွမ်းကျင်မှုတွေ အပြည့်ရှိပြီးသားဆိုတော့ လိုင်စင်ရဖို့ပဲ တွေးထားပါတယ်။ လက်ရှိမှာလည်း Sumitomo က မြန်မာ့ ဆက်သွယ်ရေးကဏ္ဍအတွက် အရေးပါတဲ့ စီမံကိန်းတွေကို စတင် တည်ဆောက်နေပါပြီ” ဟု KDDI အမှုဆောင်အရာရှိချုပ် Mr. Hidehiko Tajima က ပြောကြားသည်။

ယင်းအပြင် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ထောက်ပံ့မှုများနှင့် ဂျပန်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်တို့မှာ မြန်မာနိုင်ငံတွင် ဝင်ရောက် လုပ်ကိုင်လိုသည့် ဂျပန်ကုမ္ပဏီများ အတွက် အထောက်အပံ့ ကောင်း များဖြစ်ရာ ကမ္ဘာကျော် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် KDDI၊ Sumitomo တို့နှင့် ပူးပေါင်းထားသည့် MICTDC မှာ ယင်းကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းဦး ပြောသကဲ့သို့ပင် စိတ်ချရသည့် အနေအထား ဖြစ်နေသည်။သို့သော်ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်နှစ်နေရာ ရရှိရေးမှာ ထင်သလောက်မလွယ်။

အင်အားကြီး Telenor
မြန်မာ့ ဒီမိုကရေစီ ဖော်ဆောင်ရေးတွင် အရေးပါသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ထောက်ပံ့နေသည့် နော်ဝေနိုင်ငံမှ Telenor Group သည်လည်း လိုင်စင်ရရေးအတွက်
လျော့တွက်မရသည့်ကုမ္ပဏီ တစ်ခုဖြစ်နေသည်။

Telenor Group မှာ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၉၉ ရာခိုင်နှုန်း အထိ ရရှိစေမည်။ တယ်လီဖုန်း SIM ကတ် များကို အခမဲ့ပေးမည်။ ဖုန်းခေါ်ဆိုခများကိုလည်း အသက်သာဆုံးဖြစ်စေရန် ဖန်တီးပေးမည် ဆိုသည့် ကတိစကားများဖြင့် လိုင်စင်လုပွဲသို့ ဝင်လာခြင်းဖြစ်ပြီး ပြည်တွင်း မီဒီယာများ တွင် အင်တိုက်အားတိုက် ကြော်ငြာနိုင်ခြင်းကြောင့် မြန်မာလူထုအကြား
ရေပန်းစားနေသည့်ကုမ္ပဏီ တစ်ခုလည်းဖြစ်သည်။

တစ်မိနစ်လျှင် ကျပ် ၃၀ ဝန်းကျင်ခန့်ဖြင့် ဖုန်းပြောဆိုနိုင်ရန် ဆောင်ရွက် မည်ဖြစ်ကာ ဒေသခံမြန်မာ လူမျိုး ဝန်ထမ်းဦးရေကို ၉၉ ရာခိုင်နှုန်းအထိ ခန့်အပ်သွားမည်ဖြစ်ကြောင်း Telenor Group ၏ အာရှ ဒေသ လုပ်ငန်းများ ဆိုင်ရာ အကြီးအကဲ Mr. Sigve Brekke က ကတိပြု ပြောကြားထားသည်။

အခြားယှဉ်ပြိုင်ဘက်များ
အာဖရိကတိုက်၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော MTN (Dubai) ဦးဆောင်သည့် M1 Telecom၊ Amara Communications တို့ ပါဝင်သည့် အဖွဲ့မှာလည်း အင်အားကောင်းကောင်းနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်တစ်နေရာ ရရှိရေးအတွက် ယှဉ်ပြိုင်နေသည့်အဖွဲ့ ဖြစ်ပြီး ပြည်တွင်း မီဒီယာများတွင် ကြော်ငြာများ ထည့်သွင်းမှုကြောင့် လတ်တစ်လော လူသိများလာခဲ့သည်။

“MNT အနေနဲ့ ဘာတွေလုပ်ခဲ့တယ် ဘာတွေလုပ်နိုင်တယ်ဆိုတာ ပြောပြီး ပါပြီ။ အဲ့ဒီအတွက် လိုင်စင် တစ်နေရာက ကျွန်တော်တို့အတွက်ပဲ ဖြစ်ပါ လိမ့်မယ်။ စကားပုံတစ်ခုထဲက လိုပဲ လက်တွေ့လုပ်ထားတာ ဘာမှမရှိဘဲ အိပ်မက်တွေအများကြီး ပေးနေကြတာတွေ ကိုတော့ တင်ဒါကော်မတီ အနေနဲ့ သေချာ သုံးသပ်နိုင်ဖို့ လိုပါတယ်” ဟု MTN Group ၏ အထွေထွေမန်နေဂျာ Simphiwe Cele က ပြောကြားသည်။

ယင်းသို့ပင် အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းတွင် ဦးဆောင်နေသည့် Bharti Airtel သည်လည်း နောက်ဆုံးအဆင့် ယှဉ်ပြိုင်သည့်အဖွဲ့များအတွင်း ပါဝင်ခဲ့ပြီး အခြားအဖွဲ့ပေါင်း ၁၁ ဖွဲ့နှင့် ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

Bharti Airtel သည် လက်ရှိအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သိရီလင်္ကာနှင့် အာဖရိကတိုက် နေရာအချို့တွင် ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ အင်အားကောင်းသည့် ဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ သို့သော်၎င်းတို့မှာ မြန်မာနိုင်ငံ ဈေးကွက်အတွင်း လှုပ်ရှားမှုများ မရှိသလောက်ဖြစ်နေ ၍ ဦးစားပေး စာရင်းမှ ဖယ်ထားခံရနိုင်သည်ဟုလည်း ခန့်မှန်း ပြောဆိုနေကြသည်။

ကျန်ရှိနေသည့် SingTel၊ Royal Myanmar Transport Co. (KBZ) နှင့် M-Tel တို့ပေါင်းထားသည့် အဖွဲ့တွင်လည်း စင်ကာပူအခြေစိုက် အားကောင်းသည့် ဆက်သွယ်ရေးကုမ္ပဏီဖြစ်သော SingTel ပါဝင်နေသည်ဖြစ်ရာ အလားအလား ရှိသည်ဟု ဆိုနိုင်သည်။

ရွေးချယ်ပုံနှင့် လတ်တလော အခြေအနေ
ဆက်သွယ်ရေး တင်ဒါကော်မတီက ယှဉ်ပြိုင်သည့် အဖွဲ့ဆယ့်တစ်ခုမှ တင်ဒါပေးအပ်မည့် အဖွဲ့နှစ်ခု ကိုရွေးချယ်ရာတွင် နည်းပညာ ကျွမ်းကျင် နိုင်နင်းမှုအတွက် ၆၇ မှတ် နှင့် ငွေကြေး ရင်းနှီးမြှုပ်နှံနိုင်မှု အထူးသဖြင့် တစ်ဆယ့်ငါးနှစ်စာ လိုင်စင်ကြေးအတွက် အများဆုံး ၃၃ မှတ်အထိ ပေးထားကာ ယင်း နှစ်ချက်ပေါ်တွင် အခြေခံ ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရာ အဆိုပါ ၁၁ ဖွဲ့တွင် အင်အားကြီးအဖွဲ့များသာ ရရှိမည့် အနေအထားဖြစ်သည်။

“တင်ဒါကော်မတီအနေနဲ့ကတော့ တစ်ရာ ရာခိုင်နှုန်းမျှတပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ငန်း စဉ်တွေနဲ့ မြန်မာ ပြည်သူတွေအတွက် အကောင်းဆုံး လုပ်ပေးနိုင်မယ့် နည်းပညာနဲ့ ငွေကြေးမှာ လည်း အင်အား အကြီးဆုံးသူကိုပဲ ရွေးချယ်သွားမှာပါ။ ဒီတင်ဒါဟာ နိုင်ငံ့ဂုဏ်သိက္ခာနဲ့လည်း သက် ဆိုင်နေပါတယ်” ဟု ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် တင်ဒါရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင် က ပြောကြားသည်။

သို့သော်အများစုမှာ အင်အားကြီး ကုမ္ပဏီများဖြစ်နေသဖြင့် မည်သည့်အဖွဲ့ လိုင်စင်ရမည်ဆိုသည်မှာ ခန့်မှန်းရ ခက်ခဲသည့်အနေအထားဖြစ်ပြီး ကုမ္ပဏီကြီးများအနေနှင့်လည်း လိုင်စင်နှစ်နေရာတွင် တစ် နေရာရရှိရေး အားကုန်ထုတ် ယှဉ်ပြိုင်ရမည့် အနေအထား ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်မှု အနေအထားသည် လွန်စွာ နိမ့်ကျလျက်ရှိပြီး လူဦးရေသန်း ၆၀ ခန့်တွင် ၁၀ ရာခိုင်နှုန်းနီးပါးသာ မိုဘိုင်းလ်ဖုန်း သုံးစွဲနိုင်သေးသည်။ သို့ဖြစ်ရာ ပြည်ပမှလာရောက်ပြီး ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်လိုသူများအတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်သည့်နေရာ တစ်နေရာ ဟုလည်း ဆိုနိုင်သည်။

ကမ္ဘာ့ဆက်သွယ်ရေး ဈေးကွက်တွင် နောက်ဆုံးလက်ကျန် ဈေးကွက်ကြီးအဖြစ် သတ်မှတ်ရသည် အထိ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဈေးကွက်ကြီးကြီးမားမား ကျန်ရှိနေသေးခြင်း ကပင် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများအတွက် မြန်မာနိုင်ငံ တွင် လုပ်ကိုင်ခွင့်ရရေး အပြိုင်ကြဲနေကြခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာလှသည်။ အစိုးရက တန်ဖိုးနည်း 

SIM ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလကတည်းက မဲဖောက်ပြီး ရောင်းချ ပေးနေသော်လည်း ဖုန်းကတ်ရပြီး ဖုန်းဝယ်သုံးနိုင်မည့် အရေးအတွက် အခက်တွေ့နေသူတွေများ လှသည်။

ဖုန်းကတ် မဲပေါက်ပြီးမှ ဖုန်းမဝယ်နိုင်သည့် သူများအတွက် ထီပေါက်ပြီး ထီလက် မှတ်ပျောက်သလို ဖြစ်နေ သည် ဟု ဆိုသူများပင်ရှိနေသည်။

ယင်းအခြေအနေကို ဆဝါးမိသည့် ပုဂ္ဂလိကကုမ္ပဏီများ လုပ်ပိုင်ခွင့်ရသွားလျှင် မြန်မာ့ဆက်သွယ်ရေး အနေအထားကို သုံးသပ်ကာ ပြုပြင် ပြောင်းလဲလိုက်ပါက မြန်မာနိုင်ငံသည် ဆက်သွယ်မှုအဖွံ့ဖြိုး အတိုး တက်ဆုံး နိုင်ငံ ဘဝ ရောက်သွားနိုင်သည်ဟု စီးပွားရေးပညာရှင်များက လေ့လာသုံးသပ် ကြ သည်။

အနိမ့်ဆုံးဝန်ဆောင်မှုနှင့် မြင့်မားသော ဝန်ဆောင်စရိတ်
ကောက်ခံနေသည့် မြန်မာ့ဆက်သွယ်ရေး MPT အတွက်လည်း နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများနှင့် အပြိုင် ယှဉ်ပြိုင်ရမည့် အနေအထားမှာ အခြေအနေ ကောင်းလှသည်တော့ မဟုတ်။သို့သော်ဈေးကွက်တွင်
ဆက်လက် အသက်ဆက်ရေး MPT ၏ မူဟောင်းများကို စွန့်လွှတ် ရမည်မှာ သေချာသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်နှစ်နေရာ အတွက် အပြိုင် လုနေသည့် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီကြီး ၁၁ ခုအနက် တင်ဒါအောင်မြင်သူ နှစ်ဦးကို ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာပြီး သည့်နောက် စက်တင်ဘာလမတိုင်မီ လိုင်စင်ချထားပေးရန် အပြီးသတ်စာချုပ်ချုပ် ဆို ဆောင်ရွက်သွားမည် ဖြစ်သည်။

ယင်းမှာ အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်နေ၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် နှစ်နေရာ မည်သူတို့ ရရှိသွားမည်ဆိုသည်မှာ ကမ္ဘာကရော မြန်မာနိုင်ငံသားများကပါ စိတ်ဝင်တစား စောင့်ကြည့်နေ ကြ သည်။
“ဥရောပကတစ်ခု အာရှကတစ်ခု ရစေချင်တယ်။ အနောက်ဘက်ကဆို Telenor နဲ့ Digicel ရှိတယ်။ အာရှမှာဆို ကာလကြာရှည် မိတ်ဖက်တွေဖြစ်ခဲ့တဲ့ ဂျပန်ကို ရစေချင်တယ်။ အဲ့ဒီ နှစ်ခုရမယ်ဆို အရည်အသွေးနဲ့ CSR ကိစ္စတွေမှာ တော်တော်စိတ်ချရနိုင်တယ်” ဟု စင်ကာပူနိုင်ငံ အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးမှ အိုင်တီဌာန တာဝန်ခံ ဒေါ်ပန်းမြတ်ဖြိုးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း အတွက် ရင်ခုန်စရာကောင်းသည့် အခြေအနေတစ်ခုသို့ မကြာမီ ရောက်လာတော့မည် ဖြစ်သည်။ လူတိုင်းနှင့် သက်ဆိုင်နေသည့် အတွက်လည်း စိတ်ဝင်စား စွာ စောင့်ကြည့် နေခဲ့ကြသည်။

ဆုံးဖြတ်ချက်ချရန် ရက်သတ္တပတ် အနည်းသာလိုတော့ချိန် ကုမ္ပဏီများမှာ ကမ္ဘာ့နောက်ဆုံး ဆက်သွယ်ရေး ဈေးကွက် ဝေစုရရေး အပြိုင် မဲဆွယ်နေကြပြီဖြစ်သည်။ ဇွန်လ ၃ ရက်နေ့တွင် ပိတ်လိုက်ပြီးနောက် မဲဆွယ်ပွဲများ အပြိုင်လာတော့မည်။

ပန်းပန်မည့်သူကား မကြာမီ အဖြေထွက်တော့မည်။
“ကျွန်တော်တို့ MPT နဲ့ပြိုင်မယ်။ သာသူစားစတမ်းပေါ့” ဟု KDDI အကြီးတန်း မန်နေဂျာက ဆိုလေ သည်။

နောက်ဆုံးအဆင့်ယှဉ်ပြိုင်မည့် ကုမ္ပဏီ၁၁ခု
(1) KDDI Corporation + Sumitomo Corporation + MICTDC + A1 Construction
(2) Digicel Group + Quantum Strategic Partners + YSH Finance
(3) Telenor Mobile Communications
(4) SingTel + Royal Myanmar Transport Co. (KBZ) + M-Tel
(5) MTN (Dubai) + M1 Telecom + Amara Communications
(6) Bharti Airtel
(7) Axiata Group
(8) France Telecom Orange + Marubeni Corporation
(9) Millicom International Cellular
(10) Qtel (“Ooredoo”)
(11) Viettel Group

The Voice Weekly

No comments:

Post a Comment